ရဟန်းမခံဘဲ မာဖီးယားခေါင်းဆောင်လိုနေနေတဲ့ ထမ့်စန်ဂူက ဟိုပုံးကိုရင်ကြီး

Local News

ရဟန်းမခံဘဲ မာဖီးယားခေါင်းဆောင်လိုနေနေတဲ့ ထမ့်စန်ဂူက ဟိုပုံးကိုရင်ကြီး

အားလုံးပဲ မင်္ဂလာပါ… မိုးနတ်မင်း သတင်းစုံကနေ ပြန်လည်ပြီးတော့ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ ရဟန်းမခံဘဲ မာဖီးယားခေါင်းဆောင်လိုနေနေတဲ့ ထမ့်စန်ဂူက ဟိုပုံးကိုရင်ကြီး ​ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

ဟိုပုံးကိုရင်ကြီး (ထမ့်စန့်ဂူ)

ထမ့်စန့်ဂူရောက်တိုင်း သံကြေးတက်နေတဲ့ သေနတ်အစုတ်ကြီး တကားကားနဲ့အနီးအဝေးကနေ ကုသိုလ်လာယူကြတဲ့ ဘုရားဖူးဧည့်သည်တွေကို ဟောက်လိုက် ငေါက်လိုက်နဲ့လုပ်နေတဲ့ အကောင်ဗလောင်တွေဟာ မျက်စိထဲမှာ အတော့်ကိုကြည့်ရဆိုးပါတယ်။

မြန်မာပြည်မှာ နာမည်ကြီးကြတဲ့ ဆရာတော်ဘုရားများ သွားလေရာမှာ သေနတ်ကိုင်ပြီး လိုက်စောင့်ရှောက်ရတာ တပါးမှ မရှိပါ။

ထူးထူးဆန်းဆန်း သက်တော်(၅၀)နီးနေပြီဖြစ်တဲ့ ကိုရင်လေး(ခေါ်) ကိုရင်ကြီးကတော့ ကြွလေရာ မြန်းလေရာ နောက်တော်ပါးက စနိုက်ပါ စက်သေနတ်ကြီး RPGလောင်ချာ အပြည့်အစုံနဲ့ဆိုတော့ တကယ်လို့များ နိုင်ငံခြား တိုင်းတပါးက တွေ့မြင်မိလို့မေးလာခဲ့ကြရင် ဘယ်နှယ့်ဖြေကြမလဲ့မသိ။

ဟိုကကောင်တွေက အမေးအမြန်းက ထူသနဲ့။ ဂူထဲရောက်ပြီး ဘုရားကို ဦးကုန်းချမယ်လုပ်တော့ ပလ္လင်ပေါ်မှာ စက်သေနတ်ကြီးတင်ထားပြီး ပြောင်းဝကြီးက ဘုရားဖူးဧည့်သည်တွေရဲ့ နဖူးတည့်တည့်ကြီးချိန်ထားပြန်တော့ ကံနိမ့်ချိန်နဲ့တိုးမိပြီး မတော်လို့ ဒိုင်း!ခနဲ့ လွတ်ထွက်လာခဲ့ရင် စောက်ကျိုးနည်းရချည့်ရဲ့။

“ရဟန္တာလို့ နာမည်ကြီးတယ် နေ့မွန်းလွဲကြီး ကွမ်းတမြုံ့မြုံ့ဝါးနေတာ အပြစ်မရှိဘူးလား?

ဟို့ ကိုယ်တော်တွေကကော ဦးဇင်းလား ကိုရင်လား စကားပြောစက်ကို ခါးမှာချိတ်ပြီး လူရှေ့သူရှေ့ တကားကား လုပ်နေတာဟာ ကြည့်ရဆိုးလိုက်တာ ဘုရားသားတော် အသွင်ပျောက်နေတာလားလို့”စတဲ့စတဲ့ မေးခွန်းပေါင်းများစွာဖြင့် မေးမြန်းလာသော ဘာသာခြားမှ ဗုဒ္ဓဘာသာသို့ကူးပြောင်းလာတဲ့ အမကြီးတယောက်ရဲ့မေးခွန်းကို ခေါင်းကုတ်ရင်း မဖြေနိုင်ခဲ့တာ ကြုံခဲ့ရဖူးတယ်။

ဆက်ပါဦးမယ်… ဟိုပုံကိုရင်လေး(ခေါ်)ကိုရင်ကြီးနဲ့ပတ်သက်ပြီး အလွန်စဉ်းစားစရာကောင်းတဲ့အချက်ကတော့ ယခုအချိန်ထိ ဘာကြောင့် ရဟန်းမခံသေးတာပါလိမ့်?ဆိုတာပါပဲ။

ပြောနေကြ ကြားမိတာကတော့ ရဟန်းခံလို့မရဘူးလို့ဆိုပါတယ်။ မြတ်ဗုဒ္ဓရဲ့ဥပဒေတော်သိက္ခာပုဒ်များစွာထဲက ဘယ်သိက္ခာပုဒ်နှင့်ငြိစွန်းမိတာပါလိမ့်?

