ခုနစ်ရက်သားသမီးများအတွက် 5.11.2023မှ 11.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 5.11.2023မှ 11.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 5.11.2023မှ 11.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 5.11.2023မှ 11.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

တနင်္ဂနွေသားသမီး

မတော်တဆထိခိုက်မှုများ ဂရုစ်ိုက်ရမည်။လူယုံဒုက္ခပေးမည်။လူလိမ် လူကောက် အန္တရာယ်အထူးဂရုစ်ိုက်ပါ။အလောတကြီးဆောင်ရွက်ခြင်းကြောင့်ဖြစ်ပေါ်လာသော ပြသာနာအခက်အခဲများကိုပြန်လည်ဖြေရှင်းရမည်။မနာလို အတိုက်အခံပြုသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။နှုတ်စကားစည်းမစောင့်သော သူများကြောင့် စိတ်ရှုတ်ထွေးစရာများရှိမည်။စက်ပစွည်းများသတိနှင့်ကိုင်တွယ်ပါ။ပစွည်းလှောင်ခြင်း စျေးကစားခြင်းမပြုရ။အမှားအယွင်းများဖြစ်တက်သည်။သံယောဇဥ်မထားသင့်သူကို သံယောဇဥ်ထားမိခြင်းကြောင့် ဆုံးဖြတ်ချက်မှားခြင်းများ ဖြစ်တက်သည်။ထိပ်တိုက်ရင်ဆိုင်လာသူအားလုံးကို ရဲရဲရင်ဆိုင်ဖြေရှင်းပါ

ယတြာ – သောကြာနေ့တွင်သစ်သီးဆွမ်းကပ်လှူပါ။

တနင်္လာသားသမီး


လုပ်သလောက်အောင်မြင်မည်။အတက်ပညာနှင့် ဘဝတိုးတက်မည်။ကာလအတန်ကြာရပ်တန့်ထားသောက်ိစွများ ရှေ့တိုးလုပ်ရန် အခါသင့်မည်။သူတစ်ပါးထက်ပို၍ အဆင့်မြင့်မားအောင် ဆောင်ရွက်နိုင်မည်။ကြိုးပမ်းထားသည်များ ရလာဒ်ကောင်းရရှိမည်။ကိုယ်ပိုင်စိတ်ကူးနှင့်တက်လမ်းများပေါ်မည်။အလွယ်တကူဂတိမပေးရ။ပေးထားသောဂတိ ပြောသောစကားကို ထိန်းသိမ်းဆောင်ရွက်ရန်ခက်ခဲမည်။ဆောင်ရွက်ရမည် ကိစွအလုံးစုံအပေါ် အချိန်ဆွဲ၍မရ။ငွေကြေး အပေးအယူကိစွများ သတိနှင့်ဆောင့်ရွက်ပါ။အမှားပါတက်သည်။စရင်းဇယားများရှုတ်ထွေးတက်သည်။အလောတကြီးပစွည်းဝယ်ယူခြင်းမပြုရ။

ယတြာ – ဗုဒ္ဓဟူးနေ့တွင် ရွှေပန်းဘုရားကပ်လှူပါ။

အင်္ဂါသားသမီး


အခက်အခဲများကျော်လွှားနိုင်မည်။အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။ဆုံးဖြတ်ရခက်သောအနေအထားကြုံမည်။ရှေ့တိုးဆောင်ရွက်ရန် လမ်းပျောက်နေသလိုဖြစ်မည်။အနီးကပ်လှူ ဒုက္ခပေးမည်။ပညာရေးသင်တန်းနဲ့ပတ်သက်သောကိစွများကြုံမည်။အများက်ိစွ အဖွဲအစည်းကိစွများကြုံမည်။တစ်ပါးသူအပေါ်ယုံကြည်အားထား၍မရ ကိုယ်ကသာ တစ်ပါးသူအခက်အခဲများကို ကူညီဖြေရှင်းပေးရမည်။ကိုယ်အပေါ်ကူညီပေးနိုင်သူများကို မျှော်လင့်၍မရသေး။ဆောင်ရွက်နေသော တာဝန်ပိုများမှ ဝန်ထုပ်ဝန်ပိုးပြသာနာများက်ို ချက်ခြင်းဖြေရှင်းပါ။မိဘအကြီးအကဲ ကျန်းမာရေးအညံ့ရှိမည်။အနေအထိုင်ဂရုမစိုက်၍ အနာရောဂါဝေဒနာများ ဖြစ်ပေါ်တက်သည်။

