နဖူးမှာ ချစ်သူရဲ့နာမည်တက်တူးထိုးခဲ့တဲ့ Influencer

Funny International News
နဖူးမှာ ချစ်သူရဲ့နာမည်တက်တူးထိုးခဲ့တဲ့ Influencer

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နဖူးမှာ ချစ်သူရဲ့နာမည်တက်တူးထိုးခဲ့တဲ့ Influencer ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နဖူးမှာ ချစ်သူရဲ့နာမည်တက်တူးထိုးခဲ့တဲ့ Influencer

အက်နာ စတန်စကိုဗာစကီ အမည်ရတဲ့ Influencer အမျိုးသမီးက သူ့ရဲ့နဖူးပေါ်မှာ သူ့ချစ်သူနာမည်ကို တက်တူးထိုးခဲ့တာပါ။ နဖူးပေါ်မှာ Kevin ဆိုတဲ့ သူ့ချစ်သူနာမည်ကို တက်တူးထိုးနေတာကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာပါ။ သူ့အတွက် တက်တူးထိုးတာက နာကျင်စရာအတွေ့အကြုံတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ နာမည်တက်တူးထိုးပြီးတဲ့အချိန်မှာ မပြုံးဘဲမနေနိုင်အောင် သဘောတွေကျနေခဲ့တာပါ။

အခုလိုတက်တူးထိုးတာကို မြင်တဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက အမျိုးမျိုးပြောဆိုခဲ့ကြပါတယ်။ “ကောင်လေးကတော့ ဒီတက်တူးကို သဘောကျမှာပါ။ မင်းရဲ့နောက်ထပ်ကောင်လေးအသစ်ကတော့ မုန်းလိမ့်မယ်”၊ “ဒါဟာ မြင်ဖူးသမျှထဲမှာ ရူးသွပ်ဆုံးပဲ”၊ “တက်တူးပညာရှင်တစ်ယောက်အနေနဲ့ ဒီလိုတက်တူးမျိုး ဘယ်တော့မှထိုးပေးမှာမဟုတ်ဘူး”လို့ ပြောဆိုခဲ့ကြတာပါ။

ချစ်သူကယ်ဗင်နဲ့ တစ်သက်လုံးအတူရှိခဲ့ရင်တောင် အနာဂတ်မှာ ဒီတက်တူးထိုးမိလို့ နောင်တရလိမ့်မယ်လို့လည်း ပြောတဲ့သူတွေရှိပါတယ်။ အက်နာက အခုလိုပြောဆိုတဲ့သူတွေကို သူ လုပ်ခဲ့တဲ့အရာဟာ သူတို့ရဲ့ကိစ္စမဟုတ်ဘူးလို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး နောင်တရမယ်လို့ လူတိုင်းက ပြောကြပေမဲ့ မှန်ထဲကြည့်လိုက်တိုင်း ဒီတက်တူးကို သဘောကျနှစ်သက်မိနေတယ်၊ တက်တူးကို သဘောကျတယ်၊ သူ့ကောင်လေးကို ချစ်မြတ်နိုးတယ်၊ တစ်စုံတစ်ယောက်ကို တကယ်ချ်ရင် အခုလိုမျိုးသက်သေပြရမယ်လို့ ထင်တယ်၊ မျက်နှာမှာ နာမည်တက်တူးမထိုးချင်တဲ့ ချစ်သူကောင်မလေးရှိရင် မချစ်ဘူးလို့ထင်တဲ့အတွက် ကောင်မလေးအသစ်ရှာဖို့ လိုတယ်လို့ လူမှုကွန်ယက်အသုံးပြုတွေကို ပြောဆိုခဲ့ပါတယ်။

တစ်နေ့ကျ ကယ်ဗင်နဲ့ လမ်းခွဲလိုက်ရင် ဘယ်လိုလုပ်မလဲလို့ ပြောကြတော့ သူက ဒီတက်တူးကို သဘောကျတယ်၊ ဒီအတွက် နောင်တရမှာမဟုတ်ဘူးလို့ပြောပါတယ်။ ဒီတက်တူးက အတုလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ အက်နာဘက်ကတော့ တက်တူးက အစစ်ဖြစ်တယ်လို့ အခိုင်အမာဆိုထားတဲ့ ဗီဒီယိုကို သူ့ရဲ့လူမှုကွန်ယက်မှာ တင်ပေးခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။