မိမိရောက်ဆဲ အသက်မှာ ဘာတွေကြုံတွေ့နိုင်သလဲ

Astrology
မိမိရောက်ဆဲ အသက်မှာ ဘာတွေကြုံတွေ့နိုင်သလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိမိရောက်ဆဲ အသက်မှာ ဘာတွေကြုံတွေ့နိုင်သလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိမိရောက်ဆဲ အသက်မှာ ဘာတွေကြုံတွေ့နိုင်သလဲ

ကြုံမည့် ဗေဒင်ဟောကိန်း တစ်ခုကို တင်ပြအပ်ပါသည်။
မွေးနေ့ သိရန်မလိုပါ။
ရောက်သက်ကို သိလျှင်
တွက်ပြီး ဟော၍ ရပါသည်။
လက်ရှိရောက်သက်ကို ၉ နဲ့ပေါင်းပါ။
ရလဒ်ကို ၄ နှင့်မြှောက်ပါ။ ရလဒ်ကို ၇ ဖြင့်ထပ်စားရပါမည်။ ရသောအကြွင်းအလိုက် သက်ဆိုင်ရာ ဟောကိန်းကို ဖတ်ရမည်။

ဥပမာ(၁)

ရောက်သက် ၃၄ နှစ်ရှိသူက်ို တွက်မည်ဆိုပါက
၃၄ + ၉ = ၄၃
၄၃ × ၄ = ၁၇၂
၁၇၂ ÷ ၇ = အကြွင်းမှာ ( ၄ )ရပါသည်။

ဥပမာ( ၂ )

ရောက်သက် ၅၈ နှစ်ရှိသူကို တွက်မည်ဆိုပါက
၅၈ + ၉ = ၆၇
၆၇ × ၄ = ၂၆၈
၂၆၈ ÷ ၇ = အကြွင်းမှာ ( ၂ ) ရပါသည်။
ဥပမာ( ၃ )
ရောက်သက် ၅၉ နှစ်ရှိသူကို တွက်မည်ဆိုပါက
၅၉ + ၉ = ၆၈
၆၈ × ၄ = ၂၇၂
၂၇၂ ÷ ၇ =အကြွေးမှာ ( ၆ ) ရပါသည်။

ထိုတွက်နည်းတိုင်း တွက်ပြီးရလာတဲ့ အကြွင်းကို အောက်မှာ ဟောကိန်း ရှာဖတ်ပါ။

၁ကြွင်းသက်ရောက်ဟောကိန်း

( ၁ ) ကြွင်းသက်ရောက်နှစ်သည် သင့်ကို ကံခေစေမည်။ ကျန်းမာရေး အထူးဂရုပြုရန်လိုပါသည်။ အပြောအဆို၊ အသွားအလာ၊ အနေအထိုင် အထူးသတိထားသင့်ပါသည်။ ဤနှစ်တွင် သေဘေးအထိ ကြုံတွေ့ရနိူင်ကြောင်းဟောကိန်းက ဖော်ပြထားပါသည်။ အဆိုးများပြေ ကောင်းကျိုးဝေစေရန် မိမိထက်အသက်ရွယ်ကြီးသော မွေးနံတူသူတစ်ဦးကို အဟာရဖြစ်စေသော အစားသောက်များလှူဒါန်းဆုတောင်းပါ။

၂ကြွင်းသက်ရောက်ဟောကိန်း

( ၂ )ကြွင်းသက်ရောက်ကာလတွင် ပူပင်စရာ အကြောင်းမရှိပါ။ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများ၊ အောင်မြင်မည်။ စီးပွါးဖြစ်ထွန်းမည့်နှစ် ဖြစ်ပါသည်။ လာဘ်လာဘရွှင်မည်။ ဝင်ငွေများ၊ ကောင်းမွန်နေမည်။ ကောင်းကျိုးချမ်းသာရရှိစေရန် မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအား ကြံရေ လှူဒါန်းပြီး ဆုတောင်းပါ။

