“အမျိုးသားတို့ ဖြစ်ပွားတတ်သော ပန်းညှိုးခြင်း၊ သုတ်လွတ်မြန်ခြင်း၊ ပန်းသေနေခြင်းတို့ကို လျော့ချပေးနိုင်သော မြန်မာတိုင်းရင်းဆေးနည်း”

Health Knowledge
“အမျိုးသားတို့ ဖြစ်ပွားတတ်သော ပန်းညှိုးခြင်း၊ သုတ်လွတ်မြန်ခြင်း၊ ပန်းသေနေခြင်းတို့ကို လျော့ချပေးနိုင်သော မြန်မာတိုင်းရင်းဆေးနည်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အမျိုးသားတို့ ဖြစ်ပွားတတ်သော ပန်းညှိုးခြင်း၊ သုတ်လွတ်မြန်ခြင်း၊ ပန်းသေနေခြင်းတို့ကို လျော့ချပေးနိုင်သော မြန်မာတိုင်းရင်းဆေးနည်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အမျိုးသားတို့ ဖြစ်ပွားတတ်သော ပန်းညှိုးခြင်း၊ သုတ်လွတ်မြန်ခြင်း၊ ပန်းသေနေခြင်းတို့ကို လျော့ချပေးနိုင်သော မြန်မာတိုင်းရင်းဆေးနည်း”


အချို့ အိမ်ထောင်သည်အမျိုးသားများတွင် လျှို့ဝှက်သော ရောဂါတို့ဖြင့် ရင်ဆိုင်နေရတတ်ပါ၏။

များသောအားဖြင့် ထိုရောဂါမှာ လိင်ပိုင်းဆိုင်ရာ ရောဂါဖြစ်ပါသည်။ ထိုသို့ဆိုပါလျှင် မြန်မာလူမျိုးများအနေဖြင့်အမျိုးသားများနှင့် အမျိုးသမီးများပါ တွန့်ဆုတ်သွားတတ်ပြန်သည်။အကြောင်းကား အရှက်အကြောက်ကြီးခြင်းပင် ဖြစ်သည်။

မိသားစုဘ၀ အိမ်ထောင်သုခ ပြည့်စုံစေရေးသည် ဘဝတစ်ခု၏ မီးရှူးတန်ဆောင်နှင့်လည်း တူလှသည်။

အမျိုးသားများသည် မိမိလိင်ပိုင်းဆိုင်ရာ အားနည်းချက်အား ပွင့်ပွင့်လင်းလင်း မပြောလိုကြပေ။ အချို့မှာ အချိန်မတိုင်မီ သုက်လွတ်စောခြင်း၊ ပန်းသေခြင်း၊ ပန်းညှိုး၊ မြန်ခြင်းအပြင် အခြားသော လိင်ပိုင်းဆိုင်ရာ အားနည်းမှုများ ရှိနေတတ်ပါသည်။

အဆိုပါ လက္ခဏာရပ်များကို စုပေါင်း၍ပြောရပါမူ ကာမအားနည်းရောဂါဟု ဆိုရပါလိမ့်မည်။ အဆိုပါရောဂါတို့ ဖြစ်ပေါ်နေပါက လွယ်ကူစွာဖြေရှင်းနိုင်သော ဆေးဖက်ဝင် အပင်အချို့ကို တင်ပြရပါမူ

ကသစ်။ ။ကသစ်ပွင့် နှင့် အမြစ်ကို အိမ်တွင်းကုသဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ ကသစ်အပွင့် နှင့် အမြစ်ကို ဆတူယူ၍ ထုထောင်းပြီး ရရှိသောအဖတ်များကို နွားနို့စစ်တွင် စိမ်ပါ။

ရရှိသော နို့စိမ်ရည်ကို နံနက်တစ်ကြိမ်၊ ည နေတစ်ကြိမ် သောက်ပေးပါ။ (၇)ရက်မှ (၄၅)ရက်အထိ နေ့စဉ်သောက်ပေးပါက ဆေးဝါးအာနိသင်၏အကျိုး အမှန်တိုး၍ ခံစားရစေနိုင်ပါသည်။

ခံတက်ရွက်ဟင်းလျာ။ ။ခံတက်ရွက်ကို ငါးဖယ်သားဖြင့် သုပ်စားပေးပါ။ အမျိုးသားတို့ ဖြစ်ပွားတတ်သော ပန်းညှိုးခြင်း၊ သုတ်လွတ်မြန်ခြင်း၊ ပန်းသေနေခြင်းကို လျော့ချပေးနိုင်ပါသည်။

သုတ်အားနည်းခြင်းနှင့် မန်ကျည်းစေ့။ ။မန်ကျည်းမှည့်အစေ့ကို ရောဂါကုဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

မန်ကျည်းစေ့ကို တစ်ညတာရေစိမ်ပါ။ အပေါ်ခွံများ ချွတ်ပြီး အဆံကို ညက်အောင်ကြိတ်၍ ကြံသကာစစ်စစ်ဖြင့် မန်ကျည်းစေ့(၁)ဆ ကြံသကာ (၃)ဆ ရောစပ်ထားပါ။

နေတွင် ခြောက်သွေ့ရန် လှန်းထားပါ။ ကောင်းစွာခြောက်ပါလျှင် ပုလင်းတစ်လုံးထဲ ထည့်ထားပါ။ နံနက်တစ်ကြိမ်၊ နေ့လည် တစ်ကြိမ်၊ ညနေတစ်ကြိမ် လက်ဖက်စားဇွန်းလေးဖြင့် မှန်မှန်သောက်ပေးပါ။

စံချိန်မီသော အမျိုးသားတစ်ဦးကဲ့သို့ အိမ်ထောင်ရေးသုခ ပေးဆောင်နိုင်ပါကြောင်း သိမီလေ့လာဖူးသော တိုင်းရင်းဆေး သုတတစ်ခုအား ပြန်မျှဝေမိပါသည်။

စာကိုး။ ဆေးသိပ္ပံအမြင်နှင့် တိုင်းရင်းဆေး သဘာဝကုထုံးများ

ရေးသားသူ – ရဲမျိုးသူ(ဗောဓိမြိုင်)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။