ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး

Astrology Religion
ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး

ရဟန်းအရှင်သူမြတ်တွေကို ဆွမ်းလောင်းလှူတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီ ဆွမ်းနေ့စဉ်လောင်းလှုရခြင်းရဲ့ ရရှိနိုင်တဲ့ ကောင်းကျိုးချမ်းသာများကို ဖော်ပြတင်ဆက်ပေးလိုက်ပါတယ်။

၁။ တာဝတိံသာနတ်ပြည်ရှိ နတ်မင်းကြီး၏ မိဖုရားအဖြစ်ကိုရခြင်း ။
၂။ စင်္ကြာမင်း၏ မိဖုရားအဖြစ်ကို ရရှိခြင်း ။
၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရရှိခြင်း ။
၄။ ကြာညိုပန်းအဆင်းနှင့် တူသောအဆင်းရှိသည်ဖြစ်၍ အလွန် အဆင်းလှခြင်း ။
၅။ ကိုယ်အင်္ဂါ အားလုံးနှင့် ပြည့်စုံသည်ဖြစ်၍
လွန်စွာ ရှုချင်စဖွယ်ရှိခြင်း ။
၆။ မြတ်သော အမျိုး၌ဖြစ်၍ အလင်းရောင်ကို ဆောင်နိုင်ခြင်း ။
၇။ မောင်းမ တစ်ထောင်တို့၏ အကြီးအမှူးဖြစ်ခြင်း ။
၈။ မရေမတွက်နိုင်သော သင်္ကန်း ၊ ဆွမ်း ၊ ဆေးပစ္စည်း ၊ ကျောင်းအိပ်ရာ ၊ နေရာတို့ကို ရရှိခြင်း ။
၉။ ဆွမ်းလှူခဲ့သည့် အချိန်မှစ၍ သုံးဆယ့်တစ်ကမ္ဘာတိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက်ရခြင်း ။
၁၀။ လူဘဝနှင့် နတ်ဘဝ နှစ်မျိုးတို့၌သာ
ကျင်လည်ခဲ့ရခြင်း ။
၁၁။ များစွာသော စည်းစိမ်ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း ။
၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခမ်း၍
ရဟန္တာဖြစ်ရခြင်း ။

ဓမ္မဒါနပြန်လည်မျှဝေပူဇော်ပါသည် ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။