၃ကြွင်းသက်ရောက်ဟောကိန်း

( ၃ )ကြွင်းသက်ရောက်နှစ်တွင် လက်ရှိနေထိုင်သောနေအိမ်မှ တခြားအိမ်သို့ ပြောင်းရွှေ့ရပါမည်။ ပြောင်းရွှေ့ရန်အကြောင်း ဖန်လာမည်။ လက်ရှိအလုပ်အကိုင်မှလည်း အခြားအလုပ်သို့ ပြောင်းလဲလုပ်ကိုင်ရတ်သည်။ ဝန်ထမ်းဖြစ်လျှင် လက်ရှိမြို့ရွာမှ အခြားမြို့ရွာသို့ ရွှေ့ပြောင်းရတတ်သည်။ သားသမီးနဲ့ခွဲနေရတတ်၏။ အမျိုးသမီးများ အိမ်ထောင်ရေးဖောက်ပြန်မှု ခံရတတ်၏။
အဆိုးများပြေ၍ ကောင်းမှုဆောင်စေရန် လပြည့်ညတွင် ဆန်၊ ဆီ၊ ဆေး ၊ဆားတို့ကို ဘုန်းကြီးတစ်ပါးအားလှူပါ လိုသောဆုတောင်းပါလေ။

၄ကြွင်းသက်ရောက်ဟောကိန်း

( ၄ ) ကြွင်းသက်ရောက်နှစ်သည် သင့်အတွက် ၏ကောင်းသော သက်ရောက်နှစ် ဖြစ်ပါသည်။ ပျော်ရွှင်ဖွယ်ရာ စိတ်ချမ်းသာစရာများ ဖြစ်ပေါ်လာမည်။ လာဘ်လာဘရွှင်မည်။ ရွှေ၊ ငွေ၊ ပစ္စည်း ဥစ္စာ များရမည်။ ဝင်လာမည်။ အပျို လူပျိုများအိမ်ထောင်ကျတတ်၏။ ကောင်းမွန်သောအိမ်ထောင်ဖက်နဲ့စုံတတ်၏။ ကောင်းကျိုးချမ်းသာမှုရရှိလိုလျှင် ဝက်သားဟင်းနဲ့ ဆွမ်းကပ်လှူဒါန်းပြီး လိုရာဆုတောင်းပါ။

၅ကြွင်းသက်ရောက်ဟောကိန်း

( ၅ )ကြွင်း သက်ရောက်နှစ်တွင် ကံကောင်းလာမည်။ ပျော်ရွှင်ရမည်။ စိတ်ချမ်းသာရမည်။ အိမ်ဝင်နိုင်သည်။ လယ်မြေ၊ ခြံမြေ၊ယာမြေတို့ သင့်အတွက် ဝင်လာနိုင်သည်။
ရရှိနိုင်ပါသည်။ နေစရာထိုင်စရာ စိတ်တိုင်းကျဖြစ်လာပါမည်။ ထိုဖြစ်တည်မဲ့ ကိန်းချောမောစေရန် နေအိမ်ဘုရားကျောင်းတွင် မေမြို့ပန်း ၁၉ ပွင့်လှူဒါန်းဆုတောင်းပါလေ။

၆ကြွင်းသက်ရောက်ဟောကိန်း

( ၆ )ကြွင်းကျသော သက်ရောက်နှစ်ကာလတွင် လာဘ်လာဘရွှင်မည်။ ငွေများရမည်။ ငွေရေးကြေးရေးအတွက် ပူပန်စရာမရှိပါ။ မိမိလိုအပ်သော အရာများ ဝယ်နိူင်ခြမ်းနိူင်မည်။ ဝင်လာမစဲ တသဲသဲဖြစ်၍နေမည်။ ကောင်းသထက်ကောင်းအောင် မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအား သစ်သီးလှူဒါန်းပါ လိုရာဆုတောင်းပါ အဆင်ပြေပါလိမ့်မည်။

ဝကြွင်းသက်ရောက်ဟောကိန်း

ဤနှစ်သည် သင့်ကို သတိပေးချက်များနှင့် ပြည့်နှက်နေသည်။ အစစအရာရာ ဝီရိယရှိရန် လိုအပ်ပါသည်။ ရန်သူမျိုးငါးပါး သတိပြုရမည်။ ဘေးဥပဒ်ကျရောက်နိူင်သော သတင်းစကားကို နားစွင့်၍နေထိုင်ရန် လိုပါသည်။

မိန်းမဆိုး မုတ်ဆိုးမ ကိုယ်ဝန်ဆောင်အမျိုးသမီးနေအိမ်သို့ ညအိပ်ညနေ လက်မခံပါ နဲ့ခိုက်တတ်၏။ အဆိုးများပြေစေရန် ထန်းလျှက်ကိုခွေးလေခွေးလွင့်များအား ပစ်ပေါက်ကျွေးပြီး အဆိုးများပြေရန် အညံ့အခိုက်များပြေရန်ဆုတောင်းပါလေ။

ရေးသားသူ –Htet_Myat_Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။