၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့ မှ မတ်လ ၁၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့ မှ မတ်လ ၁၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( March 4 to March 10 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် စိုးရိမ်မှုများ ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။ စိတ်ပူပန်မှု အမျိုးမျိုးမှ ကင်းကင်းဝေးဝေး နေထိုင်နိုင်အောင် ကြိုးစားပါ။ လိုအပ်သော ကျန်းမားရေး လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ငွေရေးကြေးရေးအားဖြင့် အစောပိုင်းကာလတွင် အားကောင်းနေနိုင်သော်လည်း ရက်သတ္တပတ် အကုန်တွင် အကြောင်းအမျိုးမျိုးကြောင့် ကုန်ဆုံးရတတ်ပါတယ်။ အထူးသဖြင့် ဝင်ငွေနှင့် အသုံးစရိတ်များကြား မျှတအောင် ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ ဒဏ်ကြေးငွေများ ပေးဆောင်ရဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစု ဘဝတွင် အနည်းငယ် အေးစက်နေတတ်ပါတယ်။ အထီးကျန်ခြင်းကို ခံစားရမည် ဖြစ်ပြီး ဝေးရာသို့ ထွက်ခွာလိုစိတ်များ ဖြစ်ပေါ်နိုင်ပါမယ်။ မိသားစုဝင်များ အကြား ပံ့ပိုး ကူညီမှု ရရှိရန် ခက်ခဲနေတတ်ပါတယ်။

ပြိဿရာသီခွင် – Taurus ( March 4 to March 10 )
===============================================

ယခုအပတ်မှာတော့ Taurus ရာသီခွင်များ အနေနဲ့ အမှောင်ထုထဲမှ ရုန်းထွက်ရန် လိုအပ်ပါလိမ့်မယ်။ အပြုသဘောဆောင်သော စိတ်ဖြင့် ရှေ့သို့ လျှောက်လှမ်းပေးပါ။ အဆိုးမြင်မှုက မိမိ၏ တိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်ကို နားလည်ထားပေး ရပါမယ်။

ငွေရေးကြေးရေးအားဖြင့် မှန်မှန်ကန်ကန် ကြိုးစားနိုင်ပါက တိုးတက်မှုများ ရှိလာပါမယ်။ ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ် တွေးတောပေးပါ။ မိမိအတွက် လိုအပ်မှသာ ငွေကြေး သုံးစွဲပေးပါ။ ဤကာလအတွင်း မိတ်ဆွေ၊ အပေါင်းအသင်းများမှ ပံ့ပိုးကူညီမှုများ ရနိုင်ပါမယ်။

မိသားစုဝင်များ အကြား သဘောထား အသေးအမွှား ကွဲလွဲမှုတို့ကြောင့် ငြိမ်းချမ်းမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါမယ်။ မနှစ်သက်ဖွယ် ခံစားချက်များ ပေါ်ပေါက်လာတတ်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( March 4 to March 10 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရပါမယ်။ မိမိ၏ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ အထူးသဖြင့် အချိုဓာတ် လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ရပါမယ်။

အတိတ်ကာလတွင် သဘောတူညီချက် ပြုလုပ်ခဲ့သော လုပ်ငန်းရှင်များ အနေနှင့် ကံကောင်းသော အပြောင်းအလဲ ကြုံတွေ့ရတတ်ပါတယ်။ ငွေကြေ း တိုးပွားရန် အခွင့်အလမ်းများစွာကို မြင်တွေ့ရပါလိမ့်မယ်။

ဤကာလအတွင်း မည်သည့် အိမ်တွင်းရေးရာ ကိစ္စရပ်တွင်မဆို ဆုံးဖြတ်ချက်မချခင် မိသားစုဝင်တို့၏ သဘောထားကို သိရှိအောင် ပြုလုပ်ပေးပါ။ အိမ်ရှိ သက်ကြီးရွယ်အိုများ၏ အကြံပြချက်များကို ရယူပေးပါ။

ကရကဋ်ရာသီခွင် – Cancer ( March 4 to March 10 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်‌ ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား ရောဂါ ဝေဒနာများ ခံစားရမည် မဟုတ်ပါ။ သို့သော် ကိုယ်လက်ကြံ့ခိုင်မှု ရှိစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ငွေရေးကြေးရေး အရ ကံတရား ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ အတိတ် ရင်းနှီးမြုပ်နှံမှုများမှ အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။ ရရှိလာသော အခွင့်အရေးများကို အကျိုးရှိရှိ အသုံးချပါ။

