ပထမဦးဆုံးပရိသတ်တွေကို ပြန်လည်ဖျော်ဖြေတဲ့Bobby Soxer ရဲ့ရှိုးပွဲမှာ စင်အောက်ကအားပေးနေတဲ့ DJ Max

Celebrity Local News
ပထမဦးဆုံးပရိသတ်တွေကို ပြန်လည်ဖျော်ဖြေတဲ့Bobby Soxer ရဲ့ရှိုးပွဲမှာ စင်အောက်ကအားပေးနေတဲ့ DJ Max

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပထမဦးဆုံးပရိသတ်တွေကို ပြန်လည်ဖျော်ဖြေတဲ့Bobby Soxer ရဲ့ရှိုးပွဲမှာ စင်အောက်ကအားပေးနေတဲ့ DJ Max ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပထမဦးဆုံးပရိသတ်တွေကို ပြန်လည်ဖျော်ဖြေတဲ့Bobby Soxer ရဲ့ရှိုးပွဲမှာ စင်အောက်ကအားပေးနေတဲ့ DJ Max

ပရိသတ်ကြီးရေ အဆိုတော် Bobby Soxer ကတော့ အမိုက်စား rap သီချင်းတွေနဲ့ လူငယ် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုတော် Bobby Soxer က 10 နှစ်ကျော်တွဲခဲ့တဲ့ လွှမ်းပိုင်နဲ့ တရားဝင်လမ်းခွဲလိုက်ပြီးတာလည်း ဖြစ်ပါတယ်။

Bobby Soxer အသံပါဝါကောင်းကောင်း နဲ့ လျင်မြန်သက်လက်တဲ့ Rap စာသားတွေကြောင့် ပရိသတ်အားပေးမှုအပြည့်အဝရထားတဲ့မြန်မာပြည်ရဲ့ အမျိုးသမီး Rapper တစ်ယောက်ဖြစ်ပါတယ်။ Bobby Soxer လိုပြောရင် လွှမ်းပိုင်ကိုပြေးမြင်ရလာက်တဲ့ထိ အရမ်းလိုက်ဖက်တဲ့စုံတဲတဖြစ်ခဲ့ပေမယ့် လမ်းခွဲလိုက်ပြီ ဆိုတဲ့ အကြောင်း အတူတူ တရားဝင်ကြေညာခဲ့ကြပါတယ်။

လမ်းခွဲပြီး ငါးလအကြာမှာတော့ Bobby Soxer ရည်းစားအသစ်ရနေပြီဖြစ်ကြောင်း
သတင်းတွေထွက်ပေါ်လာပါတယ်။ မက်စ် ရိုဘမ်း Max Rovin ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ဟာ Bobby Soxer နဲ့တွဲရိုက်ထားတဲ့ပုံတွေကို သူ့ ရဲ့ Facebook story မှာတင်ခဲ့ပါတယ်။ Story မှာ သူတို့ရဲ့၂ယောက်ပုံအပြင် ပခုံးမှာ Bobby Soxer လို့ထိုးထားတဲ့ တက်တူးကိုလည်း ထုတ်ပြခဲ့ပါတယ်။ အဲဒီပုံရိပ်တွေဟာ ပရိသတ်ကြားမှာ ပျံနှံသွားခဲ့ပီး သူမ ရည်စားအသစ်ရသွားလို့ ပရိသတ်ကလည်း သူမနဲ့ ထပ်တူပျော်ရွင်ပေးနေခဲ့ကြပါတယ်။

ယခုအခါမှာတော့ စင်ပေါ်မှာ ပထမဆုံး ပြန်လည် သီချင်းဖျော်ဖြေလို့ ပရိသတ် အချစ်ပိုနေတာပဲဖြစ်ပါတယ်။ bobbysoxerကတော့ မနေ့က overflow လို့ အမည်ရတဲ့ ရှိုးပွဲမှာ ပါ၀င်ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ် သူမကတော့ နှစ်တွေအတော်ကြာမှပြန်လည် ဖျော်ဖြေ ရတဲ့ ရှိုးပွဲဖြစ်ပီး သူမရဲ့ ချစ်သူ DJ Maxကလည်း bobby Soxer ကို စင်အောက်ကနေ အားပေးကြည့်ရှုခဲ့တာကိုတွေ့ရတာဖြစ်ပါတယ်။Bobby Soxerရဲ့အချစ်ရေးကိုစိတ်ဝင်စားတဲ့ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။