လက်ရှိအချိန်ထိ ကျက်သရေရှိရှိ လှပနေဆဲ “ချစ်ချစ်ဇော်”နဲ့ “လင်းဇာနည်ဇော်” တို့ညီအစ်မ

Celebrity Local News
လက်ရှိအချိန်ထိ ကျက်သရေရှိရှိ လှပနေဆဲ “ချစ်ချစ်ဇော်”နဲ့ “လင်းဇာနည်ဇော်” တို့ညီအစ်မ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်ရှိအချိန်ထိ ကျက်သရေရှိရှိ လှပနေဆဲ “ချစ်ချစ်ဇော်”နဲ့ “လင်းဇာနည်ဇော်” တို့ညီအစ်မ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကျက်သရေရှိရှိ လှပနေဆဲ “ချစ်ချစ်ဇော်”နဲ့ “လင်းဇာနည်ဇော်” တို့ညီအစ်မ

မြန်မာ့ရုပ်ရှင်လောကမှာ တစ်ခေတ်တခါက နာမည်ကြီးခဲ့ တဲ့ အနုပညာရှင် ညီအစ်မ နှစ်ဦးရှိခဲ့ပါတယ်။ သူမတို့ ကတော့ အစ်မဖြစ်သူ ချစ်ချစ်ဇော် နဲ့ ညီမဖြစ်သူတို့ပဲ လင်း ဇာနည်ဇော် ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကတော့ ရုပ်ရှင် ဇာတ်ကားတွေကို ဖန်တီးသရုပ်ဖော်တဲ့ နာမည်ကြီး ဒါရိုက်တာ မိုက်တီး ပဲ ဖြစ်ပါတယ်။လင်းဇာနည်ဇော် ရဲ့ အစ်မဖြစ်သူ ချစ်ချစ်ဇော် ဟာ ယဉ်ကျေးမှုဌာန ဆရာမဖြစ် ခဲ့ဖူးသူတစ်ဦးဖြစ်ပြီးနောက်ပိုင်းမှာ အနုပညာလောကကို ဝင်ရောက်လာခဲ့ပါတယ်။

သူမဟာ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီး နဲ့အတူ ဒေါ် အောင်ဆန်းစုကြည်အပတ်စဉ် မိန့်ခွန်းပြောစဉ် သွားရောက် နားထောင်ခဲ့မှုနဲ့ ပန်းစည်းပေးမူကြောင့် ယဉ်ကျေးမှုဌာန ဆရာမဘဝမှ အနားယူခဲ့ရသူဟု ကြားဖူးပါတယ်။လင်း ဇာနည်ဇော် ကတော့ ဆံနွယ်ရှည်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေ ချစ်ခင် အားပေးရတဲ့ မင်းသမီး တစ်လက်ဖြစ်ပါတယ်။ သူမဟာ နာမည်ကြီး မင်းသားတစ်လက်ဖြစ်ခဲ့တဲ့ ရဲကိုကို ရဲ့ဇနီးဖြစ် ပြီး လက်ရှိချိန်မှာတော့ အိမ် ထောင်ရေးအဆင်မပြေတာ ကြောင့် ကွာရှင်းခဲ့တာ ကြာခဲ့ပါပြီ။

သူမဟာ ချစ်ရတဲ့တစ်ဦးတည်းသမီးလေးကို တာဝန်ယူ စောက်ရှောက်နေပြီး ဝမ်းရေးအဖြစ် “ရွှေခေါက်ဆွဲ”နာမည် နဲ့ အရသာရှိတဲ့ ရွှေတောင်ခေါက်ဆွဲ များကို အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ အရမ်းကိုချစ်ကြတဲ့ ချစ်ချစ်ဇော် နဲ့ လင်းဇာနည်ဇော် တို့ရဲ့ ငယ်စဉ်ကဓာတ်ပုံလေးတွေနဲ့ အခုလက်ရှိ ပျိုပြီး ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်နော်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။