ချစ်သူရဲ့လက်ကိုတွဲပြီး ပွဲတစ်ပွဲကို တက်ရောက်ခဲ့တဲ့ မင်းသားကြီးကီနူးရိဗ်

Celebrity International News
ချစ်သူရဲ့လက်ကိုတွဲပြီး ပွဲတစ်ပွဲကို တက်ရောက်ခဲ့တဲ့ မင်းသားကြီးကီနူးရိဗ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်သူရဲ့လက်ကိုတွဲပြီး ပွဲတစ်ပွဲကို တက်ရောက်ခဲ့တဲ့ မင်းသားကြီးကီနူးရိဗ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်သူရဲ့လက်ကိုတွဲပြီး ပွဲတစ်ပွဲကို တက်ရောက်ခဲ့တဲ့ မင်းသားကြီးကီနူးရိဗ်

John Wick မင်းသားကြီး ကီနူးရိဗ်ဟာ စနေနေ့က the Los Angeles County Museum of Art (LACMA) Art + Film Gala ပွဲကို သူ့ချစ်သူ အလက်ဇန်ဒရာဂရန်နဲ့အတူ တက်ရောက်ခဲ့တာပါ။ သူတို့နှစ်ဦးက ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ချင်းတွဲပြီး အဲဒီပွဲကို တက်ရောက်ခဲ့တာကို ဓာတ်ပုံထဲမှာ တွေ့ရမှာပါ။ Gala ရဲ့အနက်ရောင်ကော်ဇောထက်က ဆင်တူအနက်ရောင်ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ သူတို့စုံတွဲရဲ့ပုံတွေက လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

သူတို့စုံတွဲက ဂျနီဖာ လိုပက်ဇ်၊ ဘင်အက်ဖလက်ခ်၊ ကင်မ် ကာဒါရှန်၊ လူပီတာ နယောင်အို၊ အန်ဒရူးဂါဖီးဒ် အပါအဝင် အခြားအနုပညာရှင်တွေနဲ့အတူ တက်ရောက်ခဲ့ကြတာပါ။ ကီနူးရိဗ်နဲ့ ဂရန်တို့စုံတွဲဟာ ချစ်သူတွေမဖြစ်ခင်က သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။ ၂၀၁၁ခုနှစ်က အလုပ်လည်း အတူတူတွဲလုပ်ခဲ့ကြတာပါ။

၂၀၁၉ ခုနှစ်မှာ သူတို့က စုံတွဲအနေနဲ့ LACMA Art + Film Gala ပွဲကို တက်ဖြစ်ခဲ့ပါတယ်။ သူတို့တွဲနေတယ်ဆိုတာကို သိုသိုသိပ်သိပ်နေခဲ့ကြပေမဲ့ နောက်ပိုင်းကျမှ ဂရန်က ကီနူးရိဗ်နဲ့ ဆက်ဆံရေးအကြောင်းကို ဖွင့်ဟခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။