သားလေး “သိဒ္ဓိစစ်” ကို အမျိုးသားလက်ထဲအပ်လိုက်တော့မယ်ဆိုတဲ့ သရုပ်ဆောင်မယ်လိုဒီ

Celebrity Local News
သားလေး “သိဒ္ဓိစစ်” ကို အမျိုးသားလက်ထဲအပ်လိုက်တော့မယ်ဆိုတဲ့ သရုပ်ဆောင်မယ်လိုဒီ

ပရိသတ်ကြီးရေ သရုပ်ဆောင် မယ်လိုဒီကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ သူတစ်ယောက်ပါ။ နုပျိုလှပတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ဖြူဖွေးချောမွတ်တဲ့အသားအရည်လေးတွေ‌ကြောင့်ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ သူမက ရှိရင်းအသက်ထက် ငယ်ရွယ်မှုကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ဆယ်စုနှစ်ကျော်တိုင်အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေတဲ့ သူမက ယခုမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေရပြီး ကြော်ငြာရိုက်ကူးရေးကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ ရပါတယ်။ သားငယ်လေးကို မွေးဖွားထားတဲ့ ကလေးမေမေဖြစ်ပေမယ့်လည်း အပျိုရှုံးလောက်တဲ့အလှကို ပိုင်ဆိုင်ထားသူပါ။

အခုတစ်ခါမှာတော့ သူမရဲ့အခြေအနေတွေကြောင့် အမျိုးသားလက်ထဲမှာပဲပို့ထားတော့မယ်ဆိုတဲ့အကြောင်းပရိသတ်ကိုပြောပြလာတာပဲဖြစ်ပါတယ်။


“ အတူတူရုန်းကန်ဖို့က ကြားကောင်းပေမယ့် ပိုကောင်းတဲ့ဘဝရဖို့ ပံ့ပေးပို့နိုင်သူဖြစ်ချင်လို့ သားကို သူ့အဖေနဲ့ထားလိုက်တယ်။ ပညာတတ်အသိုင်းအဝိုင်းဖြစ်လို့ ယဉ်ကျေးပြီး ယောက္ခမဆိုလည်း ကိုယ်စံပြထားရတဲ့အမေမို့ လို့ သားကိုပိုစိတ်ချတယ်။ အမြင်ကောင်းတဲ့ မိခင်ဖြစ်ချင်တာနဲ့ အတ္တကြီးပြီးသားကို အတူ မရုန်းကန်စေချင်ဘူး။ နှစ်ပတ်တစ်ခါတော့ သားကိုသွားတွေ့ဖြစ်တယ်” လို့.. သားလေး သိဒ္ဓိစစ်နဲ့ပတ်သက်ပြီး မယ်လိုဒီက အခုလိုပဲပြောပြလာတာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။