ဂျင်မ်ကယ်ရီရဲ့ အောင်မြင်မှုကနောက်ကွယ်

Celebrity International News
ဂျင်မ်ကယ်ရီရဲ့ အောင်မြင်မှုကနောက်ကွယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂျင်မ်ကယ်ရီရဲ့ အောင်မြင်မှုကနောက်ကွယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂျင်မ်ကယ်ရီရဲ့ အောင်မြင်မှုကနောက်ကွယ်

ဒီဓာတ်ပုံတွေကို ရင်းနှီးတဲ့ သူတိုင်း ရယ်စရာ၊ ပျော်စရာကောင်းတဲ့ “The Mask“ ရုပ်ရှင်ကို သတိရကြမယ် ထင်ပါတယ်။ ဇာတ်လမ်းက ရယ်စရာကောင်းပေမယ့် သရုပ်ဆောင် မင်းသားဖြစ်တဲ့ ဂျင်မ်ကယ်ရီ (Jim Carrey) ရဲ့ အစောပိုင်းဘဝက မလှပခဲ့ပါဘူး။ ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာတဲ့ ဂျင်မ်ကယ်ရီဟာ အသက် (၁၅)နှစ် အရွယ်မှာ အထက်တန်းပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ရတယ်။ သန့်ရှင်းရေးသမားဘဝနဲ့ မိသားစုကို ထောက်ပံ့ဖို့ ရုန်းကန်ခဲ့ရပါသေးတယ်။

သရုပ်ဆောင် အနုပညာကို ဝါသနာပါတဲ့အတွက် ပထမဆုံး ဟာသ သရုပ်ဖော်ပြကွက်ကို ကလပ်တစ်ခုမှာ တင်ဆက်ခဲ့ပေမယ့် ပရိသတ်က မကြိုက်တဲ့အတွက် လှောင်ပြောင် သရော်တာကို ခံခဲ့ရတယ်။ ၁၉၈၀-၈၁ ခုနှစ်တွေ အတွင်း ပြသနေတဲ့ ရုပ်သံ အစီအစဉ်တစ်ခုအတွက် ဝင်ရောက် အရွေးချယ်ခံတဲ့ အခါမှာလည်း မအောင်မြင်ခဲ့ဘူး။

ဒီလို ရှုံးနိမ့်မှုတွေ ရှိခဲ့ပေမယ့် သူဟာ သရုပ်ဆောင်အလုပ်မှာ အောင်မြင်ရမယ်ဆိုတဲ့ အိပ်မက်ကို လက်မလွှတ်ခဲ့ဘူး။ သရုပ်ဆောင်ကြေးအတွက် ဒေါ်လာ ၁၀သန်းတန် ချက်လက်မှတ် တစ်ရွက်ကို ရေးပြီး ပိုက်ဆံအိတ်ထဲမှာ ထည့်ဆောင်ထားခဲ့တယ်။ “တစ်နေ့မှာ ငါ ဒီလောက် ဝင်ငွေရှိလာရမယ်“ ဆိုတဲ့ ရည်မှန်းချက်နဲ့ ချက်လက်မှတ်ကလေးကို ထုတ်ထုတ်ကြည့်ပြီး ကြိုးစားဖြစ်ခဲ့တယ်။ နောက်ထပ် ခုနစ်နှစ် အကြာမှာတော့ “Dumb and Dumber“ ရုပ်ရှင်ကနေ သရုပ်ဆောင်ကြေး ဒေါ်လာ ၁၀သန်း ရရှိပြီး သူ့ ရည်မှန်းချက်အတိုင်း အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။