အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုရေကူးသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းမင်းသား

Celebrity International News Sports
အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုရေကူးသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းမင်းသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုရေကူးသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းမင်းသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုရေကူးသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းမင်းသား

အသက် ၂၂ နှစ်အရွယ် ထိုင်းမင်းသားလည်းဖြစ်၊ ရေကူးသမားလည်းဖြစ်တဲ့ Est Supha Sangaworawong က ဟန်ကျိုးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲမှာ ထိုင်းလက်ရွေးစင်အသင်းမှ အမျိုးသားရေကူးကစားသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ရေကူးပြိုင်ပွဲတွေဟာ စက်တင်ဘာ ၂၉ ရက်နေ့က ပြီးဆုံးခဲ့ပါတယ်။ Est က ပြိုင်ပွဲမှာ ဆုမရခဲ့ပေမဲ့ သူ့ရဲ့ကြည်ကောင်းတဲ့ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ထည်ကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံစိုက်တာကိုတော့ ခံခဲ့ရပါတယ်။

Est က ၂၀၂၀ ခုနှစ်ရဲ့ BL ဒရာမာ Love by Chance 2: A Chance of Love မှာ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့တာပါ။ အဲဒီကတည်းက သူဟာ ထိုင်းနိုင်ငံရဲ့နာမည်ကြီးအေဂျင်စီ GMMTV နဲ့စာချုပ်ချုပ်ဆိုခဲ့တာပါ။ အခုနှစ်ထဲမှာလည်း Naughty Babe နဲ့ Get Rich ဒရာမာဇာတ်လမ်းတွဲနှစ်ခုမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။