ခုနစ်ရက်သားသမီးများအတွက် 29.10.2023 မှ 4.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 29.10.2023 မှ 4.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 29.10.2023 မှ 4.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 29.10.2023 မှ 4.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း


တနင်္ဂနွေသားသမီး

သူတစ်ပါးနှင့်ဆန့်ကျင်ပြောဆိုလိုသောစိတ် တဖွားဖွားပေါ်ပေါက်နေမည်။ အငြင်းအခုံများမည်။ စိတ်တိုဒေါသထွက်လွယ်မည်။ အရွဲ့တိုက်ခြင်း၊ ကလဲ့စားချေခြင်း၊ အတိုက်အခံပြုလိုခြင်းများဖြစ်မည်။ ငွေကြေးအပေးအယူ ဂရုစိုက်ရမည်။ လျှို့ဝှက်ချက်များပေါက်ကြားတတ်သည်။ စာရွက်စာတမ်း၊ ငွေကြေးလက်ပြောင်းလက်လွှဲတို့တွင် အန္တရာယ်ဖြစ်တတ်သည်။ ပြောင်းလာသောလူသစ်များနှင့် အဆင်မပြေ။

လုပ်နေကျပုံစံများကို အသွင်ပြောင်း၍ ကမောက်ကမဖြစ်မည်။ မသိသည်ကို သိသယောင်၊ မကျွမ်းကျင်သည်ကို ကျွမ်းကျင်သယောင်ပြု၍ ဆရာလုပ်လာသူများနှင့် ထိပ်တိုက်ရင်ဆိုင်ပဋိပက္ခဖြစ်မည်။ လုပ်ဖော်ကိုင်ဖက်ချင်း ပြိုင်ဆိုင်မှုရှိမည်။ လူညစ်များနှင့် တွေ့တတ်သည်။ ရန်သူသစ်များနှင့်လည်း ရင်ဆိုင်ရမည်။

ယတြာ – မျက်နှာသုပ်ပဝါ တစ်ထည်လှူပါ။

တနင်္လာသားသမီး

စိတ်မပါဘဲလုပ်ကိုင်သောကိစ္စများမှ ထူးခြားသောအကျိုးဆက်ဖြစ်လာမည်။ အခက်အခဲများကြားမှ ထူးခြားသောတိုးတက်မှုများဖြစ်မည်။ တစ်ပြိုင်နက်တည်းဆောင်ရွက်သောအလုပ်ကိစ္စများမှ ထူးခြားသောအကျိုးဆက်များဖြစ်လာမည်။ အတတ်ပညာကိုအသုံးချ၍ အောင်မြင်တိုးတက်မှုများရမည်။ တိုက်ခိုက်ရန်လိုနေသူများနှင့်လည်း ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရမည်။ တစ်ပါးသူလက်ရောက် ကိုယ်ပိုင်ရပိုင်ခွင့်များကိုလည်း ပြန်လည်သိမ်းပိုက်နိုင်မည်။ စကားမတည်သူများနှင့် တွေ့မည်။

မိတ်သစ်၊ ဆွေသစ်များနှင့် လုပ်ငန်းသစ်များကိုချဲ့ထွင်ဆောင်ရွက်ရင်း တိုးတက်မှုများထူးခြားစွာရရှိမည်။ မိသားစုတွင်လည်း ကြာမြင့်စွာဆောင်ရွက်သည့် လုပ်ငန်းများကို ကောင်းစွာအပြီးသတ်၍ လုပ်ငန်းလမ်းကြောင်းသစ်သို့ ဦးတည်မည်။ ငွေကြေးကံ အထူးကောင်းမည်။ အကြံအစည်အောင်မြင်မည်။ မျက်နှာပွင့်လန်းမည်။

ယတြာ – လမ်းချိုင့်၊ မြေတွင်း၊ လမ်းပျက်များကို မြေဖို့ခြင်းပြုပါ။

အင်္ဂါသားသမီး

ထူးခြားသောပုဂ္ဂိုလ်များနှင့် ဆုံရတတ်သည်။ နာမ်ဝိညာဥ်လောကနှင့် ဆက်နွှယ်သော အတွေ့အကြုံများရမည်။ ဖြစ်ပေါ်တော့မည့်ကိစ္စများကို ကြိုတင်ခံစားသိရှိနေမည်။ သေဆုံးသွားသောသူများကို အိမ်မက်မြင်မက်မည်။ အိမ်အနီးတွင် နာရေးဖြစ်ပေါ်ခြင်းရှိမည်။ ဘာသာရေးနှင့်ပတ်သက်သော လက်ဆောင်ပစ္စည်းရရှိမည်။ ထူးခြားသောရုပ်ပွားတော်များကို ဖူးတွေ့ရလိမ့်မည်။ ဘုရားတည်၊ ကျောင်းဆောက်ကိစ္စများတွင် အလှူကိစ္စပြုရလိမ့်မည်။ အတတ်ပညာကို အခြေတည်၍ တိုးတက်မည်။

