လက်ဝှေ့ကစားသမားဘဝမှ တရားဝင်အနားယူသွားသည့် ဒေဝအား (၁၀) မိနစ် တစ်ချီတည်း ပုဝါမကူ ရေမရှူကြေးထိုးမည်ဟု မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်း စိန်ခေါ်

Celebrity Sports
လက်ဝှေ့ကစားသမားဘဝမှ တရားဝင်အနားယူသွားသည့် ဒေဝအား (၁၀) မိနစ် တစ်ချီတည်း ပုဝါမကူ ရေမရှူကြေးထိုးမည်ဟု မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်း စိန်ခေါ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်ဝှေ့ကစားသမားဘဝမှ တရားဝင်အနားယူသွားသည့် ဒေဝအား (၁၀) မိနစ် တစ်ချီတည်း ပုဝါမကူ ရေမရှူကြေးထိုးမည်ဟု မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်း စိန်ခေါ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်ဝှေ့ကစားသမားဘဝမှ တရားဝင်အနားယူသွားသည့် ဒေဝအား (၁၀) မိနစ် တစ်ချီတည်း ပုဝါမကူ ရေမရှူကြေးထိုးမည်ဟု မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်း စိန်ခေါ်

ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားဘဝမှ အနားယူမည့် နောက်ဆုံးပွဲစဉ်ဖြစ်ကြောင်း တရားဝင်ကြေညာကာ ထိုးသ-တ်သွားသည့် ဒေဝ၏ ယမန်နေ့ညက ပွဲစဉ်အပြီးတွင် ယခင်ပြိုင်ဘက်ဟောင်း မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက ဒေဝကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
ဒေဝသည် ၎င်း၏ လက်ဝှေ့ကစားသမားဘဝ နောက်ဆုံးပွဲအနေဖြင့် ယမန်နေ့ နိုဝင်ဘာ (၅) ရက်ညပိုင်းက ကမ္ဘောဒီးယားနိုင်ငံသား ခွန်ခမာလက်ဝှေ့အကျော်အမော် ပရွမ်စမ်နန်နှင့် ဖနွမ်းပင်မြို့တွင် ယှဉ်ပြိုင် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် (၉) မိနစ်တစ်ချီကို ပုဝါမကူ ရေမရှူကြေး ထိုးသ-တ်ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုထိုးသ-တ်ခဲ့သည့် ဒေဝက အသာစီးဖြင့် ထိုးသ-တ်ခဲ့သော်လည်း အလဲမထိုးနိုင်ခဲ့သည့်အတွက် ပူးတွဲသရေရလာဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

ယင်းပွဲစဉ်အပြီး၌ မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းက ၎င်း၏ ပြိုင်ဘက်ဟောင်း ဖြစ်ခဲ့ဖူးသူ ဒေဝကို (၁၀) မိနစ် တစ်ချီ ထိုးရန် စိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
” ရောက်တဲ့ နိုင်ငံတိုင်း နိုင်ငံသား ခံယူချင်တဲ့ ဒေ့ဗ်ကို (၁၀) မိနစ်တစ်ချီ စိန်ခေါ်ပါတယ်။ သူတို့ပြိုင်ပွဲက (၉) မိနစ်ပဲ။ ဒီပြိုင်ပွဲဖြစ်မယ်ဆိုရင် ကြိုက်တဲ့နိုင်ငံမှာ ထိုးလို့ရပါတယ်” ဟု ထွန်းထွန်းမင်းက ၎င်း၏ လူမှုကွန်ရက်ကတဆင့် စိန်ခေါ်ထားခြင်း ဖြစ်သည်။

အဆိုပါ စိန်ခေါ်မှုနှင့် ပတ်သက်၍ မြန်မာ့လက်ဝှေ့အကျော်အမော် ထွန်းထွန်းမင်းကို ၎င်း၏ ပရိသတ်များ အပါအဝင် မြန်မာ့လက်ဝှေ့ ပရိသတ်အများအပြားက ပြစ်တင်ဝေဖန်မှုများ လုပ်ဆောင်ခဲ့ကြကိုလည်း တွေ့ရသည်။

” ဒီအချိန်မှာ သူတို့နှစ်ယောက် ထိုးတဲ့နည်းအတိုင်း ထိုးမယ်ဆို နှစ်ယောက်ထဲက ကြိုက်တဲ့သူနဲ့ ပွဲတည်လို့ရပါတယ်။ ဒေ့ဗ်နဲ့ ကျွန်တော် ထိုးခဲ့တဲ့ (၃) ပွဲကို ကြည့်ကြည့်ပါ။ ဘာလို့ ထိုးလို့မရဘူးလို့ ပြောနေကြတာလဲ” ဟု ထွန်းထွန်းမင်းက ၎င်းအား ဝေဖန်မှုများနှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင် ပြန်လည်တုန့်ပြန်ထားသည်။
ထွန်းထွန်းမင်းနှင့် ဒေဝတို့သည် (၃) ကြိမ်အထိ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ထွန်းထွန်းမင်းအနေဖြင့် ဒေဝအား တစ်ကြိမ်ရှုံးခဲ့ကာ နှစ်ကြိမ်မှာ သရေရလာဒ် ထွက်ပေါ်ထားခြင်း ဖြစ်သည်။

ထို့အပြင် ထွန်းထွန်းမင်းသည် ကမ္ဘောဒီးယား ခွန်ခမာလက်ဝှေ့အကျော်အမော် ပရွမ်စမ်နန်ကို ယခု ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမှတ်ဖြင့် ရှုံးနိမ့်ထားသည်။

ရေးသားသူ –Popular News Journal

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။