ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့တဲ့ အမေရိကန်ကျောင်းဆရာ

International News
ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့တဲ့ အမေရိကန်ကျောင်းဆရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့တဲ့ အမေရိကန်ကျောင်းဆရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့တဲ့ အမေရိကန်ကျောင်းဆရာ

အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်မှ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးဟာ လူမှုရေးဘာသာရပ် ဆရာအဖြစ် ၅၃ နှစ်တိုင်တိုင် သင်ကြားပြသပေးခဲ့တာကြောင့် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။

ဂါနီးမြို့မှာ နေထိုင်တဲ့ အသက် ၇၆ နှစ်အရွယ် ကျောင်းဆရာ ပေါဒူရီယက်ဇ်ဟာ ၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်ကစပြီး ဝုဒ်လန်းအလယ်တန်းကျောင်းမှာ လူမှုရေးဘာသာရပ် ဆရာအဖြစ် စတင်ဆောင်ရွက်ခဲ့တာပါ။ သူဟာ လူမှုရေးဘာသာရပ်ဆရာအဖြစ် အချိန်အကြာဆုံး ဆောင်ရွက်ခဲ့လို့ ဂင်းနက်စ်စံချိန် တင်ခဲ့တာပါ။

” ငယ်ငယ်ကဆိုရင် အဖေက (ဒုတိယကမ္ဘာစစ်အတွင်း) ဂျာမန်ဗုံးခိုကျင်းတွေထဲ ဝင်ရောက်တိုက်ခိုက်တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြတယ်။ အဲဒီကနေပဲ သမိုင်းကို စိတ်ဝင်စားလာခဲ့တာပါ”လို့ ပေါဒူရီယက်ဇ်က ဆိုပါတယ်။

သူ တပည့်တစ်ယောက် လူမှုရေးဘာသာရပ်ဆရာ ဖြစ်လာခဲ့တဲ့နေ့ဟာ သူ့ဘဝရဲ့ ဂုဏ်ယူရဆုံးအချိန်ပဲလို့ ပေါဒူရီယက်ဇ်က ပြောပါတယ်။ ” ကိုယ် စိတ်အားထက်သန်တဲ့အလုပ်ကို စဉ်ဆက်မပြတ် လုပ်သွားဖို့ပါပဲ။ ဒါဟာ ကမ္ဘာ့စံချိန်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။