၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( December 4 to December 10 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ပုံမှန် ကျန်းမာရေးကို ထိန်းထားနိုင်ပါမယ်။ ရက်သတ္တပတ် နောက်ပိုင်း ကာလတွင် အနည်းငယ် ထိုင်းမှိုင်းနေတတ်ပါတယ်။

ငွေကြေးအားဖြင့် နယ်ပယ်များစွာမှ ဝင်ငွေ ရရှိနိုင်သော်လည်း ကုန်ကျစရိတ်များသည်လည်း တိုးလာနိုင်သည်မလို့ သတိထားပေးပါ။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် လာမည့် နေ့ရက်များတွင် ပိုမိုခက်ခဲနေနိုင်ပါမယ်။

မိသားစုဘဝတွင် သာယာပျော်ရွှင်မှုနှင့် အတူ ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်နိုင်ပါမယ်။ သို့သော် အချစ်ရေးအားဖြင့် နားလည်မှု၊ သဘောထား ကွဲလွဲမှု အချို့ ရှိလာနိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus ( December 4 to December 10 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ခရီးသွားလာခြင်းတို့ ရှိနေနိုင်ပါတယ်။ သို့သော် ခရီးလမ်းတွင် ဗိုက်အောင့်ခြင်း စသော ဝေဒနာများ ခံစားရနိုင်သောကြောင့် သတိထားပေးပါ။ အစားအသောက်နှင့် ပက်သက်၍ ဂရုစိုက်ပါ။

နယ်ပယ်များစွာမှ ငွေကြေး အကျိုးအမြတ်များ ရရှိတတ်ပါတယ်။ ဒါကြောင့် ဤကာလအတွင်း ငွေကြေးများကို အတိုင်းအတာ တစ်ခုအထိ ချွေတာ စုဆောင်းပါ။

မိသားစု စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ယခုအပတ်တွင် ရလာဒ်ကောင်းများ ရရှိနိုင်ပါတယ်။ မကြာသေးမှီက စတင်ခဲ့သော စီးပွားရေးလုပ်ငန်း ဖြစ်ပါက ရင်းနှီးမြုပ်နှံမှုနှင့် ပက်သက်၍ တွေးခေါ် စဉ်းစားပါ။ မိသားစုဝင်များနှင့် ဆွေးနွေးတိုင်ပင်ပါ။

မေထုန်ရာသီခွင် – Gemini ( December 4 to December 10 )
===============================================

ဤကာလအတွင်း ကျန်းမာရေးနှင့် ပက်သက်၍ အပြောင်းအလဲ အချို့ ရှိနေပါမယ်။ ခန္ဓာကိုယ် ကျန်းမာနေစေရန် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးပါ။ အချို့သော Gemini ရာသီခွင်များ အနေနဲ့ ကြုံတွေ့နေရသော ကျန်းမာရေး ပြဿနာများမှ လွတ်မြောက်နိုင်ပါမယ်။

စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ယခုအပတ်တွင် အတိုက်အခိုက်တို့နှင့် ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ သတိထားပါ။

ဤကာလအတွင်း လူမှုရေး လုပ်ရှားမှုများကို အားတက်သရော လုပ်ဆောင်နိုင်ပါမယ်။ ဒါ့အပြင် မိသားစုဝင်များနှင့် ခရီးထွက်ရန်လည်း စီစဉ်နိုင်ပါတယ်။ မိသားစုဝင်များအကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( December 4 to December 10 )
===============================================

ယခုအပတ်တွင် ကျန်းမာရေးနှင့် ပက်သက်၍ ကောင်းကျိုးများစွာ ဆောင်ကြဉ်းပေးပါလိမ့်မယ်။ သင့်တော်သော စားသောက်မှု ပုံစံနှင့်တကွ လိုအပ်သော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။

အထူးသဖြင့် အသက်အရွယ်ကြီးသော Cancer ရာသီခွင်များ အနေနဲ့ စိတ်အပန်းဖြေမှုအတွက် မိသားစုဝင်များနှင့် အတူ ခရီးထွက်ရန် (သို့) ပျော်ပွဲစားထွက်ရန် စီစဉ်နိုင်ပါတယ်။

ငွေကြေးကိစ္စနှင့် ပက်သက်၍ အထွက်ကြမ်းနေနိုင်ပါမယ်။ ဤကာလ အတောအတွင်း ဝေးကွာနေသော ဆွေမျိုးတစ်ဦးထံမှ သတင်းကောင်း အချို့ကြောင့် မိသားစုဝင်များ အကြား ပျော်ရွှင်ရတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( December 4 to December 10 )
===============================================

