အရေပြား ယားယံတာ သက်သာစေဖို့ ဘာတွေ စားရမလဲ

Health Knowledge
အရေပြား ယားယံတာ သက်သာစေဖို့ ဘာတွေ စားရမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရေပြား ယားယံတာ သက်သာစေဖို့ ဘာတွေ စားရမလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရေပြား ယားယံတာ သက်သာစေဖို့ ဘာတွေ စားရမလဲ

အရေပြား ယားတာက တော်တော်လေး ခံရခက်တဲ့ ကိစ္စပါ။ အရေပြားက ယားတယ်။ ဆေးလည်း မသောက်ချင်ဘူး။ ဆေးလည်း မလူးချင်ဘူးဆိုရင်တော့ အရေပြားယားတာ သက်သာစေဖို့ ဘာတွေစားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးမယ်နော်။

အရေပြား ဘာကြောင့် ယား။

အရေပြားကို ယားယံစေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမက ရှိပါတယ်။
ဓာတ်မတည့်တာ
ပိုးကောင် ကိုက်ခံရတာ
ခြင်ကိုက်ခံရတာ
အစားအသောက်ကြောင့် အရေပြား ယားယံတာ
ကျောက်ကပ်ရောဂါ
သွေးချိုဆီးချို
မှိုပိုး ဝင်တာ
အရေပြားရောဂါ အမျိုးမျိုးကြောင့် အရေပြား ယားယံနိုင်ပါတယ်။
အရေပြား ယားယံတာကို သက်သာစေဖို့ ဒါတွေစားပေးပါ။ အရေပြား ယားယံရင် လူတော်တော်များများက အယား သက်သာအောင်ဆိုပြီး ကုတ်ကြပါတယ်။ တကယ်ကတော့ ဒါက နည်းလမ်းကောင်း မဟုတ်ပါဘူး။

ကုတ်တာဖဲ့တာက အရေပြား ယားယံတာကို ပိုဆိုးစေနိုင်ပါတယ်။ အရေပြား ယားယံတာကို သက်စေနိုင်တဲ့ ဗီတာမင်တွေ ရှိပါတယ်။ အရေပြား ယားယံတဲ့အခါ ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် E ပါတဲ့ အစားအစာတွေက ယားယံတာကို ကုတ်စရာ ဖဲ့စရာ မလိုဘဲ သိသိသာသာ သက်သာစေမှာပါ။

ဒီတော့ အရေပြား ယားယံတာကို သက်သာစေဖို့ ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေ ကို စားသုံးပေးဖို့လိုမှာပါ။

ဗီတာမင် E ကြွယ်ဝတဲ့ အစာအုပ်စု

ဗီတာမင် E က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာ​ကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေ ခြောက်သွေ့တာ၊ ယားယံတာ ထိခိုက်လွယ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပြီး အရေပြား အသစ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ သွေးစီးဆင်းလည်ပတ်မှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အသားအရေကို အားဖြည့်ပေးတဲ့ ဗီတာမင် E ပါဝင်တဲ့

ပြောင်းဖူး
အုတ်ဂျုံ
အခွံမာသီး
အစေ့အဆန်
ဟင်းနုနွယ်
သံလွင်သီး
သံလွင်ဆီ စတာတွေကို စားသုံးပေးပါ။

ဗီတာမင် C ကြွယ်ဝတဲ့ အစာအုပ်စု

ဗီတာမင် C ချို့တဲ့ တဲ့အခါ အရေပြား ကြမ်းတမ်းခြောက်သွေ့တာ၊ အဖက်လန်တာ၊ ယားယံတာတွေ ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် C က ကော်လာဂျင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ ဒီ အာဟာရဓာတ်က အရေပြားကို ယားယံမှု ကင်းစေပြီး အမာရွတ်တွေ အမဲစက်တွေကို သက်သာစေနိုင်ပါတယ်။
ဒါကြောင့် အသားအရေ ကျန်းမာစေဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့
ပန်းငရုတ်ပွ
လိမ္မော်သီး
သံပုရာသီး
ဂရိတ်ဖရုစ်
ကီဝီသီး
မာလကာသီး
ဂေါ်ဖီထုပ်
ပန်းဂေါ်ဖီစိမ်း စတာတွေ စားပေးပါ။

ဗီတာမင် A ကြွယ်ဝတဲ့ အစာအုပ်စု

ဗီတာမင် A က အရေပြား ကျန်းမာဖြစ်ပေးစေဖို့ အားဖြည့်ပေးတဲ့ ဗီတာမင် တစ်မျိုးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြား ယားယံမှု ကင်းစေဖို့ အားဖြည့်ပေးပါတယ်။ အသားအရေကို တင်းရင်းလှပစေဖို့လည်း အားဖြည့်ပေးပါတယ်။

ဒါကြောင့် အရေပြား ယားယံမှု ကင်းပြီး ကျန်းမာစေဖို့ ဗီတာမင် A ကြွယ်ဝတဲ့

ကန်စွန်းဥ
သခွားမွှေး
နို့
ဥအမျိုးမျိုး
အသည်း စတာတွေကို စားသုံးပေးပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။