Jawan နဲ့ Pathaan ဇာတ်ကားတွေ အောင်မြင်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိခဲ့တဲ့ ရှရွတ်ခန်း

Celebrity International News
Jawan နဲ့ Pathaan ဇာတ်ကားတွေ အောင်မြင်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိခဲ့တဲ့ ရှရွတ်ခန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Jawan နဲ့ Pathaan ဇာတ်ကားတွေ အောင်မြင်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိခဲ့တဲ့ ရှရွတ်ခန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Jawan နဲ့ Pathaan ဇာတ်ကားတွေ အောင်မြင်ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိခဲ့တဲ့ ရှရွတ်ခန်း

နာမည်ကျော်ဘောလိဝုဒ်မင်းသား ရှရွတ်ခန်းဟာ သူ့ရဲ့ Pathaan နဲ့ Jawan ရုပ်ရှင်ကားအသစ်တွေ အောင်မြင်မှုရရှိခဲ့ပြီးတဲ့နောက်မှာ အသက်အန္တရာယ်ခြိမ်းခြောက်စာလက်ခံရရှိလို့ မွမ်ဘိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားထားရပါတယ်။ အဲဒီနောက်မှာ ရှရွတ်ခန်းအတွက် လုံခြုံရေးကို တိုးမြှင့်ထားရပါတယ်။ အခုဆို သူ့ကို ကွန်မန်ဒို (၁) ဦး (သို့) နှစ်ဦးအပါအဝင် လုံခြုံရေးအမှုထမ်း (၁၁) ဦးရှိမယ့် Y+ အမျိုးအစားလုံခြုံရေးပေးသွားမှာပါ။

ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခန်းကလည်း ပြီးခဲ့တဲ့နှစ်က လော့ရန် ဘစ်ချ်နွိုင်းဂိုဏ်းရဲ့အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် ဒီလုံခြုံရေးအမျိုးအစားကိုပဲ ယူထားရပါတယ်။ ရှရွတ်ခန်းက အဆင့်မြှင့်ထားတဲ့ လုံခြုံရေးအတွက်လည်း သူကိုယ်တိုင် ပေးဆောင်သွားမယ်လို့ သတင်းထွက်ရှိထားပါတယ်။ သူက နိုင်ငံတော်အစိုးရကို ပေးသွားမှာပါ။ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ဘယ်သူက လုပ်ခဲ့တယ်ဆိုတာကို မသိရသေးပါဘူး။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။