ကျန်းမာရေး အတွက် အသည်းကိုဆေးပေးခြင်းနည်းလမ်းကောင်းများ

Health Knowledge
ကျန်းမာရေး အတွက် အသည်းကိုဆေးပေးခြင်းနည်းလမ်းကောင်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျန်းမာရေး အတွက် အသည်းကိုဆေးပေးခြင်းနည်းလမ်းကောင်းများဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျန်းမာရေး အတွက် အသည်းကိုဆေးပေးခြင်းနည်းလမ်းကောင်းများ

လူ့ကိုယ်ခန္ဓာမှာ အသည်း ကျန်းမာရေး ဟာ အရေးကြီးဆုံးပါ

ဒါကြောင့် တစ်ပတ်တစ်ကြိမ်အဆိပ်အပုပ်ထုတ်တဲ့အစီအစဉ်အရအခုအပတ်မှာအလှည့်ကျတာကတော့အသည်းကိုဘယ်လို ဆေးမလဲ ဆိုတာ မျှဝေပေးမှာဖြစ်ပါတယ်

ခန္ဓာကိုယ်မှာအသည်းဟာအရေးကြီးတဲ့အင်္ဂါတစ်ခုဖြစ်သလိုအလုပ်အများဆုံးသောကလီစာလည်းဖြစ်ပါတယ်။စားအမျှအစာတွေကအဆိပ်တွေကိုဖြေပေးရပါတယ်။နေ့စဉ်စားနေတဲ့အစာတွေထဲမှာအဆိပ်တွေကအများကြီးပဲ။ဒါကြောင့်အသည်းကောင်းဖို့သိပ်အရေးကြီးပါတယ်။

အသည်းကိုဆေးဖို့အကောင်းဆုံးကတော့မန်ကျည်းဖျော်ရည်ဖြစ်ပါတယ်။မန်ကျည်းသီးဟာအသည်းအတွက်သဘာဝကပေးထားတဲ့ဆေးလည်းဖြစ်ပါတယ်။အသည်းကိုနုပျိုစေပါတယ်။အသည်းခြောက်ခြင်း၊ကျုံ့ခြင်း၊ကြွပ်ခြင်း၊ဆတ်ခြင်း၊ပုပ်ခြင်းတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

အခုခေတ်မှာBပိုးCပိုးHပိုးစသည်ဖြင့်ဖြစ်ကြတာဟာအသည်းပုပ်လို့ပါ။ပိုးဆိုတာပုပ်မှတွယ်တာပါ။မပုပ်ရင်မတွယ်ပါဘူး။အဲ့လိုပိုးမတွယ်အောင်အသည်းကိုဆေးကြောပေးဖို့လိုပါတယ်။ရိုးရိုးလေးပါပဲ၊မန်ကျည်းဖျော်ရည်သောက်ပေးရုံပဲဖြစ်ပါတယ်။

မန်ကျည်းမှည့်လက်တစ်ဆုပ်၊ထန်းလျှက်သင့်ရုံ၊ဆားအနည်းငယ်ကိုမတ်ခွက်ထဲမှာထည့်ပြီးရေနွေးဆူကိုလောင်းထည့်ပါ။မနက်ထဲကနှပ်ထားရင်ညနေဆိုသောက်လို့ရပါပြီ။ဆန်ကာနဲ့စစ်လိုက်ရင်အရသာရှိတဲ့မန်ကျည်းဖျော်ရည်ကိုရပြီပေါ့။သံပရာသီးကြိုက်ရင်ညှစ်ထည့်၊အေးအေးလေးသောက်ချင်ရင်ရေခဲထည့်သောက်ပါ။

အသည်းကအဆိပ်အပုပ်တွေသာမကဝမ်းဗိုက်ထဲကအပူအပုပ်တွေလည်းထွက်သွားပြီးလူကပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။အဆိပ်အပုပ်အပူအစပ်တွေကင်းရှင်းသွားတော့သွေးသားသန့်စင်ပြီးအလှတွေလည်းတိုးပြီပေါ့။

ဒါကြောင့် ကျန်းမာဖို့အတွက် အသည်းဆေးပေးခြင်းကို
စာဖတ်သူများ ဗဟုသုတ ရရှိစေရန်ပြန်လည်မျှဝေပေးပါသည်။

မိတ်ဆွေများအားလုံးကျန်းမာသုခနဲ့ပြည့်စုံကြပါစေ

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။