အစာစားရင် မြန်မြန်မစားဖို့ အလျင်စလိုမစားဖို့ ပြောရတဲ့အကြောင်းအရင်း

Health Knowledge
အစာစားရင် မြန်မြန်မစားဖို့ အလျင်စလိုမစားဖို့ ပြောရတဲ့အကြောင်းအရင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစာစားရင် မြန်မြန်မစားဖို့ အလျင်စလိုမစားဖို့ ပြောရတဲ့အကြောင်းအရင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစာစားရင် မြန်မြန်မစားဖို့ အလျင်စလိုမစားဖို့ ပြောရတဲ့အကြောင်းအရင်း

ထမင်းကို ဖြည်းဖြည်းစားပါ…နောက်က ကျားလိုက်မလာပါဘူး” လို့ စာဖတ်ပရိသတ်တွေ အပြောခံရဖူးတယ်မလား။ မနက်စာ၊ နေ့လည်စာ၊ ညစာစားတဲ့အချိန်မှာ အလျင်စလိုမစားဖို့၊ ဖြည်းဖြည်းစားဖို့ ပြောရတာက သင့်အတွက် ကောင်းစေချင်လို့ပါ။ ကျွန်တော်တို့အများစုက အလုပ်များတာကြောင့်၊ အရေးတကြီးလုပ်စရာရှိတာကြောင့် မနက်စာနဲ့ နေ့လည်စာကို မြန်မြန်ဆန်ဆန်စားပြီး မြိုချပစ်ချင်ကြပါတယ်။ မနက်ခင်းဆို အလုပ်ခွင်ဝင်ရဖို့ အလျင်စလိုပြင်ဆင်ကြရပြီး နေ့ခင်းဘက်ဆိုရင်လည်း အစည်းအဝေးလုပ်ဖို့ အချိန်ဖယ်ထားရတာကြောင့် နေ့လည်စာကို မြန်မြန်စားဖြစ်နေကြရပါတယ်။

ကျွန်တော်တို့တွေက ဒီအကျင့်ကို နေ့စဉ်နဲ့အမျှလုပ်မိနေကြပါတယ်။ ဒီအကျင့်က ကျွန်တော်တို့အတွက် မကောင်းဘူးဆိုတာကို လျစ်လျူရှုမိနေတဲ့အတွက်ကြောင့်ပါ။ ထမင်းကို မြန်မြန်စားတဲ့အတွက် ကောင်းတဲ့အရာတွေ ဘာတစ်ခုမှရမှာမဟုတ်ပါဘူး။

အလုပ်များနေရင်တောင် ထမင်းစားတဲ့အခါ အချိန်ပေးပြီးတော့ အလျင်စလိုမစားဘဲ သေချာစားပေးဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ တစ်နေ့တာစားတဲ့အစားစာတွေက ကျွန်တော်တို့ တစ်နေ့တာအလုပ်လုပ်နိုင်ဖို့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနေတာပါ။ ဒါကြောင့် အစာကို မြန်မြန်စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ခဏခဏ အစာစားချင်နေမယ်

အစာကို မြန်မြန်စားမယ်ဆိုရင် သင့်ခန္ဓာကိုယ်က လိုအပ်တာထက် သင်ဟာ ကယ်လိုရီတွေကို ပိုစားမိပါတယ်။ မြန်မြန်စားလိုက်တဲ့အခါ သင့်ဦးနှောက်က ဗိုက်ပြည့်သလိုမခံစားရတဲ့အတွက် ခဏခဏ အစာစားချင်နေတတ်ပါတယ်။ အစာကို ဖြည်းဖြည်းချင်းစားတာက သင့်ဦးနှောက်လုပ်ဆောင်ချက်တွေကောင်းအောင် ကူညီပေးပါတယ်။ သင့်အစာအိမ်က ဗိုက်ပြည့်တဲ့အခါ ဦးနှောက်ကို အချက်ပြတဲ့အတွက် အစာစားတာကို သင်က ရပ်တန့်လိုက်တာဖြစ်ပါတယ်။

ကိုယ်အလေးချိန်တက်လာမယ်

ခဏခဏစားတာ၊ အလွန်အမင်းစားတာက အခြားကျန်းမာရေးပြဿနာတွေပေးတဲ့ ကိုယ်အလေးချိန်တက်စေပါတယ်။ သင့်ခန္ဓာကိုယ်က ကိုယ်အလေးချိန်တက်လာရင်းနဲ့ ခန္ဓာကိုယ်ကဆဲလ်တွေမှာ ကယ်လိုရီအပိုတွေအားလုံးကို သိုလှောင်ထားရပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ကို ထိန်းဖို့အတွက် ထမင်းစားရင် အလျင်စလိုမစားမိအောင် ကြိုးစားကြည့်ပါ။ သင် စားလိုက်တဲ့အစားအစာက အာဟာရဓာတ်တွေကို စုပ်ယူဖို့ ကူညီပေးရာရောက်ပြီး မလိုအပ်ဘဲ ကိုယ်အလေးချိန်တက်လာခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အစာမကြေဖြစ်မယ်

မကြာခဏ အစာကို မြန်မြန်စားတာက အစာမကြေတဲ့ပြဿနာကို ရင်ဆိုင်ရစေနိုင်ပါတယ်။ အစာကို အလျင်စလိုစားလိုက်တဲ့အတွက် သေချာမဝါးဖြစ်ဘဲ ရေနဲ့အစာကို မြိုချလိုက်တဲ့အခါ ဒီပြဿနာဖြစ်လာရတာပါ။ ဒါက အစာခြေစနစ်ကို အစာချေဖျက်ဖို့အတွက် ခက်ခဲသွားစေတာကြောင့် လေအောင့်တာ၊ အစာမကြေတာတွေဖြစ်လာရပါတယ်။

ဆီးချိုရောဂါဖြစ်လာနိုင်တယ်

အစာကို မြန်မြန်စားတာက ဆီးချိုရောဂါကို တိုက်ရိုက်မဖြစ်စေနိုင်ပေမဲ့ ဒီရောဂါဖြစ်လာနိုင်ချေများလာစေနိုင်ပါတယ်။ အစာကို မြန်မြန်စားလိုက်မိလို့ လေထိုးလေအောင့်တာက သွေးအတွင်း အင်ဆူလင်ဓာတ်တိုးလာစေနိုင်ပြီး နောက်ပိုင်းမှာ ဆီးချိုရောဂါ အမျိုးအစား (၂) ကိုဖြစ်လာနိုင်ပါတယ်။

ချောင်းဆိုးလာမယ်

ချောင်းဆိုးတာကတော့ မကြာခဏ မဖြစ်ပါဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာ အစာကို သတိလက်လွတ် မြုံ့ပြီး မျိုချမိတဲ့အခါ အခက်မသင့်ရင် ထမင်းသီးပြီး ချောင်းဆိုးသွားစေနိုင်ပါတယ်။ ကလေးတွေက ဒီပြဿနာကို ပိုပြီး ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါ၊ အစာစားတဲ့အခါ အလျင်စလိုမြန်မြန်မစားဘဲ အချိန်ယူပြီး သေသေချာချာဝါးစားပေးတာ အကောင်းဆုံးပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။