လက္ခဏာမှာ အလံပါသူအကြောင်း

Astrology
လက္ခဏာမှာ အလံပါသူအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက္ခဏာမှာ အလံပါသူအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက္ခဏာမှာ အလံပါသူအကြောင်း

လေ့လာသူများအနေနဲ့ တနဂ်နွေဂြိုဟ်ခုံအောက် တစ်နည်းအားဖြင့် လက်သကြယ်အောက်မှာ ပုံပါအတိုင်းအလံပါရှိနေရင် အကျိုးကောင်းများစွာခံစားရပါလိမ့်မယ်….ဒီလိုအလံအမှတ်အသားပါရှိဖို့ဆိုတာလဲမလွယ်ပါဘူး….လေ့လာနိုင်ဖို့မျှဝေပါတယ်.
ဒီလိုပါသူတွေဟာသူတို့ရဲ့ဘဝမှာအောင်မြင်မှုကောင်းခြင်း၊နာမည်ဂုဏ်သတင်းကျော်ဇောခြင်းများစွာကိုရရှိခံစားရတတ်ပါတယ်…အဓိက အနေနဲ့နိုင်ငံရပ်ခြားမှာပိုပြီးအောင်မြင်မှုရရှိနိုင်ပါတယ်…

နောက်တစ်ခုကတော့ ဒီလိုအလံပါသူတွေဟာ ဘဝတစ်သက်တာအထိ အဆင်ပြေစွာနေရခြင်း၊ကိုယ်လုပ်ဆောင်မှုနဲ့လုပ်ငန်းများမှာအချိန်အတိုအတွင်းအောင်မြင်နိုင်မယ်လို့ပြပေးပါတယ်…အားသာမှုတွေကဒီအမှတ်အသားကြောင့် အကျိုးပိုရစေပါတယ်…
ယခုလက္ခဏာပိုင်ရှင်ဟာ နိုင်ငံရပ်ဝေးမှာဖြစ်ပါတယ်….ရပ်ဝေးမှာအဆင်ပြေမှုကိုကောင်းစွာရရှိနေသူဖြစ်ပါတယ်…ပြီးတော့ ကံလမ်းမကြီးဟာလဲအားကောင်းသူမို့ သူ့အကျိုးကတော့တကယ့်ကိုကောင်းနေသူဖြစ်ပါတယ်..ဒါကြောင့် အလံပုံကိုမြင်ဖူးအောင်လို့မျှဝေပေးလိုက်ပါတယ်..

( မှတ်ချက်) ပုံပါအတိုင်းပါရှိဖို့လိုအပ်ပါတယ်…အဖြတ်တွေနဲ့စပ်ပြီးအလံလုပ်လို့တော့မရပါဘူး..တကယ့်အလံဖြစ်မှသာအကျိုးရရှိမှာပါ….ဘယ်၊ညာကြည့်ပြီးစစ်ဆေးပါ…တစ်ဖက်မှာပါနေရင်ကိုအကျိုးကောင်းကောင်းရရှိနိုင်ပါတယ်.
ကျေးဇူးရှင်များနဲ့ ခုနှစ်ရက်သားသမီးများကျန်းမာချမ်းသာ ဘေးရန်အပေါင်းကင်းဝေးကြပါစေ

ရေးသားသူ –Htet Paing Oo

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။