ယတြာ – တနင်္ဂနွေနေ့တွင် အိပ်ရှေ့ခန်းကို သန့်ရှင်းရေးလုပ်ပါ။

ဗုဒ္ဓဟူးသားသမီး

ပြောင်းလဲလာသောအနေထားနှင့် ကြိုတင်တွက်စ မထားသည် ပြသာနာအခက်အခဲများကို ဖြေရှင်းအဆင်ပြေမည်။သူတစ်ပါးကိစွများအတွက် လိုက်လံကူညီဖြေရင်းပေးရကာ ရန်များတက်သည်။ဆောင်ရွက်ရန်ခဲယှဥ်းသော မူလစိတ်ကူးများကို ပုံဖော်နေခြင်းထက် ဦးတည်ချက်ပြောင်းကာ ဆောင်ရွက်ခြင်က ပိုမိုအဆင်ပြေခြင်းရှိမည်။စာရွက်စာတန်းကိစွများကြားဝင်အာမခံခြင်းမပြုရ။အမည်အလွဲသုံးစားလုပ်သူများ ထင်ယောင်ထင်မှားဖြစ်အောင် ပြုသူများကြောင့် စိတ်အနှောင့်အယှက်များ ဖြစ်နေရမည်။ခရီးကိစွ အဆင်ပြေမည်။ခရီးဝေးမှ ကောင်းသောသတင်းကြားရမည်။ပျိုရွယ်သူများ စန်းပွင့်မည်။ချစ်သူမရှိသူ ချစ်သူရမည်။

ယတြာ – အင်္ဂါနေ့တွင် နှင်းဆီပန်းရောင်စုံဘုရားပန်းကပ်လှူပါ။

ကြာသပတေးသားသမီး

စကားမတည်သောသူများနှင့်တွေ့မည်။ဆောင်ရွက်သမျှကိစွအားလုံး အဆုံးသက်ခါနီးမှ အလွဲလွဲအချော်ချော်ဖြစ်မည်။မသွားလိုသောအရပ်သို့သွားရခြင်း မပြောင်းလိုသောအရပ်သို့ ပြောင်းရခြင်းကြုံမည်။အိုးအိမ်ခြံမြေကိစွအတွက် စကားပြောဆိုရခြင်းများရှိမည်။ဒုက္ခရောက်သောသူကို လိုက်လံကူညီရင်း ကိုယ်ထံအမှုဝင်တက်သည်။ငွေချေးက ဆုံးမည်။ငွေပေးငွေသူကိစွများ အငြင်းပွားစရာများရှိမည်။ပစွည်းပျောက်ရှတက်သည်။လျှပ်စစ်ပစွည်းများ သတိနဲ့ကိုင်တွယ်ပါ ။အကြီးအကဲဆရာသမားများ၏ ငြိုငြင်မှုခံရမည်။မောင်နှမသားချင်းအတွက်ဖြစ်စေ မိသားစုအတွက်ဖြစ်စေ အချိန်ကုန်ငွေကုန်ခြင်းများရှိမည်။

ယတြာ – သောကြာနေ့တွင် ဆေးလှူပါ။

သောကြာသားသမီး

စိတ်ချမ်းမြေ့စရာများနှင့် လိုအင်ဆန္ဒပြည့်စုံခြင်းများ ကြုံတွေမည်။ဆုံးဖြတ်ချက်များ ဖြစ်ပေါ်မည်။ယှဥ်ပြိုင်မှုများ အောင်မြင်မည်။မေတတ္တာရေး ကံကောင်းမည်။လုပ်အားကြောင့်သာမက ကံကြောင့်ပါ ငွေဝင်မည်။အတွင်းလူ ဒုက္ခပေးမည်။မူလစိတ်ကူးထားသည်များမှ လက်တွေ့ဆောင်ရွက်၍ ကောင်းသောအကျိုးဖြစ်ထွန်းမှုများရှိမည်။အပြိုင်အဆိုင်အားလုံး ကျော်လွှား၍ အဆင့်မြင့်သောအောင်မြင်မှုများရမည်။ကာလရှည်ကြာလက်လွန်ထားသောငွေများ လက်ဝယ်ပြန်လည်ရရှိမည်။ငွေကြေးအပေးအယူက်ိစွများတွင် ကြုံတွေ့နေသောအခက်အခဲများမှ လွတ်မြောက်မည်။

ယတြာ – ဗုဒ္ဓဟူးနေ့တွင် ရှောက်သီးသုပ်ဒါနပြုပါ။လီလီပန်းဘုရားကပ်လှူပါ။

စနေသားသမီး

အခက်အခဲများကြားမှ အလုံးစုံပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။အလုပ်တိုးတက်မည်။ရည်ရွယ်ချက် အောင်မြင်မည်။ဆောင်ရွက်သမျှ လူသိရှင်ကြားဖြင့် ထွန်းထွန်းပေါက်ပေါက်ရှိမည်။လုပ်ငန်းရှာသူများ အလုပ်ကောင်းရရှိမည်။ဝင်ငွေတိုးမည်။မမျှော်လင့်ဘဲ ငွေအစုလိုက်ဝင်ကိန်းရှိသည်။ငွေကြေးဥစ္စာတိုးပွားခြင်းနှင့် အလိုပြည့်စုံခြင်းရှိမည်။ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်အဆင်ပြေမည်။ပျိုရွယ်သူများစန်းပွင့်မည်။အလှူမင်္ဂလာကိစွများ ပါဝင်ပတ်သက်ရမည်။ကြယ်ပွင့်ပုံပါသောလက်ဆောင်ပစွည်းများရရှိက လွန်စွာကောင်သောနမိတ်ဖြစ်သည်။လာဘ်လာဘပေါကြွယ်ဝမည်။

ယတြာ – တနင်္လာနေ့တွင် ကံကော်ညွှန်ဘုရားကပ်လှူပါ။

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။