အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတဲ့ ဖခင်ကြီးကိုအနီးကပ်ပြုစုစောင့်ရှောက်နေရလို့ ဇာတ်ကားတွေမရိုက်ဖြစ်တော့ဘူးဆိုတဲ့ ခိုင်သင်းကြည်

Celebrity Local News
အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတဲ့ ဖခင်ကြီးကိုအနီးကပ်ပြုစုစောင့်ရှောက်နေရလို့ ဇာတ်ကားတွေမရိုက်ဖြစ်တော့ဘူးဆိုတဲ့ ခိုင်သင်းကြည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတဲ့ ဖခင်ကြီးကိုအနီးကပ်ပြုစုစောင့်ရှောက်နေရလို့ ဇာတ်ကားတွေမရိုက်ဖြစ်တော့ဘူးဆိုတဲ့ ခိုင်သင်းကြည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတဲ့ ဖခင်ကြီးကိုအနီးကပ်ပြုစုစောင့်ရှောက်နေရလို့ ဇာတ်ကားတွေမရိုက်ဖြစ်တော့ဘူးဆိုတဲ့ ခိုင်သင်းကြည်

ပရိသတ်ကြီးရေ… သရုပ်ဆောင်ခိုင်သင်းကြည်ကတော့ အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ခိုင်သင်း ကြည်ဟာ အနုပညာလောကနဲ့ အလှမ်းဝေးနေတာကြာ ခဲ့ပြီဖြစ်သလို ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့တာ အတော်လေးကြာခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခိုင် သင်းကြည်က သူမအနေနဲ့ ဇာတ်ကားတွေမရိုက်ကူးဖြစ် တော့တဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

 

ခိုင်သင်းကြည်က “မင်္ဂလာပါရှင် Fb မသုံးဖြစ်တဲ့၁နှစ်ခွဲလောက်ကာလအတွင်းအလှပုံတွေလဲမတင်ဖြစ်သလို၊အနုပညာအလုပ်တွေလဲမလုပ်ဖြစ်တော့ ပရိတ်သတ်
တွေနဲ့လဲအဆက်အသွယ်ပြတ်သလိုဖြစ်သွားပါတယ်။အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ဖခင်ကြီးနားမှာဘဲနေပြီးပြုစုနေတာ၂နှစ်နီးပါးရှိပါပြီ၊တဖြည်းဖြည်းနဲ့အခုချိန်မှာတော့အိပ်ရာပေါ်မှာဘဲအကူမပါရင်မထနိုင်တော့သလို၊အစားအသောက်လဲခွန့်ကြွေးမှစားနိုင်ပါတော့တယ်။ Nurse တွေရှိပေမဲ့လည်းအဖေ့ရဲ့နောက်ဆုံးအချိန်လေးမှာကိုယ်တိုင်အနားမှာနေပြီးပြုစုပေးချင်တာကြောင့်ရုပ်ရှင်၊ဇာတ်လမ်းတွဲတွေလိုအချိန်အကြာကြီးပေးရတဲ့အလုပ်တွေလုံးဝမလုပ်နိုင်တော့တာပါနော်၊အားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေရှင် ” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ အဆုတ်ကင်ဆာနောက်ဆုံး အဆင့်ဖြစ်နေတဲ့ ဖခင်ကို အနီးကပ်ပြုစုစောင့်ရှောက်နေ တာမို့ အချိန်ပေးရိုက်ကူးရမယ့် ဇာတ်ကားတွေ ရုပ်ရှင် လုံးဝမလုပ်နိုင်တော့ဘူးလို့ ပရိသတ်တွေတွေဘက်ကို အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။