အကျဉ်းကျနေစဉ် ပညာသင်ကြားခဲ့တဲ့ အကျဉ်းသား ၂၄ ယောက် ဘွဲ့ရပြီ

International News
အကျဉ်းကျနေစဉ် ပညာသင်ကြားခဲ့တဲ့ အကျဉ်းသား ၂၄ ယောက် ဘွဲ့ရပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကျဉ်းကျနေစဉ် ပညာသင်ကြားခဲ့တဲ့ အကျဉ်းသား ၂၄ ယောက် ဘွဲ့ရပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကျဉ်းကျနေစဉ် ပညာသင်ကြားခဲ့တဲ့ အကျဉ်းသား ၂၄ ယောက် ဘွဲ့ရပြီ

အကျဉ်းကျခံနေရစဉ် ပညာသင်ကြားရင်း ဘွဲ့ရခဲ့တဲ့ အကျဉ်းသား ၂၄ ယောက်အတွက် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အကျဉ်းထောင်မှာ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဆန်ဒီယေဂိုမြို့မှာရှိတဲ့ ရစ်ချက်ဂျေဒိုနိုဗန် ပြုပြင်ထိန်းသိမ်းရေးစခန်းမှ အကျဉ်းသားတွေဟာ လူမှုဗေဒနဲ့ ဘက်စုံဝိဇ္ဇာဘာသာရပ်တွေနဲ့ ဘွဲ့ယူခဲ့ကြတာပါ။

ထောင်ကျဖူးသူတစ်ယောက်ဟာ ၃ နှစ်အတွင်း လူ့အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ရောက်နိုင်ခြေထက် ထောင်ထဲ ပြန်ရောက်နိုင်ခြေ ၄၈ ရာခိုင်နှုန်း ပိုများတယ်လို့ NBC သတင်းဌာနက ကောက်ယူတဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အလုပ်ရနိုင်ခြေ၊ ကျွမ်းကျင်မှုနဲ့ ဗဟုသုတ မြှင့်တင်ပေးနိုင်ရေး ရည်ရွယ်ကာ ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေရေးရာဌာနက ဆောက်ဝက်စတန်းကောလိပ်နဲ့ ပူးပေါင်းကာ အကျဉ်းသားတွေ ပညာသင်ကြားနိုင်ရေးအစီအစဉ်ကို ဖော်ဆောင်ခဲ့တာပါ။ အခုချိန်အထိ အကျဉ်းသား ၁၅၀၀ ကို ပညာသင်ကြားခွင့် ပေးအပ်ခဲ့ပြီး လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြေကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။