ပုပ္ပါးမြေက အဘထွက်ပွဲမှာ ၂၄ နာရီ စတုဒီသာကျွေးမွေးလှူဒါန်းခဲ့တဲ့ မြတ်သူသူတို့ ဇနီးမောင်နှံ

Celebrity Local News
ပုပ္ပါးမြေက အဘထွက်ပွဲမှာ ၂၄ နာရီ စတုဒီသာကျွေးမွေးလှူဒါန်းခဲ့တဲ့ မြတ်သူသူတို့ ဇနီးမောင်နှံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပုပ္ပါးမြေက အဘထွက်ပွဲမှာ ၂၄ နာရီ စတုဒီသာကျွေးမွေးလှူဒါန်းခဲ့တဲ့ မြတ်သူသူတို့ ဇနီးမောင်နှံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပုပ္ပါးမြေက အဘထွက်ပွဲမှာ ၂၄ နာရီ စတုဒီသာကျွေးမွေးလှူဒါန်းခဲ့တဲ့ မြတ်သူသူတို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ… သရုပ်ဆောင်မြတ်သူသူကတော့ သူမနဲ့ ကိုးကွယ်ယုံကြည်တဲ့ဘာသာ ချင်းမတူညီပေမယ့် နားလည်မှုရှိပြီး ဖေးမတတ်တဲ့ ခင်ပွန်းကောင်းကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ မြတ်သူသူဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ခရစ်ယာန်ဘာသာကို လေးစားပေး သလို မြတ်သူသူရဲ့ခင်ပွန်းကလည်း မြတ်သူသူယုံကြည် တဲ့ ဘာသာအပေါ်မှာ လေးစားမှုရှိပေးတာပဲဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၃၀) ရက်နေ့မှာတော့ မြတ်သူ သူက သူမရဲ့ခင်ပွန်းနဲ့အတူတူ ပုပ္ပါးတောင်မှာ စတုဒိသာ အလှူတွေပြုလုပ်ခဲ့ကြောင်း “ဒီနေ့တော်သလင်းလပြည့်
ကျော် (၁)ရက်နေ့လေးမှာ (၁ဝ၈)ဖီးပွဲဆပ်ကပ်ပြီး (၇)ရက်သားသမီးများအတွက် စတုဒီသာ (၂၄)နာရီလုံးကုသိုလ်ပြုလှူဒါန်းခဲ့သလို နေပြည်တော် နဂါးတထောင်ဆရာတော်ကြီးထံ ဝတ္တုငွေ နှင့် (၁ဝ၈)ဖီးပွဲဆပ်ကပ်ကုသိုလ်ပြုလှူဒါန်းခဲ့ပါတယ်ရှင်။ ပြုပြုသမျှ ကုသလအားလုံးထပ်တူထပ်မျှ ရရှိနိုင်ကြပါ စေရှင် Mak နဂိုစီစဉ်ထားတဲ့အလှူတွေရယ် ထပ်တိုး ။ လာတဲ့ သံဃာအပါး(၅ဝဝ) ကထိန်ခင်းအလှူနဲ့ လူ (၁ဝဝဝ) စတုဒီသာအလှူကြီးအတွက်ပါ အလုပ်တွေပို ကြိုးစားပါ့မယ် နဲ့ အရမ်းပီတိဖြစ်မိပြီး ဝမ်းသာ ကြည်နူးမိပါတယ် ” ဆိုပြီး သူမရဲ့ အလှူမြင်ကွင်း အချို့ကို မျှဝေလာပါတယ်။

မြတ်သူသူတို့ ဇနီးမောင်နှံကတော့ အဘဘိုးမင်းခေါင် ထွက်ပွဲမှာ (၁ဝ၈)ဖီးပွဲဆပ်ကပ်ပြီး (၇)ရက်သားသမီး များအတွက် စတုဒီသာ (၂၄)နာရီလုံးကုသိုလ်ပြုလှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြတ်သူသူက လာမယ့် ရက်အတွင်းမှာပဲ လူအယောက် (၁၀၀၀) စာအတွက် စတုဒိသာအလှူလေးပြုလုပ်ဦးမယ်လို့ သိရပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။