နာမည်ကြီး Friday 13th မှာဘယ်သူတွေ သတိထားရမလဲ?

Astrology

နာမည်ကြီး Friday 13th မှာဘယ်သူတွေ သတိထားရမလဲ?

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နာမည်ကြီး Friday 13th မှာဘယ်သူတွေ သတိထားရမလဲ? ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နာမည်ကြီး Friday 13th မှာဘယ်သူတွေ သတိထားရမလဲ?

နောက်တစ်ပတ်လောက်အထိ Mercury Retrograde ထဲရှိနေသေးတယ်ဆိုပေမယ့် သတင်းကောင်းလေးအနေနဲ့ .. ဒီမနက်မှာပဲ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလကုန်ထဲက စိတ်သောကပေးနေခဲ့တဲ့ Mars Retrograde in Gemini ကနေ လွန်မြောက်လာပြီဖြစ်ပြီး လက်ရှိမှာ Mars ဟာ 8° Gemini မှာ Direct ပြန်ဖြစ်နေပါပြီ။
နှစ်ကုန်ပိုင်းမှာ သိသိသာသာကျန်းမာရေးအညံ့ရှိတဲ့သူတွေ ၊ ဘာလုပ်လုပ်လွဲချော်နေတဲ့သူ ၊ Creative Blocked တွေဖြစ် ၊ စိတ်လေ Motivation ပျောက်နေတဲ့သူတွေ တစနဲ့တစပြန်ပြီး ခေါင်းထောင်လာပါတော့မယ် ။ ဒါပေမယ့် သူ့ရဲ့ Post Shadow Period လေးကျန်နေသေးလို့ သတိလေးတော့ထားရမယ် ။
Aries ***
Taurus *
Gemini ***
Cancer *
Leo *
Virgo *
Libra *
Scorpio **
Sagittarius *
Capricorn *
Aquarius *
Pisces **
* – သတိရှိရုံ
** – သေချာလေးအာရုံစိုက်
*** – အမှားပါတတ်

ပြထားတဲ့ Star level အလိုက် သတိလေးဆက်ထားမှ တော်ကာကျမယ် ။ ဘာဖြစ်လို့လဲ?.. Mars က Retrograde အထွက်မှာ ပြန်ပြီးအရှိန်တင်လာဖို့ရှိလို့ သူ့ကြောင့် Block ဖြစ်နေတာတွေ Delay ဖြစ်ခဲ့တာတွေအကုန် တံခါးတွေပွင့်လာဖို့ရှိတယ် ။ လွန်ခဲ့သောလပိုင်းမှာ ပြောရမလို မပြောရမလိုဖြစ်တဲ့ စကားတွေ ၊ အားမလိုအားမရဖြစ်ရတာတွေကနေ ဇောက်ထိုးပြန်လည်ပြီး Energy အပြည့်နဲ့ဖြစ်လာတော့မယ် ။
ဒါကကောင်းတာပဲလေ ဘာကိုသတိထားရမှာလဲမေးရင်..
ဒီရက်ပိုင်းစိတ်သွားတိုင်းကိုယ်ပါပြီး စိတ်ထဲရှိတဲ့အတိုင်း တည့်တိုးတွေပြောချမိတတ်လို့ နည်းနည်းဘရိတ်အုပ်ထားပါဦး ၊

လုပ်ချင်ပြီးရပ်နေရတဲ့အလုပ်တွေ ၊ အားလျော့နေတာကနေ ဝုန်းတိုင်းကြဲပြန်အလုပ်လုပ်နိုင်တော့မယ် ၊ ဒါပေမယ့် အထိန်းအကွပ်လေးတော့ထားပါ

ဒီနေ့မှာ ဝုန်းဒိုင်းကြဲ Decision Making တွေ ၊ Risk ယူလိုက်တာတွေ ၊ သူများကိုငွေချေးတာ ငွေကြေးအရအာမခံလိုက်တာမျိုးတွေ မရဘူးတော့မဟုတ် ရတယ် ။ ဒါပေမယ့် မလုပ်ရရင်ပိုကောင်းတယ် ။ အနည်းဆုံး သုံးလေးခေါက်လောက် Cross-check လုပ်သင့်ပါတယ် ။

ဒီနေ့ Interview ဖြေမယ့်သူ ၊ အရင်ရက်တွေထဲက အလုပ်ကိစ္စ လူမှုရေးကိစ္စ ကြီးကြီးမားမားစီစဥ်ထားသူတွေအနေနဲ့ စိတ်ကူးပေါက်ရာ လျှောက်မလုပ်ဘူးဆိုရင် ဘာမှထူးပြီးကြောက်ဖို့မရှိဘူး ။

– Numerology မှာဆိုလည်း 13 ဂဏန်းက Growth/Transformation လို့သတ်မှတ်သလို Tarot မှာလည်း Death Card က အသစ်တစ်ဖန်စတင်ခြင်းပါ

– သောကြာနေ့ဆိုတာကလည်း Venus Energy လွှမ်းမိုးသက်ရောက်တဲ့နေ့တစ်နေ့ ။ ပြောရရင် ဒီတစ်ရက် Friday မှာ Manifest လုပ်ဖို့အားမပေးပေမယ့် ကိုယ့်ရဲ့ Routine အသစ်လေးတွေ စပြီးအကောင်အထည်ဖော်ဖို့တော့ အားပေးတယ် ။ (Friday 13th ကတော့ Horror ရုပ်ရှင်တွေကချဲ့ကားတာရယ် ၊ ဘာသာရေးအယူသီးတာဖက် ပိုရောက်လို့ Astrology အရတော့ ထူးထူးခြားခြားစိတ်ပူရမယ်ဆိုတာမျိုး မရှိနေပါဘူး)

တစ်ခုတော့ရှိတယ် ။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်တယ် ။ ဒီနေ့ ငါလုပ်သမျှကံဆိုးနေတော့မယ် ၊ လွဲချော်နေတော့မယ်ဆိုရင် မလွဲချော်ခဲ့သည်တိုင်အောင် စိတ်ထဲအပြည့်အဝပျော်ရဖို့မရှိဘူး ။ ဒီမှာတင် တစ်ပန်းရှုံးနေပြီလေ ။

ဒီတော့ လုပ်စရာရှိတာလုပ်ပါ ၊ မလုပ်သင့်တာရှောင်ပါ ။ ကံသည်အလုပ်ပါပဲ ။ ဒီတစ်နေ့အတွက် အင်တာဗျူးရှိလို့ အရေးကြီးကိစ္စရှိလို့ စိတ်ရှင်းချင်ရင် ဒီရက်လေးပိုပြီးငွေဝင်စေဖို့ အထေ့အငေါ့ကင်းဖို့ အလုပ်ကံကောင်းစေမယ့်အဆောင်လေး လုပ်ချင်တယ်ဆိုရင်
“ထောပတ်ဆီမီးကို ကြေးခွက်နဲ့ထည့်ပြီး မီးပူဇော်ပေးပါ ။ ဆီမီးမထွန်းချင်တဲ့သူတွေက ဘုရားကို ဆန်နဲ့ထန်းညက်ခဲ (သို့) ကြံသကာခဲလေးကို ကြေးနဲ့ပြုလုပ်ထားတဲ့ ပန်းကန်/ဆွမ်းတော်ခွက် ထဲထည့်ပြီး ကပ်လှူပေးစေချင်ပါတယ်” ။

အားလုံးအဆင်ပြေပါစေ

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။