နှလုံးပြဿနာတွေ ကာကွယ်ဖို့ သစ်ကြားသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

Health Knowledge
နှလုံးပြဿနာတွေ ကာကွယ်ဖို့ သစ်ကြားသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှလုံးပြဿနာတွေ ကာကွယ်ဖို့ သစ်ကြားသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှလုံးပြဿနာတွေ ကာကွယ်ဖို့ သစ်ကြားသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

နှလုံးနဲ့ဆက်စပ်တဲ့ ကျန်းမာရေး အခြေအနေတွေဟာ ကမ္ဘာတစ်ဝှမ်းက အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာပါ ဖြစ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ ကျေးလက်ဒေသတွေက လူဦးရေနဲ့ယှဉ်ရင် မြို့ပြလူနေမှု အသိုင်းအဝိုင်းက နှလုံးရောဂါတွေလို နှလုံးပြဿနာတွေကို ပိုပြီးခံစားကြရပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းအရင်းတွေထဲက တစ်ခုက ခေတ်မီတဲ့လူနေမှုပုံစံ ကြောင့်ပါပဲ။ မြို့ပြလူနေမှုအသိုင်းအဝိုင်းက စားချိန်သောက်ချိန်မမှန်တာ၊ အလုပ်နဲ့ လုံးပန်းနေရလို့ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ ဆေးလိပ်နဲ့ အရက်သောက်စားမှု များတာတွေက နှလုံးပြဿနာတွေ တိုးလာနိုင်ချေများပါတယ်။

နှလုံးပြဿနာတွေ လျော့နည်းသွားအောင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်မှုပုံစံအပြင် သစ်ကြားသီးကို နေ့တိုင်းစားပေးမယ်ဆိုရင်လည်း နှလုံးပြဿနာတွေဖြစ်မလာအောင် ကူညီပေးနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ သစ်ကြားသီးက ကျန်းမာရေး ညီညွှတ်တဲ့အဆီအနှစ်၊ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေ ပြည့်ဝစွာပါဝင်ပါတယ်။ မဂ္ဂနီစီယမ်၊ ကော်ပါး၊ ဖော့စ်ဖရပ်စ်၊ ဗီတာမင် B6 နဲ့ သံဓာတ်တွေ ကြွယ်ဝတဲ့အတွက်ကြောင့်လည်း သစ်ကြားသီးကို ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ မှတ်ယူထားကြပါတယ်။ သစ်ကြားသီးက ကယ်လိုရီနဲ့ အဆီဓာတ်တွေ မြင့်မားတယ်လို့လည်း သိထားကြပါတယ်။ ဒါပေမဲ့ အာဟာရဓာတ်လည်း သိပ်သည်းပြီး ဗိုက်ပြည့်အင်လာစေနိုင်ပါတယ်။

သစ်ကြားသီးက နှလုံးအတွက် ဘယ်လိုကောင်းတာလဲ

သစ်ကြားသီးက အိုမီဂါ ၃ အက်ဆစ်၊ polyunsaturated အဆီဓာတ်တွေ မြင့်မားတာကြောင့် ခန္ဓာကိုယ်အတွင်းက ရောင်ရမ်းခြင်းနဲ့ ကိုလက်စထရောပမာဏကို လျော့ချပေးတဲ့ ကောင်းတဲ့ ဘတ်တီးရီးယားတွေကို တိုးလာစေပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ ယူဆလို့ရပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသုံးပေးတာက အရွယ်ရောက်ပြီးသားလူတွေရဲ့ ကိုယ်အလေးချိန်ကို သက်ရောက်မှုမရှိဘဲ သွေးကိုလက်စထရောပမာဏကို လျော့ချပေးတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

သစ်ကြားသီးရဲ့ အခြားကျန်းမာရေး အကျိုးကျေးဇူးတချို့ကတော့

အိုမီဂါ ၃၊ အိုမီဂါ ၆ အက်ဆစ်ဓာတ်တွေ ပါဝင်တဲ့အတွက် မှတ်ဉာဏ်နဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေ တိုးလာအောင် ကူညီပေးနိုင်ပါတယ်

သစ်ကြားသီးရဲ့အိုမီဂါ ၃ အက်ဆစ်က စိတ်ဓာတ်ကျခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်

ဘိုင်အိုတင်း နဲ့ ဗီတာမင် B7 ဓာတ်တွေနဲ့လည်း ထုတ်ပိုးထားတဲ့အတွက် ဆံပင်နဲ့ခြေသည်းလက်သည်းတွေ သန်စွမ်းသန်မာလာစေပါတယ်

သစ်ကြားသီးက အန်တီအောက်စီဒန့်ပမာဏမြင့်တဲ့အစေ့အဆံအုပ်စုထဲမှာပါဝင်တဲ့အတွက် ရင်သားကင်ဆာနဲ့အဆီအကျိတ်ကင်ဆာတွေ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ် တစ်နေ့ကို သစ်ကြားသီး (၇) လုံးလောက်ပဲ စားပေးသင့်ပါတယ်။ သစ်ကြားသီး အစားများရင် လေပွတာ၊ ဝမ်းချုပ်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သစ်ကြားသီးကို အကန့်အသတ်နဲ့ စားသုံးတာအကောင်းဆုံးပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။