ဒဏ်ရာရနေတဲ့ ပင်လယ်ဖျံတွေကို ကုသပေးပြီး ဆေးရုံဆောက်ပေးခဲ့သူ

International News
ဒဏ်ရာရနေတဲ့ ပင်လယ်ဖျံတွေကို ကုသပေးပြီး ဆေးရုံဆောက်ပေးခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒဏ်ရာရနေတဲ့ ပင်လယ်ဖျံတွေကို ကုသပေးပြီး ဆေးရုံဆောက်ပေးခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒဏ်ရာရနေတဲ့ ပင်လယ်ဖျံတွေကို ကုသပေးပြီး ဆေးရုံဆောက်ပေးခဲ့သူ

ဒဏ်ရာရနေတဲ့ ပင်လယ်ဖျံတွေကို ဆေးကုသပေးပြီး ပင်လယ်ဖျံဆေးရုံ တည်ထောင်ပေးခဲ့တဲ့ ဗြိတိန်နိုင်ငံသူ အမျိုးသမီးဟာ Animal Action Award ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ကွန်းဝဲလ်ကောင်တီမှာ နေထိုင်သူ လစ်ဇီဟာ British Divers Marine Life Rescue အဖွဲ့မှာ လုပ်အားပေးအဖြစ် ပါဝင်နေသူပါ။ သူဟာ ဒဏ်ရာရနေတဲ့ ပင်လယ်ဖျံတွေကို ကုသပေးဖို့ Airbnb မှာ အငှားတင်ခဲ့ဖူးတဲ့ သူ့အိမ်ကိုတောင် ပင်လယ်ဖျံဆေးရုံအဖြစ် ပြောင်းလဲပစ်ခဲ့သူပါ။

ဒါပေမဲ့ သူအိမ်က အခန်း ၆ ခန်းပဲ ကန့်လို့ရပြီး နေရာကျဉ်းတဲ့အတွက် လစ်ဇီက သူ့ခင်ပွန်းနဲ့ တခြားလုပ်အားပေးတွေရဲ့ အကူအညီရယူကာ နေရာသစ်တစ်ခုမှာ ပင်လယ်ဖျံဆေးရုံသစ် တစ်လုံးဆောက်လုပ်ခဲ့ကြပါတယ်။ ပင်လယ်ဖျံ ဆေးရုံသစ်က အခန်း ၁၀ ခန်းအထိ ကန့်လို့ရပြီး ဒီနှစ်အတွင်း ဒဏ်ရာရနေတဲ့ ပင်လယ်ဖျံ ၁၀၀ အထိ ကုသပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ လစ်ဇီဟာ ပင်လယ်ဖျံတွေအပြင် ဒဏ်ရာရနေတဲ့ ရေနေသတ္တဝါတိုင်းကို ကုသ၊ ထူထောင်ပေးနိုင်ဖို့လည်း ကြိုးပမ်းလျက် ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။