အသက်ကလေးရယ်တဲ့ရှည်စေလိုသစ်ပင်စိုက်စေလို…

Astrology
အသက်ကလေးရယ်တဲ့ရှည်စေလိုသစ်ပင်စိုက်စေလို…

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက်ကလေးရယ်တဲ့ရှည်စေလိုသစ်ပင်စိုက်စေလို… ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက်ကလေးရယ်တဲ့ရှည်စေလိုသစ်ပင်စိုက်စေလို…

ပူပြင်းလှတဲ့ နွေနေ့တွေကို ကျော်ဖြတ်ကြရတိုင်း မိုးရွာဖို့ကို တောင့်တကြတာ လူသားတိုင်းပါပဲ… ။ သစ်ပင် သစ်တောရှိမှသာ အရိပ်ရခြင်း၊ ရာသီဥတုကောင်းမွန်ခြင်း ၊သစ်သီးများစားသောက်ရခြင်းဆိုတဲ့ ကောင်းကျိုးချမ်းသာ များစွာကိုရရှိစေတတ်ပါတယ်။ အဲဒိတော့… လူသားတိုင်းအတွက် ကောင်းကျိုးပြုတဲ့ သစ်ပင်လေးကို စိုက်ရင်း…မိမိလည်းအသက်ရှည် ကျန်းမာစေတဲ့ ယတြာလေးကို ပြောပြချင်ပါတယ်။

တနင်္ဂနွေသားသမီးတွေက အရှေ့အရပ်မှာ အုန်းပင်၊အင်ပင် စိုက်ပျိုးသင့်ပါသည်။

တနလာင်္ သားသမီးတွေက အရှေ့တောင်အရပ်မှာ ကံ့ကော်ပင်၊ကျွန်းပင်၊ စိုက်ပျိုးသင့်ပါသည်။

အင်္ဂါသားသမီးတွေက တောင်အရပ်မှာ ဇီးပင်၊ဇော်စိမ်းပင် ၊ဇွန်ပန်း စိုက်ပျိုးသင့်ပါသည်။

ဗုဒ္ဓဟူးသားသမီးတွေက အနောက်တောင်အရပ်မှာ ဝါး၊ရွက်လှ၊ရဲယိုပင်များ စိုက်ပျိုးသင့်ပါသည်။

ကြာသပတေးသားသမီးတွေက အနောက်မြောက်အရပ်မှာ ပိန်းပန်း၊ပျဉ်းမပင်များ စိုက်ပျိုးသင့်ပါသည်။

သောကြာသားသမီးတွေက အရှေ့မြောက်အရပ်မှာ သပြေပင် စိုက်ပျိုးသင့်ပါသည်။

စနေသားသမီးတွေက အနောက်အရပ်မှာ ဒါန်းပင်၊ထန်းပင် စိုက်ပျိုးသင့်ပါသည်။

ကဲ အသက်ရှည်ချင်လျင် သစ်ပင်များ စိုက်ပျိုးပါ။သစ်ပင်လေးတွေ စိုက်ပျိုးရင်း မိမိနှင့် မိမိပတ်၀န်းကျင်ကို ကာကွယ်ထိမ်းသိမ်းကြပါစို့လို့ ဆန္ဒပြုတင်ပြအပ်ပါသည်။

ရေးသားသူ –ဆရာမဇာဇာ(ခ)ဆရာမ ဇွန်လေးနွယ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။