ရဟန်းခံလို့မရတဲ့ ပြစ်ချက်များထဲက ဘယ်ပြစ်ချက်နှင့်ငြိစွန်းနေတာပါလိမ့်? ဟု မေးခွန်းထုတ်စရာတွေ ဖြစ်လာပြန်ရော။

ဘုရားတည် သာသနာပြုနေပါတယ်ဆိုသေး ပြုမူနေထိုင်ပုံတွေဟာ ဘုရားဥပဒေတော်တွေနဲ့ ဖီလာကန့်လန့်ဖြစ်နေသလားလို့ပါ။ ဘယ်ဆရာတော်မှ မလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သီးသန့်ထားပြီး လူမိုက်လူရမ်းကားလုပ်နေတာတွေဟာလည်း တကယ်ပဲ ဘုရားသားတော်အသွင်ပျောက်လို့နေပါတယ်။

လွန်ခဲ့တဲ့ (၇) နှစ် (၈) နှစ်က အေးသာယာ တောင်ကြီးအတက်လမ်း(တောင်ကြီးပန်းခြံအနီး)မှာ စီးတော်ယာဉ်ကို ၎င်းကိုယ်တိုင်ပရမ်းပတာမောင်းလို့ လူတယောက်ကို တိုက်သတ်ခဲ့ဖူးတယ်ဆိုတာ သိသူအလွန်ရှားပါတယ်။ ဒီအမှုကို ကိုယ်တော်က ငွေ(၂၅)သိန်းနဲ့ အမှုပိတ်ပစ်ခဲ့ပါတယ်။

သေဆုံးသူ ဦးစိုင်းတ တောင်ကြီးမြို့နယ် အေးသာယာမှာနေထိုင်သူဖြစ်ပါတယ်။ ဦးစိုင်းတဆိုသူဟာ (SSS)မဟာကျာရဲ့ အလုပ်သမားတဦးပါ။ ဒီကတည်းက ကိုရင်ကြီးဟာ ဈာန်လျှောပြီး သီလပျက်သူ ဖြစ်နေပါပြီ။

အခြားနေရာတွေမှာလည်း ဒီလိုအဖြစ်အပျက်မျိုးနဲ့ထပ်တူပဲ အမှုပိတ်သိမ်းပစ်ခဲ့တာ မနည်းမနောပါပဲ။

တကယ်ဆို ကိုရင်ကြီးရဲ့ ပြုမှုနေထိုင်ပုံတွေ၊ ဟောပြောပုံတွေဟာ ဘုရားတရားတော်နှင့်လားလားမျှ မကိုက်ညီတဲ့အတွက် စာတတ်ပေတတ် ပအိုဝ်းရဟန်းတော် ဆရာတော်ကြီးတွေက မကြိုက်ကြပါဘူး။ ဒါကြောင့်ပဲ သူနှင့်ခပ်ကင်းကင်း ခပ်ခွာခွာနေကြပါတယ်လို့ သိရတယ်။

အခုလည်း သူ့ရဲ့တပ်သားတွေကို မသွန်သင် မဆုံးမ မထိန်းကွပ်ပဲ ဓားပြဆန်ဆန်ပုံစံမျိုးနှင့် RCSS/SSAတပ်ဖွဲ့ရဲ့ လက်နက်ကို ဝင်လုတယ်ဆိုတော့ သျှမ်းလူမျိုးနှင့် ပအိုဝ့်လူမျိုးတို့ကို လူမျိုးရေးပဋိပက္ခမဖြစ် ဖြစ်အောင် တမင်ဖန်တီးလိုက်တာပါပဲ။

ဒီမီးဟာ ရေရှည်ဆက်ပြန့်ပွားသွားမယ်ဆိုရင်တော့ သျှမ်းပြည်တောင်ပိုင်းလည်း သျှမ်းပြည်မြောက်ပိုင်းလို အသွင်မျိုး ဖြစ်မလာနိုင်ဘူးလို့ မဆိုနိုင်ဘူး။ ဒီပြဿနာဟာ အဓိကတရားခံ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဟာ ထမ့်ဆန့်ဂူကိုရင်ကြီးပါပဲ။

ကိုရင်ကြီးသာ အမှန်တကယ် သာသနာတော်ကို ချစ်မြတ်နိုးတယ်။ အမှန်ပဲ သာသနာတော် ပြန့်ပွားစေချင်ရိုးဟုတ်တယ်ဆိုရင် ကိုယ်တော့်အပါးက လက်နက်ကိုင်ငကြွားတွေကို လုံးဝ(လုံးဝ)ကို ရဲရဲကြီးစွန့်လွှတ်ပစ်ရမှာပါ။ ရိုးရိုးသားသား‌လေးနဲ့ ဘုရားစကားတော်နှင့်အညီ ကျင့်ကြံ နေထိုင်ပြီး စစ်မှန်သောနည်းဖြင့် သာသနာပြုရပါမယ်။

ထို့သိုမဟုတ်ရင်တော့ ကိုယ်တော်ဟာ သာသနာပြုဟု ဗန်းပြပြီး သာသနာ့ပုံရိပ် ညှိုးနွမ်းအောင် လုပ်ဆောင်နေတာပဲဖြစ်တယ်။ ဘုရားမကြိုက်တဲ့လမ်းစဉ်ကို တမင်ထွင်ပြီး အဆန်းလုပ်နေတာတွေကို ရပ်တန့်သင့်ပါပြီ။

နိဂုံးချုပ်အနေနဲ့.. “မြန်မာနိုင်ငံမှာ ဘာသာရေးဗန်းပြပြီး လိမ်စားလို့အကောင်းဆုံးပဲ” ဆိုတဲ့ နိုင်ငံခြားသားတယောက်ရဲ့ မှတ်ချက်စကားဟာ မြန်မာနိုင်ငံသားများအတွက် အလွန်ပဲ မှတ်သားစရာကောင်းနေပါတယ်။

မိုးနတ်မင်းပရိသတ်ကြီးလည်း ဒီပိုစ့်လေးကိုဖတ်ရတာ နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေအတွက် ရှယ်ပေးဖို့မမေ့နဲ့နော်

Leave a Reply