နှာချေတာနဲ့ အတိတ်နိမိတ်

Astrology
နှာချေတာနဲ့ အတိတ်နိမိတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှာချေတာနဲ့ အတိတ်နိမိတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှာချေတာနဲ့ အတိတ်နိမိတ်

နှာချေတာကလည်း နိမိတ်ပဲ​လူတိုင်းကနှာချေဖူးကြမှာပါ။ အအေးမိသည်ဖြစ်စေ၊ အမှုန်အမွှား၊ အမွှေးအမျှင်များ၊ နှာမွန်ခြင်း၊ နှာဝဆီသို့ ဝင်လာတဲ့အခါမှာ ယားယံလာပြီဆိုရင် “ဟပ်ချိုး…ဟပ်ချိုး” ဟူသောအသံဖြင့် နှာချေတတ်ကြတယ်။ သဘာဝတရားဖြစ်သော်လည်း အတိတ်နိမိတ်ကောက်သော ပညာရှင်များက နှာချေတဲ့ အချိန်မှာ ချေတဲ့အနေအထား ချေတဲ့အပေါ်တွင် မူတည်ပြီး ဖြစ်လာမဲ့ နိမိတ်ကို အောက်ပါအတိုင်း ရှင်းပြ လေ့လာတွေ့ရှိထားပါတယ်။​

၁). နံနက်စောစော နှာချေပါက​
-ကံကောင်းသော နိမိတ်ဖြစ်ပါတယ်။ ဒီနိမိတ်ဟာ သင်တစ်စုံတစ်ခု ကိုဆုံးဖြတ်ချက် ချထားရင် အဲဒီဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ဆိုလိုပါတယ်။​

၂). ညအချိန် နှာချေပါက​
-ကံမကောင်းသော နိမိတ်ဖြစ်ပါတယ်။ ဒီလိုနိမိတ်မျိုးဟာ သင်ဆီ စိတ်ညစ်စရာသတင်းစကား ကြားရမယ်လို့ ဖော်ပြထားပါတယ်။​

၃).သုံးကြိမ်ဆက်တိုက်နှာချေမိပါက
-ဒီလိုနိမိတ်မျိုးဟာ သင်ဆုံးဖြတ်ချက်ချလိုက်တိုင်း မှားယွင်းနိုင်တယ်လို့ ညွှန်ပြတဲ့နိမိတ်ဖြစ်တယ်။​

၄).နှာချေလိုသော်လည်း မချေရဖြစ်နေပါက -တစ်ယောက်ယောက်က မိမိအပေါ်မှာ မေတ္တာရှိနေသော်လည်း ဖွင့်ပြောရအခက်နေတယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။​

၅).စကားပြောနေစဉ် နှာချေပါက -နှာချေသောသူရဲ့ ပြောစကားမှန်သမျှဟာ မုသားတွေသာ ဖြစ်တယ်လို့ နိမိတ်ရတယ်။​

၆).တနင်္ဂနွေနေ့မှာ နှာချေလျှင် -အေးအေးဆေးဆေး အခြေအနေဖြစ်မယ်လို့ယူစတယ်။​

၇).တနင်္လာနေ့မှာ နှာချေလျှင် -အန္တရာယ် တွေ့ကြုံရလိမ်မယ်လို့ ဖော့ပြတဲ့ နိမိတ်ဖြစ်တယ်။​

၈).အင်္ဂါနေ့မှာ နှာချေလျှင် -စိတ်ညစ်ရမယ် ဆိုတဲ့နိမိတ်ဖြစ်တယ်။​
၉).ဗုဒ္ဓဟူးနေ့မှာ နှာချေလျှင် – အအေးမိသောကြောင့် ဖြစ်တယ်။​

၁၀).ကြာသပတေးနေ့မှာ နှာချေလျှင် – ယခင်ကထက် အခြေအနေပိုကောင်းလာပြီဆိုသော နိမိတ်ဖြစ်တယ်။​

၁၁).သောကြာနေ့မှာ နှာချေလျှင် – ဝမ်းနည်းကြေကွဲစရာများနဲ့ တွေ့ကြုံရတယ်လို့ ဖော်ပြထားပါတယ်။​

၁၂).စနေနေ့မှာ နှာချေလျှင် – အချစ်စစ်နဲ့ တွေ့ကြုံရမယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။