ကိုယ်ပိုင်အစွမ်းများပေါ်လွင်မည်။ ပညာသင်တန်းနှင့် ပတ်သက်သောကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ ပြည်တွင်းသာမက ပြည်ပအတတ်ပညာများ လေ့လာသင်ကြားနိုင်သည်။ ကျွမ်းကျင်စွာသင်ကြားတတ်မြောက်ထားပြီး အသုံးမတည့်၍ မသုံးဖြစ်သည့်ပညာရပ်ဟောင်းတစ်ခုကို ပြန်လည်လေ့လာသုံးစွဲနိုင်သော အခြေအနေကောင်းရှိမည်။

ယတြာ – ရွှေထီး ၂ လက်ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

မိသားစုအကြီးအကဲများ ကျန်းမာရေးချူချာမည်။ စကားမှားတတ်သည်။ ကတိလွန်တတ်သည်။ လုပ်ရိုးလုပ်စဥ်မဟုတ်သောကိစ္စများ ဆောင်ရွက်ရမည်။ ကုန်ကျစရိတ်ကြီးမြင့်မည်။ အပျောက်အရှများမည်။ ရင်းနှီးသူများနှင့် စကားများရမည်။ ပြည်ပ၊ နိုင်ငံရပ်ခြားနှင့်ပတ်သက်သောခရီးကိစ္စမှန်သမျှ ဆောင်ရွက်အောင်မြင်မည်။ မိတ်ဆွေရင်းများနှင့် စကားများရတတ်သည်။ ပြဿနာအသေးစားကို အကျယ်ချဲ့၍ စိတ်သောကရောက်ရမည်။ အိမ်တွင်းပဋိပက္ခများ ဖြေရှင်းအဆင်ပြေမည်။

ပစ္စည်းလှောင်ခြင်း၊ စျေးကစားခြင်မပြုရ။ ငွေကြေးကိစ္စ ကြားဝင်တာဝန်ယူခြင်းရှောင်ပါ။ ငွေလိမ်ခံရတတ်သည်။ တစ်ပါးသူကတိစကားကို ယုံကြည်ပြီးရင်းနှီးမြှုပ်နှံခြင်းများမပြုရ။ တစ်ပါးသူကိုအကြောင်းပြု၍ ပြဿနာများဖြေရှင်းရမည်။ အစားအိမ်၊ ဝမ်းဗိုက်နှင့်ပတ်သက်သည့်ဝေဒနာ၊ သွား၊ သွားဖုံးဒုက္ခပေးခြင်းများ ခံစားရမည်။

ယတြာ – ဆီထမင်း ၅ ပွဲ ဘုရားကပ်လှူပါ။

ကြာသပတေးသားသမီး

အခက်အခဲများကိုကျော်လွှား၍ လိုရာဆန္ဒနှင့်ရည်ရွယ်ချက်ကို ရှေ့တိုး၍ ဆောင်ရွက်နိုင်လိမ့်မည်။ ကိုယ်စွမ်းကိုယ်စနှင့်ကြိုးပမ်းဆောင်ရွက်သောကိစ္စများမှ အကျိုးဆက်ကောင်းရရှိမည်။ စုပေါင်းတွဲလုပ်သောလုပ်ငန်းများမှ ကောင်းကျိုးရရှိမည်။ ကာလအတန်ကြာ ကွဲကွာနေသူများနှင့် ပြန်လည်ပေါင်းစည်းရမည်။ ပဋိပက္ခများအေးငြိမ်းသွားမည်။ လုပ်ငန်းတိုးချဲ့အောင်မြင်မည်။ စုပေါင်းလုပ်ငန်းအကျိုးပေးမည်။

