ထီဂဏန်းရွေးနည်းတစ်မျိုး

Astrology
ထီဂဏန်းရွေးနည်းတစ်မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထီဂဏန်းရွေးနည်းတစ်မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထီဂဏန်းရွေးနည်းတစ်မျိုး

လူတစ်ယောက်ရဲ့ မွေးဂဏန်းတွေဟာအဲဒီလူတစ်ယောက်ရဲ့ဘဝမှာ အရေးအပါအရာရောက်ဆုံးပါလို့ ကမ္ဘာကျော်လက္ခဏာ ဆရာကြီးကိုင်ရိုကပြောခဲ့ဖူးပါတယ် ။
ဒါကြောင့်ပဲ သူရေးသားခဲ့တဲ့ ဗေဒင်လက္ခဏာကျမ်း အတော်များများမှာ ကိန်းဂဏန်းတွေကို အလေးထားရေးသားဖော်ပြထားခဲ့တာ လေ့လာဖူးသူတွေ သိကြမှာပါ ။

အခုကျွန်တော်ဖော်ပြမယ့် အကြောင်းအရာကလည်း သူ့ရဲ့ကျမ်းပေါင်းများစွာထဲက လူသိနည်းတဲ့ မိမိရဲ့အင်္ဂလိပ်မွေးဖွား သက္ကရာဇ်ကို ထီပေါက်ဂဏန်း ရွေးနည်းပါ ။ ဒီနည်းကို မြန်မာမှုပြုပြီး ထီအက္ခရာပါ ရွေးချယ်လို့အမည်မသိဆရာတစ်ဦးက မဂ္ဂဇင်းတစ်အုပ်မှာ ဖော်ပြပေးခဲ့ဖူးတာ ကျွန်တော်ငယ်ငယ်က ဖတ်မှတ်လေ့လာခဲ့ဖူးပါတယ် ။ မှန်ကန်မှုအတော်များများ ရှိခဲ့တယ်လို့လည်း ၄င်းဆရာက ရေးသားထားတာ ဖတ်မှတ်ခဲ့ဖူးပါတယ် ။စာရေးသူအမည် မမှတ်သားမိခဲ့တဲ့ ကျွန်တော့်ကိုခွင့်လွှတ် ပေးစေလိုပါတယ် ။ မိတ်ဆွေတို့အနေနဲ့ စာရေးသူအမည်သိရှိခဲ့ရင်လည်း ပြောပြပေးစေလိုပါတယ် ။ ၄င်းစာရေးသူကိုလည်း ဒီနေရာကနေ ကျွန်တော်ဂါရဝပြုလိုက်ပါတယ် ။

နည်းက အရမ်းလွယ်ကူပါတယ် ။
ကိုယ့်ရဲ့ အင်္ဂလိပ်မွေးဖွားသက္ကရာဇ် အပြည့်အစုံသိရင် ရပါပြီ ။
ဥပမာ…25.10.1971ခုနှစ်မှာ မွေးဖွားခဲ့သူ တစ်ယောက်ဆိုရင် သူ့ရဲ့ထီကံကောင်းစေတဲ့ ဂဏန်းကလည်း (2 5 1 0 7 1 များများပါတဲ့ ဂဏန်းမျိုးကိုရှာပြီး ထိုးရမှာ ဖြစ်ပါတယ် ။ ခုနှစ်ဂဏန်း (ရာ ၊ ထောင်ဂဏန်း)ပါစရာ မလိုအပ်ပါဘူး ။

ထီဂဏန်းရွေးပြီးပြီဆိုတော့ ထီအက္ခရာရွေးဖို့ လိုအပ်ပါဦးမယ် ။ ထီအက္ခရာကလည်း ထီဂဏန်းရွေးချယ်သလိုပါပဲ လွယ်ကူပါတယ် ။

အင်္ဂလိပ်မွေးရက်…
1,10,19,28ရက်နေ့ မွေးဖွားသူတွေအနေနဲ့
က ၊ ခ ၊ ဂ ၊ ဃ ၊ ငအက္ခရာကို ရွေးချယ်ရပါမယ် ။

2,11,20,29ရက်နေ့ မွေးဖွားသူတွေအနေနဲ့
စ ၊ ဆ ၊ ဇ ၊ ဈ ၊ည အက္ခရာကို ရွေးချယ်ရပါမယ် ။

3,12,21,30ရက်နေ့ မွေးဖွားသူတွေ အနေနဲ့
ဋ ၊ ဌ ၊ ဍ ၊ ဎ ၊ ဏ ၊ တ ၊ ထအက္ခရာကို ရွေးချယ် ရပါလိမ့်မယ် ။

4,13,22,31ရက်နေ့ မွေးဖွားသူတွေ အနေနဲ့
ဒ ၊ ဓ ၊န ၊ ပ ၊ ဗအက္ခရာကို ရွေးချယ်ရပါလိမ့်မယ် ။

5,14,23ရက်နေ့ မွေးဖွားသူတွေ အနေနဲ့
ဗ ၊ ဘ ၊ မ ၊ ယ ၊ရ အက္ခရာကို ရွေးချယ် ရပါလိမ့်မယ်။

6,15,24ရက်နေ့ မွေးဖွားသူတွေ အနေနဲ့
လ ၊ ဝ ၊ သအက္ခရာကို ရွေးချယ် ရပါလိမ့်မယ် ။

7,16,25ရက်နေ့ မွေးဖွားသူတွေ အနေနဲ့
ဟ ၊ ဠ ၊ အ အက္ခရာကို ရွေးချယ် ရပါလိမ့်မယ် ။

8,17,26ရက်နေ့ မွေးဖွားသူတွေ အနေနဲ့
ဓ ၊န ၊ ပ ၊ ယ ၊ ရအက္ခရာကို ရွေးချယ် ရပါလိမ့်မယ် ။

9,18,27ရက်နေ့ မွေးဖွားသူတွေ အနေနဲ့
ဃ ၊ ဇ ၊ န ၊ ဋ ၊ ဌ ၊ဍ အက္ခရာကို ရွေးချယ် ရပါလိမ့်မယ် ။

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။