အတူအိပ်ဖို့ ဆွဲဆောင်မရလို့ တက္ကစီ ခိုးခဲ့တဲ့ အမျိုးသမီး

Funny International News
အတူအိပ်ဖို့ ဆွဲဆောင်မရလို့ တက္ကစီ ခိုးခဲ့တဲ့ အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အတူအိပ်ဖို့ ဆွဲဆောင်မရလို့ တက္ကစီ ခိုးခဲ့တဲ့ အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အတူအိပ်ဖို့ ဆွဲဆောင်မရလို့ တက္ကစီ ခိုးခဲ့တဲ့ အမျိုးသမီး

ထိုင်းအမျိုးသမီးတစ်ဦးဟာ အငှားယာဉ်မောင်းကို သူနဲ့အတူ အိပ်ဖို့ ဆွဲဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့နောက် တက္ကစီကို ခိုးယူမောင်းပြေးသွားခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး ဂျီရတ်ဟာ နိုဝင်ဘာလ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်က အငှားယာဉ်တစ်စီးကို တားခဲ့ပြီး ဘန်ကောက် – ပတ်ချာဘူရီ အသွားအပြန်ခရီးကို ဘတ် ၄၀၀၀ နဲ့ ငှားခဲ့ပါတယ်။

ပတ်ချာဘူရီက ဟိုတယ်ကို ရောက်ချိန်မှာ ဂျီရတ်က အငှားယာဉ်မောင်းကို သူနဲ့အတူ အိပ်ဖို့ ဆွဲဆောင်ခဲ့ပေမဲ့ အငှားယာဉ်မောင်းက လက်မခံခဲ့ပါဘူး။ အတူအိပ်ပေးဖို့ လက်မခံပေမဲ့ သူ့ကတိအတိုင်း နောက်နေ့နံနက်မှာ ဂျီရတ်ကို ဘန်ကောက် ပြန်ပို့ပေးဖို့ အငှားယာဉ်မောင်းက သဘောတူခဲ့ပါတယ်။

ဘန်ကောက်ကို ပြန်လာတဲ့လမ်းမှာ အပေါ့အပါး သွားဖို့အတွက် ဆီဆိုင်မှာ ခရီးတထောက် နားကြပါတယ်။ အငှားယာဉ်မောင်းက အပေါ့သွားပြီး ပြန်ထွက်လာချိန်မှာတော့ သူ့ကား မရှိတော့ပါဘူး။ ဂျီရတ် မောင်းပြေးသွားတာဖြစ်မယ်လို့ တွက်ဆမိတဲ့ အငှားယာဉ်မောင်းက ဘတ်ချာဘူရီရဲစခန်းကို သွားပြီး တိုင်ချက်ဖွင့်ခဲ့ပါတယ်။

ဒေသခံရဲတပ်ဖွဲ့နဲ့ အမြန်လမ်း ရဲတပ်ဖွဲ့က ပူးပေါင်းရှာဖွေရာမှာ ဂျီရတ် မောင်းပြေးသွားတဲ့ အငှားယာဉ်ကို ရာမ(၂) လမ်းမှာ တားဆီးနိုင်ခဲ့ပြီး ဂျီရတ်ကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ဂျီရတ်က အငှားယာဉ်ကို ခိုးယူမောင်းပြေးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့အနေနဲ့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရရင် ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ် ဘတ် ၁ သိန်း (သို့) ထောင်ဒဏ်၊ ငွေဒဏ် ၂ ရပ်လုံး ကျခံရဖို့ ရှိနေပါတယ်။

ထိုင်းလူမှုကွန်ရက်မှာတော့ ”လူ မရလို့၊ ကားကို ခိုး၊ ထောင်ကျကိန်းနဲ့ တိုး”ဆိုပြီး ဒီဖြစ်ရပ်အကြောင်း လူပြောများနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။