အခြေအနေနှင့် အချိန်အခါကို ချိန်ဆတတ်ပါမှ

Knowledge Religion
အခြေအနေနှင့် အချိန်အခါကို ချိန်ဆတတ်ပါမှ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အခြေအနေနှင့် အချိန်အခါကို ချိန်ဆတတ်ပါမှ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အခြေအနေနှင့် အချိန်အခါကို ချိန်ဆတတ်ပါမှ

ငါးရာ့ငါးဆယ်ဇာတ်တော်များထဲမှ ဒုမ္မေဓဇာတ်ကို ဖော်ပြပေးချင်ပါတယ်။
ဗာရာဏသီပြည်ကို ဗြဟ္မဒတ်မင်းအုပ်စိုးစဉ်အခါက ဗာရာဏသီပြည်သားတို့သည် မြို့ပြင်က ညောင်ပင်ကြီးတွင် နှစ်စဉ်နှစ်တိုင်း စုဝေးကြပြီး ကြက်၊ ဝက်၊ ဆိတ်၊ နွား အစရှိသည့် သတ္တဝါများ၏ အသွေး၊ အသား၊ ကလီစာတို့ဖြင့် နတ်ပူဇော်ပွဲ ကျင်းပကြသည်။ ဗြဟ္မဒတ်မင်းကြီး၏ သားတော် အိမ်ရှေ့မင်းသားသည် ထိုဓလေ့အား မနှစ်မြို့ချေ။

အိမ်ရှေ့မင်းသားသည် “ငါသည် ယခုအချိန်တွင် အိမ်ရှေ့မင်းသားအဖြစ်သာ ရှိသေးသည်။ တိုင်းသူပြည်သားတို့၏ ယဇ်ပူဇော်မှုကို ကန့်ကွက်လျှင် တိုင်းသူပြည်သားတို့၏ ထောက်ခံမှု လျော့နည်းလာနိုင်သည်။ ယခုအချိန်တွင် ဗာရာဏသီသားတို့၏ ချစ်ခင်ယုံကြည်မှုကို အရယူထားပြီး နောင်အခါ မင်းကြီး ဖြစ်ပါမှ ဤယဇ်ပူဇော်သည့်ဓလေ့ကို ပျောက်ကွယ်အောင် ကြံဆောင်မည်။” ဟု ကြံလေသည်။ အိမ်ရှေ့မင်းသားသည် ယဇ်ပူဇော်သည့်အချိန်ရောက်တိုင်း ဗာရာဏသီသားတို့နှင့်အတူ မြို့ပြင်ညောင်ပင်သို့ လိုက်ပြီး ပူဇော်မှုပြုသည်။ ဗာရာဏသီသားတို့ကလည်း မင်းသား၏ အပြုအမူကို နှစ်သက်ချစ်ခင်ကြသည်။

ဗြဟ္မဒတ်မင်း ကံကုန်သော် အိမ်ရှေ့မင်းသားအား မင်းကြီးအဖြစ် တင်မြှောက်ကြသည်။ ဘုရင်ဖြစ်ပြီးနောက်တွင် မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်တို့ကို စုဝေးပြီး ညီလာခံ ကျင်းပလေတော့သည်။ ညီလာခံတွင် မင်းကြီးမှ မှူးမတ်ပရိသတ်အပါင်းတို့အား – “ငါသည် အိမ်ရှေ့မင်းသားဘဝက နှစ်စဉ်မြို့ပြင်မှ ညောင်ပင်ကြီးထံသို့ သွားရောက်ပူဇော်တိုင်း ဆုတောင်းပြီး ကတိပြုလေ့ရှိသည်။ အခု ဆုတောင်းထားသည့်အတိုင်း မင်းကြီးဖြစ်ရပြီ။ ကတိအတိုင်း ယဇ်ပူဇော်မှုပြုရပေမည်။ ကတိပြုထားသည့် ယဇ်ကောင်များကတော့ အဟိတ်တိရိစ္ဆာန်တွေမဟုတ်ဘူး။ ကံငါးပါးကို ကျူးလွန်ကြတဲ့ လူသားတစ်ထောင်ဖြစ်တယ်။ ယဇ်ပူဇော်မည့် အချိန်မတိုင်ခင် ကံငါးပါးကို ကျူးလွန်သူ လူသားတစ်ထောင်အား ရှာဖွေဆက်သစေ။” ဟု ပရိယာယ်ဖြင့် အမိန့်ထုတ်၏။

မှူးမတ်များမှ ကံငါးပါးမှာ မည်သို့သောအရာများကို ဆိုလိုပါသနည်းဟု မေးမြန်းကြသည်။ မင်းကြီးမှ ကံငါးပါးဆိုသည်မှာ –
၁) သူတစ်ပါးအသက်ကို thetသောကံ။
၂) သူတစ်ပါး ပစ္စည်းဥစ္စာများကို ခိုးယူခြင်း၊ လိမ်လည်လှည့်ခြင်းဖြင့် ယူငင်သောကံ။
၃) သူတစ်ပါး ခင်ပွန်း၊ မယား၊ မလိုမတူသူ၊ မသက်မပြည့်သူ၊ လူကြီးသူမ အုပ်ထိန်းမှုအောက်ရှိသူ တို့အား ကျူးလွန်သောကံ။
၄) မဟုတ်မမှန်သောစကား၊ ကုန်းချောသောစကား တို့ကို ပြုသောကံ။
၅) မူးယစ်စေတတ်သော အရက်သေစာတို့ကို သောက်စားသောကံ။
ဟူ၍ မိန့်ကြားလေသည်။

မင်းကြီး အမိန့်ချမှတ်ပြီး နောက်တစ်နေ့တွင် အမိန့်ကြော်ငြာမောင်းခတ်တော့သည်။ တိုင်းသူပြည်သားတို့သည် အရှင်လတ်လတ်thetဖြတ်ခံပြီး ယဇ်ပူဇော်ခံရမည်ကို ကြောက်ကြသဖြင့် ကံငါးပါးကို လုံခြုံအောင် ထိန်းကြလေသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော ယဇ်ပူဇော်ချိန်ရောက်သော်လည်း ကံငါးပါးကျူးလွန်သူ တစ်ဦးမျှ မရှိကြသဖြင့် ယဇ်ပူဇော်ပွဲ ပျက်သည်။

ဒုမ္မေဓဇာတ်တော်တွင် အရည်အချင်းရှိသောသူတို့သည် မိမိအလိုရှိရာကို ပြုနိုင်ရန်အတွက် အခြေအနေနှင့် အချိန်အခါကို ချိန်ဆတတ်ကြသလို၊ ပရိယာယ်ကိုလည်း ကြွယ်ဝစွာ အသုံးချတတ်ကြလေသည်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။