ရည်းစားရနေပြီဆိုတဲ့ အဆိုတော်လွှမ်းပိုင်နဲ့ သတင်းထွက်နေတဲ့ သူကဘယ်သူဖြစ်မလဲ

Celebrity Local News
ရည်းစားရနေပြီဆိုတဲ့ အဆိုတော်လွှမ်းပိုင်နဲ့ သတင်းထွက်နေတဲ့ သူကဘယ်သူဖြစ်မလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရည်းစားရနေပြီဆိုတဲ့ အဆိုတော်လွှမ်းပိုင်နဲ့ သတင်းထွက်နေတဲ့ သူကဘယ်သူဖြစ်မလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရည်းစားရနေပြီဆိုတဲ့ အဆိုတော်လွှမ်းပိုင်နဲ့ သတင်းထွက်နေတဲ့ သူကဘယ်သူဖြစ်မလဲ

လွှမ်းပိုင်ကတော့ နိုင်ငံကျော်အမျိုးသားအဆိုတော် တစ်ယောက်ဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးမှုရရှိထားတဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတွေကတော့ ပရိသတ်တွေပါးစပ်ဖျားမှာ စွဲနေတဲ့အထိအောင်မြင်မှုရရှိထားသူဖြစ်ပြီး မိန်းကလေးပရိသတ်သာမက ယောကျာ်းလေးပရိသတ်တွေကပါအမာခံအားပေးနှစ်သက်ခြင်းခံနေရပါသေးတယ်။

အချစ်ရေးမှာလည်းအဆိုတော် တစ်ဦးဖြစ်တဲ့ Bobby Soxer နဲ့ ချစ်သူသက်တမ်း (၁၀)နှစ်ကျော်ကြာခဲ့တာ ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိရှိ နဲ့ လက်တွဲထားခဲ့ပြီး ပရိသတ်အားကျရတဲ့အနုပညာရှင် တစ်တွဲလည်းဖြစ်ပေမဲ့ ၁၀နှစ်ကျော်တွဲခဲ့ပြီးနောက်မှာ ၂ ဦးသဘောတူလမ်းခွဲပြတ်စဲခဲ့ကြတာဖြစ်ပါတယ်

လွှမ်းပိုင်ကတော့အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းကိုပါအကောင်းဆုံးကြိုးစားလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။”ငါကိုနမ်းတဲ့ မုန်တိုင်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာခေါင်းဆောင်မင်းသားတစ်ယောက်အနေဖြင့် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။

ယခုအခါမှာတော့ ရုပ်ရှင်ကားအသစ် ရုံတင်တဲ့ ပွဲကိုတက်ရောက်ရင်း ‘ရည်းစား ရနေပါပြီ။ သူနဲ့ နေရတာပျော်လို့ သူ့ကို ကြိုက်ခဲ့တာပါ။ ရည်းစားရှိရင်လည်း ရှိတယ်.. မရှိရင်လည်း မရှိဘူး … ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်.. ကိုယ်ချစ်လို့ တွဲတာကို ဘာလို့ Low-key လုပ်နေမှာလဲ’ လို့ ပြောပြသွားခဲ့တာပဲဖြစ်ပါတယ် လွှမ်းပိုင်ရဲ့ ချစ်သူအသစ်က ဘယ်သူဖြစ်မယ်လဲဆိုတာ ပရိသတ်တွေကတော့ သိချင်နေကြပြီပဲဖြစ်ပါတယ်။

Videoကြည့်ရန်- https://youtu.be/U0bMspZHL10

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။