ဇီဝဖြစ်စဉ်အားကောင်းစေဖို့ ကူညီပေးမယ့် အရေးကြီးတဲ့အာဟာရဓာတ်တွေ

Health Knowledge
ဇီဝဖြစ်စဉ်အားကောင်းစေဖို့ ကူညီပေးမယ့် အရေးကြီးတဲ့အာဟာရဓာတ်တွေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇီဝဖြစ်စဉ်အားကောင်းစေဖို့ ကူညီပေးမယ့် အရေးကြီးတဲ့အာဟာရဓာတ်တွေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇီဝဖြစ်စဉ်အားကောင်းစေဖို့ ကူညီပေးမယ့် အရေးကြီးတဲ့အာဟာရဓာတ်တွေ

ဇီဝဖြစ်စဉ်အားကောင်းတဲ့သူတွေအတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ဆိုတာ အရမ်းလွယ်ကူပါတယ်။ ဇီဝဖြစ်စဉ်အားကောင်းနေမယ်ဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီဓာတ်တွေကို မြန်မြန်ဆန်ဆန်နဲ့ လောင်ကျွမ်းစေနိုင်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက ဇီဝဖြစ်စဉ်အားကောင်းအောင် လုပ်ဖို့ လျစ်လျူရှုမိနေကြပါတယ်။ ဇီဝဖြစ်စဉ်အားကောင်းချင်ရင်တော့ တစ်နေ့တာအစားအစာမှာ အရေးကြီးတဲ့ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်ဖို့ပါပဲ။ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်ရမလဲဆိုရင်

ဗီတာမင်ဘီ

ဗီတာမင်ဘီဓာတ်က သင် စားလိုက်တဲ့အစားအစာအားလုံးကို ခန္ဓာကိုယ်မှာ အဆီအဖြစ် မသိုလှောင်စေဘဲ စွမ်းအင်ထုတ်လုပ်ပေးအောင် ကူညီပေးပါတယ်။ ဒီအာဟာရဓာတ်က အစားအစာတွေအားလုံးကနေ ဇီဝဖြစ်စဉ်ရအောင် ကူညီပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ်ချို့တဲ့မယ်ဆိုရင် ဇီဝဖြစ်စဉ်ကို မကြာခဏ အနှောင့်အယှက်ဖြစ်စေပြီး မလိုအပ်ဘဲ ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ဒီအာဟာရဓာတ်က စိတ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ အသား၊ နို့ထွက်ပစ္စည်း၊ ငှက်ပျောသီး၊ ပန်းသီးနဲ့ ဟင်းနုနွယ်ရွက်တို့ကနေ ဗီတာမင်ဘီဓာတ်ကို ရရှိနိုင်ပါတယ်။

မဂ္ဂနီစီယမ်

မဂ္ဂနီစီယမ်က စွမ်းအင်တွေ ထုတ်လုပ်ဖို့အတွက် ဓာတုတုံ့ပြန်ချက်တွေမှာ အရေးကြီးပါတယ်။ ဒီအာဟာရဓာတ်မရှိရင် ကျွန်တော်တို့ရဲ့ဇီဝဖြစ်စဉ်နဲ့ စွမ်းအင်ထုတ်လုပ်မှုဖြစ်စဉ်က နှေးကွေးသွားစေပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ်ကို ဦးနှောက်လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးနေတဲ့၊ ကြွက်သားတွေပြေလျောစေဖို့ ကူညီပေးနေတဲ့ အင်ဇိုင်းဓာတ်တုံ့ပြန်မှု (၃၀၀) ကျော်အတွက် လိုအပ်ပါတယ်။ မဂ္ဂနီစီယမ်ဓာတ်ရရှိနိုင်တဲ့အစားအစာတွေက အာလူး၊ အစေ့အဆံနဲ့ ပဲအမျိုးမျိုးတို့ဖြစ်ပါတယ်။

သံဓာတ်

ဇီဝဖြစ်စဉ်ကို မြှင့်တင်တဲ့အခါ ဒီအာဟာရဓာတ်ကို ချန်ထားခဲ့လို့မရပါဘူး။ သွေးထဲမှာ သံဓာတ်ပမာဏနည်းတာက ကြွက်သားတွေဆီရောက်မယ့် အောက်စီဂျင်နည်းတာပါပဲ။ ဇီဝဖြစ်စဉ်နှုန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျန်းမာစွာဖွံ့ဖြိုးဖို့နဲ့ ဇီဝဖြစ်စဉ်အားကောင်းစေဖို့အတွက် ဒီအာဟာရဓာတ်ကို လိုအပ်ပါတယ်။ အယ်မွန်စေ့၊ ငါး၊ အသားနဲ့ ပဲပိစပ်တွေမှာ သံဓာတ်ကို ရရှိနိုင်ပါတယ်။

ကယ်စီယမ်

ကယ်စီယမ်ဓာတ်က သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပြီး ဇီဝဖြစ်စဉ်အားကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ်က ခန္ဓာကိုယ်ရဲ့ အခြေခံအပူချိန်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးတဲ့အပြင် ခန္ဓာကိုယ်က အဆီပိုတွေကိုလည်း လောင်ကျွမ်းအောင် ထောက်ပံ့ပေးပါတယ်။ နို့ထွက်ပစ္စည်း၊ အယ်မွန်စေ့နဲ့ အစေ့အဆံတွေက ကယ်စီယမ်ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီကလည်း ဇီဝဖြစ်စဉ်အားကောင်းစေတဲ့အာဟာရဓာတ်ပါပဲ။ ဗီတာမင်စီကလည်း ဇီဝဖြစ်စဉ်ကို နှေးကွေးစေတဲ့ Oxidative Stress ကို ခုခံပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ်ချို့တဲ့တဲ့သူတွေက ကိုယ်အလေးချိန်ကျဖို့ခက်ခဲပြီး ရောဂါလည်းအလွယ်တကူဝင်နိုင်ပါတယ်။ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ သံပရိုသီးတွေကလည်း ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။