Now You See Me 3 ထုတ်လုပ်ဖို့ Lionsgate တရားဝင်​ကြေညာ

Celebrity International News
Now You See Me 3 ထုတ်လုပ်ဖို့ Lionsgate တရားဝင်​ကြေညာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Now You See Me 3 ထုတ်လုပ်ဖို့ Lionsgate တရားဝင်​ကြေညာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Now You See Me 3 ထုတ်လုပ်ဖို့ Lionsgate တရားဝင်​ကြေညာ

ရုပ်ရှင်ပရိသတ်တွေကြားမှာ အကြိုက်များခဲ့တဲ့ Now You See Me နဲ့ Now You See Me 2 အပြီးမှာ သုံးကားမြောက် Now You See Me ကို ထပ်မံကြည့်ရှုရတော့မှာဖြစ်ပါတယ်။

Now You See Me 3 နဲ့ ပတ်သက်ပြီး အစောကတည်းက သတင်းထွက်နေပေမယ့် ယခုအခါမှာတော့ Now You See Me 3 ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ကြောင်း Lionsgate Motion Pictures Group က တရားဝင်ကြေညာလာတာဖြစ်ပါတယ်။

Now You See Me 3 ဟာ ယခင် Now You See Me ရဲ့ အငွေ့အသက်တွေကို ပြန်လည်ပြသမှာဖြစ်ပြီး မျက်လှည့်ဆရာတွေပါဝင်တဲ့အုပ်စုတစ်ခုက အကျင့်ပျက်ခြစားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေတွေကိုလိမ်လည်ခိုးယူကာ FBI ရဲ့ ရန်ကိုရှောင်ပြီး အဲဒီငွေတွေကို လူတွေဆီကိုပြန်ပေးတဲ့အကြောင်း ရိုက်ကူးပြသမှာပါ။

Now You See Me 3 ကို The Punisher (Dolph Lundgren) ဒါရိုက်တာ Boaz Yakin နဲ့ Men in Black ဇာတ်ညွှန်းဆရာ Ed Solomon တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ Venom ဒါရိုက်တာ Rubin Fleischer ​က ဒါရိုက်တာနေရာကနေ တာဝန်ယူရိုက်ကူးပေးမှာဖြစ်ပါတယ်။

သရုပ်ဆောင်ရွေးချယ်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ကိုမသိရသေးပေမယ့် Sherlock သရုပ်ဆောင် Benedict Cumberbatch လည်း ပါဝင်လာနိုင်​ကြောင်း ကောလာဟလများထွက်ထားပါတယ်။

Now You See Me ရုပ်ရှင်တွေဟာ နှစ်ကားစလုံးရဲ့ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၆၈၆ သန်းနီးပါးရရှိထားပြီး Now You See Me ကို The Incredible Hulk ဒါရိုက်တာ Louis Leterrier က ရိုက်ကူးကာ Now You See Me 2 ကို Crazy Rich Asians ဒါရိုက်တာ John Chu က ရိုက်ကူးခဲ့ပါတယ်။

ရေးသားသူ – Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။