(၁၂)ရာသီဖွားများ ၏ စရိုက်များ

Astrology
(၁၂)ရာသီဖွားများ ၏ စရိုက်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ (၁၂)ရာသီဖွားများ ၏ စရိုက်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

(၁၂)ရာသီဖွားများ ၏ စရိုက်များ

1. Aries – အချစ်တတ်ဆုံးကြောင့် Play ခံရအများဆုံး ၊ ရည်မှန်းချက်ကို မရောက်ရောက်အောင်သွားချင်တဲ့ စိတ်ရှိခြင်း ၊ ပတ်ဝန်းကျင်မှာ ဘာဖြစ်ဖြစ် ခလုတ်တိုက်အခံရဆုံး

2. Taurus – ေ-စာက်ရမ်းအသန့်ကြိုက်ဆုံး ၊ အရွံတတ်ဆုံး (မရွံပြန်ရင်လည်း သူ့ပြင်နှစ်ယောက်မရှိ) ၊ နွားရိုင်းလိုပဲ ဒေါသအထွက်တတ်ဆုံး နဲ့ နှာဘူးအထတတ်ဆုံး

3. Gemini – ဘာအလုပ်တွေမှန်းမသိတာတွေနဲ့ အလုပ်အရှုပ်ဆုံးသောလူသား ၊ ကိုယ့်ကိုကိုယ်တောင် ပဟေဠိတွေ အများဆုံးထားပြီး သိပ်ကိုအလျှို့ဝှက်တတ်ဆုံး ၊ ကြောင်တောင်တောင်အနိုင်ဆုံး

4. Cancer – အရှက်အရှိဆုံး (မရှိတော့ပြန်ရင်လည်း အရှက်မရှိဆုံး ဖြစ်သွားရော) ၊ ကြောင်တောင်တောင်အတွေးတွေတွေးပီး ထိုင်အဖီးလ်နေဆုံး ၊ ကိုယ်မှန်တယ်ဆိုပီး ဇွတ်မှန်ကြီးအလုပ်ဆုံး

5. Leo – မာနတံခွန် လူရည်ချွန်ပေါ့ ၊ ရုပ်ရှင်အရိုက်တတ်ဆုံး လုပ်တတ်ပီး ဒရာမာကင်း နဲ့ ဒရာမာကွင်းပေါ့ ၊ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် အလွဲရနိုင်ဆုံးသောဆုရရှိထားခြင်း

6. Virgo – စောက်ရမ်းတိတိကျကျလုပ်ခြင်းကြောင့် သူနဲ့နေသမျှလူတွေ အနေကျပ်ရခြင်း ၊ စကားအပြောအဆို အကောင်းဆုံးလူသားဖြစ်နေခြင်း ၊ စိတ်ကူးယဉ်ဆန်တတ်ပီး စိတ်ကူးသမျှကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတတ်ခြင်း

7. Libra – ဘယ်သူ ဘာပဲဖြစ်ဖြစ် သူနဲ့မဆိုင်သလို ဘာတိဘာတာနေတတ်ခြင်း ၊ ရောက်ချင်ရာရောက်ပလေ့စေ ရောက်တဲ့အရပ်မှာ ဖြစ်သလိုနေမဲ့လူမျိုး ၊ ဦးနှောက်က မှတ်သားဉာဏ်ကောင်းရက်နဲ့ စောက်ရမ်းပျင်းနေတတ်ဆုံး

8. Scorpio – အားနေ လူတကာကို ဆရာကြီးလိုက်လုပ်တတ်ဆုံး ၊ သူများအကြိုက်များဆုံးသောအရာများကို မုန်းတတ်ပြီး သူများမကြိုက်သောအရာများကို ကြိတ်သဘောကျတတ်သူ ၊ တစ်နေ့လျှင် စိတ်ခံစားမှု အမျိုးထောင်ချီပြောင်းနေတတ်ခြင်း

9. Sagittarius – ပျော်ပျော်နေ ေ-သခဲဟုဆိုကာ အားနေပျော်နေတတ်ခြင်း ၊ တစ်လောကလုံး ပြဿနာ ကိုယ့်ပြဿနာဟု ထင်တတ်ပြီး အားနေကူညီပေးဖို့ လုပ်နေတတ်ခြင်း (ဘယ်တော့မှလည်း ကျေးဇူးတင်မခံရ) ၊ အတွေးအခေါ်များများ တွေးခေါ်တတ်ပီး အတွေးတွေက အစွန်းရောက်တတ်ခြင်း

10. Capricorn – အားနေအမြင့်ဆုံးကို တက်ဖို့ကြံစည်နေပီး အမြင့်ရောက်နေတာတောင် ဘယ်တော့မှ ကျေနပ်မှုမရှိတတ်ခြင်း ၊ လောဘကြီးခြင်း ၊ သံယောဇဉ်ကြီးလွန်းခြင်း (မကောင်းတဲ့သူတောင် သံယောဇဉ်ထားခြင်း – ဘယ်လောက်ခံရ ခံရမနာတတ်ခြင်း)

11. Aquarius – ဘာမဆို တော်လှန်ချင်သောစိတ် တိုက်ခိုက်ချင်သောစိတ်ရှိခြင်း ၊ အလှူအဒါန်းအလုပ်ချင်ဆုံးဖြစ်ပီး လှူဖို့ဒါန်းဖို့ အားနေစဉ်းစားနေတတ်ခြင်း ၊ ဘဝကြီးကို အေးအေးလူလူသာဖြတ်သန်းချင်သော်လည်း ဘယ်တော့မှ အေးအေးလူလူမဖြစ်လို့ အမြဲတမ်းပူစပ်ပူလောင်ဖြစ်နေတတ်ခြင်း

12. Pisces – ကြိတ်တွေးပြီး ကြိတ်ကြံနေတဲ့ ဆိုက်ကိုသမားတွေ ၊ သင်ခန်းစာတိုင်းကို သင်ယူနေတတ်ပြီး ကိုယ့်အပေါ်မကောင်းသောသူများအပေါ် ဘယ်လိုနည်းလမ်းနဲ့ တိုက်ခိုက်ရမလဲ စီစဉ်နေတတ်သူ ၊ အကောင်း အဆိုး ရောထူးနေတဲ့ ဘဝနှစ်မျိုးကို ဖြတ်သန်းနေရတတ်ခြင်း

ရေးသားသူ –လင်းညှို့တာရာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။