၂၀၂၂ ကမ္ဘာ့ဖလား မက်ဆီ၏ အောင်မြင်မှု သတင်းနဲ့အတူ ဗြိတိန်အထင်ကရ ဂါးဒီးယမ်းသတင်းစာရှေ့ဆုံးစာမျက်နာနှင့် ခေါင်းကြီးပိုင်းမှာပါလာသော ထူးခြားသတင်းကတော့ မြန်မာပြည်သတင်း

Local News

၂၀၂၂ ကမ္ဘာ့ဖလား မက်ဆီ၏ အောင်မြင်မှု သတင်းနဲ့အတူ ဗြိတိန်အထင်ကရ ဂါးဒီးယမ်းသတင်းစာရှေ့ဆုံးစာမျက်နာနှင့် ခေါင်းကြီးပိုင်းမှာပါလာသော ထူးခြားသတင်းကတော့ မြန်မာပြည်သတင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၂ ကမ္ဘာ့ဖလား မက်ဆီ၏ အောင်မြင်မှု သတင်းနဲ့အတူ ဗြိတိန်အထင်ကရ ဂါးဒီးယမ်းသတင်းစာရှေ့ဆုံးစာမျက်နာနှင့် ခေါင်းကြီးပိုင်းမှာပါလာသော ထူးခြားသတင်းကတော့ မြန်မာပြည်သတင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဗြိတိန်ပိုင် Tesco ကုမ္ပဏီဟာ ယခင် စက်ရုံအလုပ်သမား ၁၃၀ မှအတင်းအကြပ်အလုပ်လိုင်းစေခံရမှုနဲ့ ပထမဆုံးသော တရားဆွဲဆိုမှုခံရမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ မဲစောက်မှ VK garment ဗွီကေအဝတ်အထည်စက်ရုံမှမြန်မာအလုပ်သမားအများစုမှာတပါတ်ကို ၉၉နာရီခိုင်းစေခံရပြီး ၂၄ နာရီလုပ်ရတဲ့နေ့တွေအနည်းဆုံး ၁လ၁ခါ(သက်မှတ်ချက်အဝတ်အရေအတွက်ပြည့်မှီဖို့အတွက်)ရှိကြောင်း အဲဒီနေ့တွေမှာ အလုပ်လုပ်နေရင်း အပ်ချုပ်စက်ပေါ်မှာတင်ငိုက်ကျတဲ့အထိဖြစ်ကြောင်း ရရှိတဲ့မနက်၈နာရီမှ ည၁၁နာရီအထိ တစ်နေ့လုပ်ခမှာ မြန်မာငွေ ၈ထောင်သာရှိပြီး ထိုင်းနိုင်ငံ၏အနိမ့်ဆုံး ၈နာရီလုပ်ခ မှာ ၁၈၀၀၀ကျပ် (£7)ဖြစ်ကြောင်းဖော်ပြထားပါတယ်။

VKG စက်ရုံက Tesco ရဲ့ အမှတ်တဆိပ် F&F ဂျင်းဘောင်းဘီ၊ ဂျက်ကက်နဲ့ အခြားသောအဝတ်များထုတ်ပြီး ထိုင်းTesco မှာရာင်းချကာ ရသည့်အကျိူးအမြတ်ကို ဗြိတိန်သို့ပို့ကြောင်းသိရသည်။ အင်္ဂလိပ်တရားရုံးမှာ အင်္ဂလိပ်ကုမ္ပဏီကမပိုင်သော်လည်းဤကုမ္ပဏီအတွက် ချုပ်ပေးတဲ့ စက်ရုံကြောင့်တရားစွဲခံရမှုမှာ ပထမဆုံးဖြစ်ကြောင်းသိရသည်။

မြန်မာအလုပ်သမားထဲမှအချို့မှာ အလုပ်လုပ်ရင်းလက်ချောင်းထိပ်ပြတ်ရှခြင်း များ ၁၃ ချက်ချုပ်ရသည့်အထိကြီးမားသော လက်ဖျံဒဏ်ရာများရရှိသည်အထိဖြစ်သည်ဟုသိရသည်။ စက်ရုံမှာ သန်ရှင်းရေးလုပ်သော မဝင်းဝင်းမြပြောပြသည်မှာ အနိမ့်ဆုံးလုပ်ခ တောင်းဆိုသောကြောင့် ၈ထောင်ကျပ်သာရရှိသည့်သူမ၏အလုပ် ၂၀၂၀မှာပြုတ်ခဲ့ကြောင်းသိရသည်။ မဲစောက်မှ မြန်မာအလုပ်သမား ၂၁ယောက် ကို ဂါးဒီးယမ်းသတင်းစာမှ အင်တာဗျူးအရ ထိုင်းမန်နေဂျာများမှ ဘဏ်စာရင်းဖွင့်ပေးပြီး ရသင့်သည့် လုပ်စာ၏ ၄ပုံ၁ပုံသာရကြောင်း ထိုင်းမန်နေဂျာများမှ ဖိအားပေးမှုခံရကြောင်းတွေဖော်ပြထားပါတယ်။

VKG ကုမ္ပဏီ ရဲ့ မန်းနေဂျင်ဒါရိုက်တာ Sirikul Tatiyawongpaibul ကတော့ သူတို့ကုမ္ပဏီဟာ ထိုင်းအလုပ်သမားဥပဒေနဲ့ ကိုက်ညီအောင်လုပ်ကြောင်းချေပတယ်လို့သိပြီး Tesco ပြောရေးဆိုခွင့်ရှိသူကတော့ အခုလိုဆိုးရွားတဲ့ အခြေအနေတွေကို အစောပိုငိးကတည်းကသိခဲ့ရင် ဒီကုမ္ပဏီက ပစ္စည်းတင်သွင်းခံတာရပ်ပစ်ခဲ့နိုင်ကောင်းပြီး VKG ကုမ္ပဏီက အဲဒီအလုပ်သမားအချို့ကို နစ်နာကြေးအချို့ပေးပီုးကြောင်းသိရတဲ့အပြင် ဆက်လက်ပြီး VKG ကုမ္ပဏီမှ ဆုံရုံးနှစ်နာမှုအတွက် လျှော်ကြေးပေးသွားဖို့ ဗြိတိန် Tesco အနေနဲ့တောင်းဆိုသွားမယ်လို့ဆိုပါတယ်။
VKG ကုမ္ပဏိအနေနဲ့ လက်ရှိပိတ်ထားရသည့်အခြေအနေမရှိကြောင်းသိရပါတယ်။

ရေးသားသူ – BeetlatVoice

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။