မိသားစုအတွင်း သဘောထား ကွဲလွဲမှုတို့ကြောင့် စကားအခြေအတင် ပြောဆိုရတတ်ပါတယ်။ စိတ်လိုက်မာန်ပါ ပြုမှုခြင်းထက် စိတ်ရှည်ရှည်ထားပေးပါ။

သိဟ်ရာသီခွင် – Leo ( March 4 to March 10 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးကို မြှင့်တင်ပေးရန် လိုအပ်ပါမယ်။ အာဟာရ ပြည့်ဝသော အစားအစာများ အပြင် အစိမ်းရောင် အသီးအနှံများကို စားသုံးပေးသင့်ပါတယ်။ ကလေးငယ်ရှိသော အိမ်ထောင်သည်များ အနေနှင့် ရက်သတ္တပတ် အစောပိုင်းမှ စတင်၍ အထူးဂရုစိုက်ရန် အကြံပြုလိုပါတယ်။

ကျန်းမာရေး ညံ့ဖျင်းမှုကြောင့် ငွေကြေး သုံးစွဲရတတ်ပါတယ်။ ဘဏ္ဍာရေးအရ ပိုမိုအားထုတ်ရမည့် အနေအထားတွင် ရှိနေပါတယ်။

ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစုဘဝသည် မတည်ငြိမ်နိုင်ပေ။ မိသားစုဝင် အချို့နှင့် စကားအခြေအတင် ပြောဆိုရဖွယ် ရှိနေပါတယ်။ ခေါင်းမာမှုတို့ကြောင့် ဆက်ဆံရေးအပေါ် အနုတ်သဘောဆောင်သော သက်ရောက်မှုများ ရှိလာနိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( March 4 to March 10 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ကျန်းမာရေးနှင့်အညီ အသီးအနှံများကို ပုံမှန် စားသုံးပေးပါ။ ဒါ့အပြင် မနက်ခင်းတိုင်း လမ်းလျှောက်ပေးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ ဝင်ငွေ တိုးတက်မှုနှင့် အတူ အပိုဝင်ငွေများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လိုပါက ကျွမ်းကျင်သူများ၏ အကြံဉာဏ်များကို ရယူပေးပါ။

ဤကာလအတွင်း မိသားစုဝင်များ အကြား ဆက်ဆံရေးသည် မငြိမ်သက်နိုင်ပေ။ အတိတ်ကာလ ကိစ္စရပ် အချို့ကြောင့် စကားအခြေအတင် ပြောဆိုနေရတတ်ပါတယ်။

တူရာသီခွင် – Libra ( March 4 to March 10 )
===============================================

ယခုအပတ်မှာတော့ Libra ရာသီခွင်များ အနေနဲ့ ယုံကြည်မှု ကင်းမဲ့နေနိုင်ပါမယ်။ ဒါကြောင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ခက်ခဲနေတတ်ပါတယ်။ အကြောင်းအရာ အတော်များများကို တာဝန်ယူထားရသလို စိတ်ဖိစီးနေတတ်ပါတယ်။

ငွေကြေးအရ စီစဉ် ရေးဆွဲထားသော ကိစ္စများကို အထောင်အထည် ဖော်ဆောင်ပေးပါ။ သို့သော် အချို့သော ပြင်ဆင်မှုအတွက် ငွေကြေး အချို့ သုံးဆွဲရဖွယ် ရှိနေပါတယ်။ ငွေကြေး ချေးငှားမှုများ အတွက် အန္တရာယ်များသော အချိန်ကာ ဖြစ်ပါတယ်။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ အကယ်၍ ယခင်အချိန်က သဘောထား ကွဲလွဲမှုများ ရှိခဲ့ပါက ယခုအပတ်တွင် ပြန်လည် ဖယ်ရှားနိုင်ပါလိမ့်မယ်။ ကောင်းမွန်သော နားလည်မှုတို့ဖြင့် ရှေ့သို့ လျှောက်လှမ်းနိုင်ပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( March 4 to March 10 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှုများ ရှိလာပါမယ်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် ပိုမိုကြံ့ခိုင်လာပါမယ်။ ရာသီအကူးအပြောင်း အသေးအမွှား ဝေဒနာများ ခံစားရပေမယ့်လို့ ကြီးကြီးမားမား ရောဂါများ ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။

ငွေကြေးကိစ္စနှင့် ပက်သက်၍ စိတ်လှုပ်ရှားစရာကောင်းသော အခိုက်အတန့်ကို ကြုံတွေ့ရတတ်ပါတယ်။ အကျိုးခံစားခွင့်များ ရရှိစေရုံ သာမက ဘဏ္ဍာရေး အခြေအနေသည် ယခင်ထက် ပိုမိုအားကောင်းလာပါမယ်။ ကြွေးဟောင်း၊ ကြွေးမှီများ ပြန်လည် ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ဤကာလတစ်လျှောက်လုံး ညီအစ်ကို မောင်နှမများထံမှ ရံဖန်ရံခါ ပံ့ပိုးကူညီမှု ရရှိနိုင်မည် ဖြစ်ပြီး မိသားစုဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ မိမိ၏ မိသားစုအတွက် အချိန်ပေးပါ။

