မျက်စိ/မျက်လုံး ဆုံးရှုံးခြင်း အိမ်မက်များ ရဲ့ အဓိပ္ပါယ်

Astrology
မျက်စိ/မျက်လုံး ဆုံးရှုံးခြင်း အိမ်မက်များ ရဲ့ အဓိပ္ပါယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မျက်စိ/မျက်လုံး ဆုံးရှုံးခြင်း အိမ်မက်များ ရဲ့ အဓိပ္ပါယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မျက်စိ/မျက်လုံး ဆုံးရှုံးခြင်း အိမ်မက်များ ရဲ့ အဓိပ္ပါယ်

အိမ်မက် အားလုံး က အရေးကြီးတာ မဟုတ်သလို အရေးကြီးတဲ့ အိမ်မက် ထဲ မှာမှ နှစ်မျိုး ထပ်ခွဲနိုင်ပါတယ်။

၁။ အနာဂါတ် ဖြစ်မယ့် အကြောင်းအရာ ကို နမိတ်ပြခြင်း။ ဒီလို အိမ်မက်တွေမှာ အဖြေ ပါ တတ်ပါတယ်။

၂။ ဒုတိယ တမျိုးကတော့ ၊ ကိုယ့်အတွက် ဆင်ခြင် သုံးသပ်ဖို့ပါ။ အိမ်မက်ထဲ မှာ အဖြေမပါပါ။ ကိုယ် တိုင် သုံးသပ် အဖြေရှာ ရပါတယ်။

အခု ပြောမယ့် မျက်လုံး ဆုံးရှုံးမှု အိမ်မက် များကတော့ ဒုတိယ အမျိုးစား ပါ။
မျက်လုံး တဖက်ထဲ ဆုံးရှုံး တယ် လို့ မက်တာ များပါတယ်။ နှစ်ဖက်လုံး ဆုံးရှုံး ရင်တော့ ပိုဆိုးပါတယ်။

မျက်လုံးတဖက်ထဲ ဆုံးရှုံးခဲ့ ရင်တော့ ကိုယ့်ဘဝ ရဲ့ အတွေးအမြင်များ မှားယွင်း ပြီး အမှန် ကို မမြင်နိုင်တာပါ။ အိပ်ယာ နိုး လို့ အိမ်မက် ကို သတိရရင် ကိုယ့်တိုင် သုံးသပ်ကြည့်ပါ။ အဲဒီရက်ပိုင်းတွေ မှာ သင်ဟာ စိတ်ခံစားချက် အီမိုရှင်း တွေ မြင့်နေတတ်ပါတယ်။

ဘယ်ဖက် မျက်လုံးက လ ညာဖက် က နေကို ကိုယ်စားပြုတာမို့ သင်ဟာ ဘယ်ဖက် မျက်လုံး ဆုံးရင်တော့ အချစ် သို့ ချစ်ခြင်းမေတ္တာ နဲ့ ပါတ်သက် တဲ့ ခံစား ချက်တွေ မှာ အမှန် မမြင် နိုင်လောက်အောင် စိတ်လှုပ်ရှားနေတာ ကို အိမ်မက် က သတိပေးတာပါ။
အလားတူ ဘဲ ညာ မျက်လုံးတလုံးထဲ ဆုံးရှုံးခဲ့ ရင်တော့ လက်တွေ့ကျတဲ့ အလုပ်အကိုင် သို့မဟုတ် ဘဝ နဲ့ ဆိုင်တဲ့ အကြောင်းအရာ တွေကို ဆုံးဖြတ်ရာမှာ မှားယွင်းနေကြောင်း အိမ်မက် သတိပေးတာပါ။

မျက်လုံး နှစ်ဖက်လုံး ဆုံးရှုံးခဲ့ ရင်တော့ ရှေ့အနာဂါတ် ကို ဘာမှ မမြင်နိုင်ဘဲ လမ်း ပျောက်တဲ့ ဘဝ မျိုး ကြုံ နေရသူများ မက်တတ်ကြပါတယ်။
မိတ်ဆွေ အားလုံး အိမ်မက်ကောင်းများ မက် နိုင်ကြပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။