ဘေးကင်း‌စေသော ကွမ်းရွက်ကလေး

Astrology
ဘေးကင်း‌စေသော ကွမ်းရွက်ကလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘေးကင်း‌စေသော ကွမ်းရွက်ကလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘေးကင်း‌စေသော ကွမ်းရွက်ကလေး

ကျွန်ုပ်ငယ်စဉ်က မိဘများ ဥပုသ်နေ့တွင် ဘုန်းကြီး ကျောင်းသို့ ဥပုသ်စောင့်သွားသည့်အခါ လိုက်ပါ၍ သွားလေ့ရှိ၏။ ကျွန်ုပ်မှာ ဥပုသ်စောင့်ရန်မဟုတ်။ ကျောင်းတွင် ရှိသော ကျွန်ုပ်နှင့်ရွယ်တူ ကိုရင်ကလေးများ၊ ဘုန်းကြီး ကျောင်းသားကလေးများနှင့် ကစားရန်ဖြစ်၏။ ကျောင်းသို့ ရောက်သည်နှင့် ဆူညံအော်ဟစ်ကာ ကစားကြလေ၏။

တစ်နေ့တွင် ဆရာတော်ကြီးက ကျွန်ုပ်တို့အားလုံးအားခေါ်ယူကာ-
“ကိုရင်တွေနဲ့ မောင်ကျောင်းသားတို့ နားထောင်ကြ၊ တစ်ခါတုန်းက တက္ကသိုလ်မှာ ပညာသင်ပြီးပြန်လာတဲ့ မင်းသားသုံးပါးဟာ ဘီလူး(၃ဝ)ကြီးစိုးတဲ့ တောထဲကို ရောက်သွားတယ်၊ ဘီလူးတွေက သူတို့ကို ဖမ်းပြီး စားမယ် လုပ်တော့တာပဲ၊ အဲဒီမှာ မင်းသားသုံးပါးအနက် ဉာဏ်ရှိတဲ့ မင်းသားက ဒီလိုလုပ်ပါတဲ့ . . . ၊ ကျုပ်တို့သုံးယောက်ရော ခင်ဗျားတို့ ဘီလူး(၃၀)ရော ဝိုင်းပြီး ရပ်နေမယ် . . .၊ ဟောဒီအရပ်မြင့်မြင့် ဘီလူးကြီးကနေ ညာရစ်ရေမယ်၊ တစ် ၊ နှစ် သုံး လေး ရေရမယ်၊ တစ်ဆယ်ကျတဲ့ နေရာမှာ ကျုပ်တို့မင်းသား ရှိရင်လည်း thetပစ်လိုက်ပါ၊ ခင်ဗျားတို့ ဘီလူးရှိလည်း thetသတ်ပစ်မယ်၊ ကျေနပ်လားလို့ မေးတယ်၊ အဲဒီတော့ ဘီလူး (၃၀)ကလည်း ကျေနပ်တယ်လို့ ပြောတယ်။

အဲဒီမှာ ဥာဏ်ရှိတဲ့ မင်းသားက တစ်ဆယ်မကျတဲ့(၃) နေရာမှာ သူအပါအဝင် မင်းသားသုံးပါးကို နေရာချလိုက် တယ်၊ ဘီလူးတွေက ရေတာပေါ့. . . ၊ ရေတဲ့အခါတိုင်း ဘီလူးပဲကျတယ်၊ ဘီလူးပဲ အthetခံသွားရတယ်၊ နောက်ဆုံး မှာ ဘီလူး(၃၀) ကုန်သွားတယ်၊ မင်းသားသုံးပါး လွတ်သွား တယ်၊ မင်းသားသုံးပါးလွတ်အောင် ဘယ်နေရာမှာ နေတယ် ဆိုတာ မောင်ကျောင်းသားနဲ့ ကိုရင်တို့ စဉ်းစားပေတော့ . . .” လို့ မိန့်တော်မူလေ၏။

အချို့မှာ ကျောက်သင်ပုန်းဖြင့် အချို့မှာ ခဲလုံးကလေး များဖြင့် ဘီလူး(၃၀)၊ မင်းသားသုံးပါးဟု နေရာချကြ၏။ နံနက်ထမင်းစားချိန်ရောက်သည့်တိုင်အောင် အဖြေမရသဖြင့် ကိုရင်ကလေးများလည်း ဆွမ်းငတ်ကြ၏။ ကျွန်ုပ်နှင့် ကျောင်းသားလေးများလည်း နံနက်စာ ထမင်းမစားကြရပေ။ ထိုအခါ ကျမှ ဆရာတော်ကြွလာပြီးလျှင်-

“ဘီလူး(၃၀)နဲ့ မင်းသားသုံးပါးဆိုတော့(၃၃)ပေါ့ကွာ . . . ၊ အဲဒီ(၃၃)ဟာ ဗျည်း(၃၃)လုံးလို့ မှတ်ထားလိုက်၊ စရေ တဲ့ အရပ်မြင့်မြင့် ဘီလူးဟာ (က) ပေါ့ကွာ . . . ၊ ကျန်တာ ကတော့ အစဉ်အတိုင်း(ဂ)၊ (ဃ) တို့ပေါ့ကွာ . . . ၊ အဲဒီတော့ (ဏ)နေရာမှာ နေရင်၊ (ဘ) နေရာမှာနေရင်၊ (၇)နေရာမှာနေရင် (၁၀)လွတ်တယ်ကွ . . . ၊ မင်းသားသုံးပါးဟာ အဲဒီမှာ နေကြတာ . . . ၊ အလွယ်မှတ်ထားဖို့ကတော့ ‘ဏဘရံ ဘေးမရှိ’ ပေါ့ကွာ . . . ” ဟု ပြောပြီးလျှင် ကွမ်းအစ်မှ ကွမ်း ရွက်များကို ယူ၍ ထုံးဖြင့် အောက်ပါ ‘ဏဘရံ’ များရေးကာ ကျွန်ုပ်တို့အား ချီးမြှင့်လိုက်လေတော့သတည်း။

ကျွန်ုပ်သည် ထိုအချိန်က ဆရာတော်ရေးပေးသော ဏဘရံ ကို မှတ်ထား၏။ နောင်တွင် ကျွန်ုပ်ဆရာဖြစ်လာ သောအခါ၌လည်း ထို ‘ဏဘရံ’ ကိုပင် ယတြာအဖြစ်လည်းကောင်း၊ အဆောင်အဖြစ်လည်းကောင်း အသုံးချခဲ့၏၊ အောင်မြင်ခဲ့၏။
ထို့ကြောင့် ထိုကွမ်းရွက်ကို “ဘေးကင်းသော ကွမ်းရွက်ကလေး” ဟု အမည်ပေးထား၏။ ယခုထက်တိုင် လည်း အသုံးချနေဆဲဖြစ်၏။ ကျွန်ုပ်၏ မိတ်ဆွေများ အလွယ်တကူ သုံးနိုင်စေရန် ကျွန်ုပ်၏ အဟောင်းပုံထဲမှ အကြောင်း စုံကို ဖော်ပြလိုက်ပေတော့သတည်း။

ရေးသားသူ –mintheinkha

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။