ဓနုရာသီခွင် – Sagittarius ( March 4 to March 10 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သို့သော် အတွေးလွန်ခြင်း အလေ့အထကို ဖယ်ပျောက်ပေးပါ။ မဟုတ်ပါက စိတ်ဖိစီးမှုကို ခံစားရစေကာ ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ ရလာဒ်ကောင်းကို ရရှိစေနိုင်ပါတယ်။ ဘဏ္ဍာရေး အခြေအနေ တိုးတက်မှုများ ရှိနေပါမယ်။

စီးပွားရေး လုပ်ငန်းသစ်များ စတင်ရန်အတွက် သင့်တော်သော အချိန်ကာလ ဖြစ်ပါတယ်။ ယခုအပတ်တွင် မိတ်ဟောင်းဆွေဟောင်း၊ သူငယ်ချင်းဟောင်းများနှင့် ပြန်လည်တွေ့ဆုံ ရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( March 4 to March 10 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် အလုပ်နှင့် ပက်သက်သော ဖိစီးမှုတို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါမယ်။ ကောင်းမွန်စွာ အာရုံ စူးစိုက်နိုငိမည် မဟုတ်ပေ။ ဒါ့ကြောင့် ဒီလိုအချိန်မျိုးမှာ မိမိကိုယ် မိမိ စိတ်ဖိစီးမှုကင်းအောင် ကြိုးစားပါ။

ငွေရေးကြေးရေး အရ ကံတရားသည် ကောင်းမွန်လာပါမယ်။ ပိတ်ဆို့ထားသော ငွေကြေးများကို ပြန်လည် လက်ခံရရှိနိုင်ဖွယ် ရှိနေပါတယ်။ သို့သော် ရင်းနှီးမြုပ်နှံကြသူများ အနေနှင့် အကြောင်းအရာများကို အရင် အကဲဖြတ်ပြီးမှသာ ရင်းနှီးမြှုပ်နှံလိုက်ပါ။

ဤကာလတစ်လျှောက်လုံး ညီအစ်ကို မောင်နှမများထံမှ ရံဖန်ရံခါ ပံ့ပိုးကူညီမှု ရရှိနိုင်မည် ဖြစ်ပြီး မိသားစုဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ မိသားစု ကောင်းကျိုးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်ပေးပါ။

ကုမ်ရာသီခွင် – Aquarius ( March 4 to March 10 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတို့ကြောင့် ပင်းပန်းနွမ်းနယ် နေနိုင်ပါမယ်။ မိမိလုပ်နိုင်စွမ်းထက် ပို၍ တွန်းအားမပေးပါနှင့်။ လုံလုံလောက်လောက် အနားယူပေးပါ။

အကယ်၍ အစိုးရကဏ္ဍနှင့် ပက်သက်နေပါက ယခုအပတ်တွင် သတိထားပေး ရပါမယ်။ အကျိုးအမြတ်များ ရရှိနိုင်သလို အတိုက်အခိုက်များလည်း ရှိနေတတ်ပါတယ်။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ပေါ်ပေါက်လာတတ်ပါတယ်။ အကယ်၍ မိသားစုဝင်ထဲမှ ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်နေရပါက သက်သာလာနိုင်ခြေ ရှိနေပါတယ်။

မိန်ရာသီခွင် – Pisces ( March 4 to March 10 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ အကယ်၍ အတိတ်ကာလမှ အစာမကြေခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းစသည့် ဝေဒနာများ ခံစားနေရပါက သက်သာရာ ရရှိပါလိမ့်မယ်။ စိတ်အားထက်သန်မှုနှင့်အတူ အလုပ်များကို အားတက်သရော ပါဝင် လုပ်ဆောင်နိုင်ပါမယ်။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ အောင်မြင်မှုကို ရရှိနိုင်ပါမယ်။ အခက်အခဲ အချို့နှင့် ကြုံတွေ့နိုင်ချေ ရှိနေသော်လည်း အထူး စိုးရိမ်စရာ မလိုအပ်ပေ။

သို့သော် ဤကာလ အတောအတွင်း မိသားစုဝင်များနှင့် အငြင်းအခုံ ဖြစ်တာမျိုးကို ရှောင်ကြဥ်ရပါမယ်။ ပြဿနာများကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်အောင် ကြိုးစားပေးပါ။

 

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။