လက်လွန်ထားသောငွေကြေးများ ပြန်လည်ရရှိမည်။ မတော်တဆထိခိုက်မှုဂရုစိုက်ရမည်။ နေအိမ်ဝန်းကျင်အနီးအပါးတွင် မီးလန့်ခြင်းရှိမည်။ အိမ်တွင် လျှပ်စစ်မီးအန္တရာယ် ဂရုစိုက်ရမည်။ ပျိုရွယ်သူများအဖို့ မိမိ၏မိဘနှင့် မိတ်ဆွေ စီးပွားဖက်မိသားစုမှ သူတစ်ဦးနှင့် မေတ္တာရေးကိစ္စပေါ်ပေါက်မည်။ မည်သည့်ကိစ္စဆောင်ရွက်သည်ဖြစ်စေ တစ်ကြိမ်မကစဥ်းစားပြီးမှ ဆုံးဖြတ်ဆောင်ရွက်ပါ။

ယတြာ – သက်သက်လွတ်မုန့်ဟင်းခါး ဘူးသီးကြော်နှင့် ကပ်လှူပါ။

သောကြာသားသမီး

အခက်အခဲအားလုံးပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်။ အတိုက်အခံပြုသူအားလုံးကို ကျော်လွှားနိုင်၍ အလိုရှိရာဆောင်ရွက်အဆင်ပြေမည်။ ပုံမှန်ထက်ငွေဝင်မည်။ တစ်ပါးသူဆောင်ရွက်ရန်ခက်ခဲသောကိစ္စများကို ဖြေရှင်းလုပ်ကိုင်၍ တိုးတက်အောင်မြင်မည်။ ကိုယ်ပိုင်အစွမ်းအစများပေါ်လွင်မည်။ လူမျိုးကွဲအကျိုးပေးသည်။ ရပ်ဝေးတွင်ရောက်ရှိနေသူများထံမှ ကောင်းသောသတင်းစကားကြားသိရမည်။

အရွယ်နှင့်မမျှလုပ်ငန်းကြီး၊ တာဝန်ကြီးများကို ကိုင်တွယ်ဆောင်ရွက်ရမည်။ ကြီးမားသောပြဿနာများဖြစ်ပေါ်လာနိုင်သည့်အကြောင်းအရာများကို လက်မတင်ကလေးဖြေရှင်းနိုင်လိမ့်မည်။ လမ်းသစ်ထွင်၍ ဆောင်ရွက်ခြင်းဖြင့် အလိုရှိရာပြည့်စုံမည်။ အချိန်နာရီတိုင်းသည် မိမိအတွက် အထောက်အကူပြုမည်။ ရှေ့ရိုးဆန်ခြင်း၊ စိုးရိမ်ကြီးလွန်းခြင်းလျှော့ပါ။ နေရာထိုင်ခင်းပြုပြင်တိုးချဲ့ခြင်းများဆောင်ရွက်အကျိုးပေးမည်။

ယတြာ – နှင်းဆီပန်း၉ပွင့်ကို ဘုရားတစ်ဆူတွင် သွားရောက်လှူဒါန်းပါ။

စနေသားသမီး

ညာခြေ၊ ညာလက်တွင် မတော်တဆထိခိုက်မှုဖြစ်မည်။ လုပ်နေသောလုပ်ငန်းများနှောင့်နှေးဆိုင်းငံ့ခြင်းရှိမည်။ အသစ်သုံးစွဲနေသော ပိုက်ဆံအိတ်ကို ခဏဖယ်ရှား၍ မူလသုံးနေသောအဟောင်းကိုပြန်သုံးပါ။ အရာရာအဆင်ပြေသွားမည်။ တစ်ပါးသူစကားနားယောင်၍ ပစ္စည်းဝယ်ယူမည့်ကိစ္စကို ဆိုင်းငံ့လိုက်ပါ။ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ကျန်းမားရေးအညံ့ကြုံက ချက်ချင်းဆေးကုသမှုခံယူပါ။

မြောက်အရပ်သို့ခရီးသွားစဥ် မတော်တဆအန္တရာယ်ဖြစ်တတ်သည်။ မလွှဲမရှောင်သွားရပါက အနက်မဝတ်ရ။ အပျော်အပါးရှောင်ပါ။ ခြေလှမ်းမှားတတ်သည်။ အခက်အခဲများမည်ဟု တွေးထင်နေမှုမှန်သမျှဖယ်ရှားပါ။ ဆောင်ရွက်သမျှ အလုံးစုံထိထိမိမိအောင်မြင်မည်။ ယာဥ်ကား၊ စက်ဘီး၊ ဆိုင်ကယ်မှအစ ငှားရမ်းယူငင်မောင်းနှင်ခြင်းမပြုရ။

ယတြာ – လင်ဗန်းအတွင်း လက်ဖက်ထည့်၍ စားသုံးခြင်းပြုပါ။

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။