ချောင်းဆိုး ၊ ရင်ကျပ်တာတွေ သက်သာပျောက်ကင်းစေမယ့် ငှက်ပျောသီး နဲ့ ပျားရည်

Health Knowledge
ချောင်းဆိုး ၊ ရင်ကျပ်တာတွေ သက်သာပျောက်ကင်းစေမယ့် ငှက်ပျောသီး နဲ့ ပျားရည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချောင်းဆိုး ၊ ရင်ကျပ်တာတွေ သက်သာပျောက်ကင်းစေမယ့် ငှက်ပျောသီး နဲ့ ပျားရည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချောင်းဆိုး ၊ ရင်ကျပ်တာတွေ သက်သာပျောက်ကင်းစေမယ့် ငှက်ပျောသီး နဲ့ ပျားရည်

ချောင်းဆိုး ရင်ကျပ်တာတွေအတွက် အကောင်းဆုံး အိမ်တွင်း ဆေးနည်း တစ်ခုကို မျှဝေပေးချင်ပါတယ်။လည်ချောင်း ကို ချောမွေ့စေပြီး အဆုပ် ကိုလည်း သန့်ရှင်းစေသလို ချောင်းဆိုး ရင်ကျပ် တာတွေကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းဆေးနည်းလေးပါ။

ပျားရည်နဲ့ ငှက်ပျောသီး ကိုတွဲပြီးသုံးပေးရမှာပါ။ ကလေး တွေအတွက်ကော အရွယ်ရောက်ပြီးသားသူတွေလည်း သောက်လို့အဆင်ပြေပါတယ်။ လည်ချောင်းနာ တာ ဆိုးဆိုးရွားရွားချောင်း ဆိုးတာ၊ အစာအိမ် ပြဿနာ တွေအတွက်လည်း သက်သာပျောက်ကင်းစေပါတယ်။

ပါဝင်ပစ္စည်း – ငှက်ပျောသီး မှည့် အနေတော် ၂ လုံး (အခွံ မှာ အစက်အပျောက်ပါတာသုံးပါ)ပျားရည် (သို့) သကြား စားပွဲတင်ဇွန်း ၂ ဇွန်း (ပျားရည်ထည့်မယ်ဆိုရင် အေးသွားမှထည့်ပါ။

အပူချိန်မြင့်နေရင် ပျားရည်ရဲ့ အာနိသင်ပျက်ပျယ်သွားနိုင်လို့ပါ။)ရေနွေးဆူဆူ ၄၀၀ မီလီလီတာ။

ပြင်ဆင်ခြင်း – ငှက်ပျောသီး ကိုအခွံနွှာပါ။ ပြီးရင် ခရင်း (သို့) ဇွန်းကိုသုံးပြီး ပြဲသွားအောင်လုပ်ပါ။သကြား ထည့်ပြီး သေချာမွှေပါ။

ပြီးရင် ရေနွေးပူပူ လောင်းထည့်လိုက်ပြီး မိနစ် ၃၀ လောက်အုပ်ထားပါ။ပျားရည်ထည့်မယ်ဆိုရင်တော့ စောစောက ငှက်ပျောသီး နဲ့ မရောထည့်ဘဲ ရေအေး သွားမှာ ထည့်ပေးရမှာပါ။ပြီးရင် သေချာမွှေပေးပါ။

သောက်သုံးခြင်း – မသောက်ခင်မှာ နည်းနည်းလေး ပြန်နွေးပေးပြီး တစ်ခါသောက် ၁၀၀ မီလီလီတာလောက်သောက်ပေးပါ။ တစ်နေ့ ၄ ကြိမ်သောက်ပေးရမှာပါ။အခုလုပ်ထားတဲ့ ဆေးပမာဏ က တစ်ရက်စာအတွက်ပဲဖြစ်ပါတယ်။

နောက်နေ့စာ အတွက်နောက်နေ့မှာ အသစ်ုလပ်ရမှာပါ။ရက်အနည်းငယ်လောက်နေရင် သက်သာသွားမှာဖြစ်ပါတယ်။

ရေးသားသူ –myfoodmyanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။