ယခုအပတ်တွင် ကျန်းမာရေးအရ တိုးတက်မှုများ ရှိ‌လာနိုင်ပါမယ်။ သိုသော် စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး အတက်အကျများ ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။ ဒါကြောင့် မိမိ၏ စိတ်ကို တည်ငြိမ်စေရန် အလုံအလောက် အနားယူပေးပါ။

အိမ်ထောင်သည်များ အနေနဲ့ ဤကာလအတွင်း မိမိကလေး၏ ပညာရေးအတွက် ငွေကြေးများစွာ သုံးစွဲရတတ်ပါတယ်။ ငွေကြေး ပြဿနာများကို တစ်ဦးတစ်ယောက်တည်း ဖြေရှင်းမည့်အစား မိမိလက်တွဲဖော်နှင့် တိုင်ပင် ဆွေးနွေးပါ။

ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြောင်းအလဲအချို့ ရှိနေနိုင်ပါတယ်။

ကန်ရာသီခွင် – Virgo ( December 4 to December 10 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် စိတ်ခံစားချက် ပြင်းထန်နေပါမယ်။ အသေးငယ်ဆုံး အရာများကိုပင် စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။ တစ်ဦးတစ်ယောက်တည်း နေလိုစိတ်များ ခံစားရနိုင်ပါမယ်။

ဤကာလ အတောအတွင်း ငွေကြေး ချေးငှားမှုများ မပြုလုပ်ပါနှင့်။ ပိတ်ဆို့ခံထားရသော ငွေကြေးလမ်းကြောင်းများ ပြန်လည်ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ဒါ့အပြင် မိသားစုရှိ သက်ကြီးရွယ်အိုများကို ဂရုစိုက်ပေးပါ။

တူရာသီခွင် – Libra ( December 4 to December 10 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် အလုပ်ခွင်အတွင်း ဖိအားများ တိုးလာတာသည်နှင့် အမျှ စိတ်ကမောက်ကမဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုတွေ ခံစားရပါလိမ့်မယ်။ အရာရာကို စိတ်တို‌၊ ဒေါသ ဖြစ်လွယ်နေပါမယ်။

ဤကာလအတွင်း ငွေကြေး အကုန်အကျ များနေနိုင်ပါမယ်။ မိမိအတွက် လိုအပ်မှသာ သုံးစွဲပေးပါ။

မိသားစုဝင်များကို တတ်နိုင်သမျှ ထောက်ပံ့ပေးပါ။ ယခုအပတ်တွင် မိသားစု ပြဿနာများနှင့် ပတ်သက်၍ ပြင်ပလူများ၏ ဝင်ရောက် စွက်ဖက်မှုများကြောင့် အသက်ကြီးသော မိသားစုဝင်များကြား တင်းမာမှုကို ဖြစ်စေနိုင်ပါတယ်။ မိမိ၏ အပြောအဆိုနှင့် ပက်သက်၍ သတိထားပေးရပါမယ်။ နှုတ်မကျွံမိအောင် ဂရုစိုက်ပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( December 4 to December 10 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် အ‌စားအသောက်နှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။ ကိုယ်လက် လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ယခုအပတ်တွင် ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ သတင်းကောင်း ကြားသိရနိုင်ပါမယ်။ သို့သော် မိမိ၏ ငွေကြေးကိုလည်း အတတ်နိုင်ဆုံး စုဆောင်းရန် ကြိုးစားပေးရပါမယ်။

ဤကာလအတွင်း မိတ်ဟောင်းဆွေဟောင်း အချို့၏ လှည့်စားမှုနှင့် ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မိသားစု ပတ်ဝန်းကျင်တွင် အနှောင့်အယှက်များ ဖြစ်စေကာ အေးချမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင် မိမိ၏ ဒေါသကို ထိန်းချုပ်ပါ

ဓနုရာသီခွင် – Sagittarius ( December 4 to December 10 )===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရပါမယ်။ မိမိ၏ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ အထူးသဖြင့် အဆီများသော အစားအစာများကို ရှောင်ကြဉ်ရပါမယ်။

ဤကာလအတွင်း စီးပွားရေးနှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။ မိတ်ဆွေသစ်များ ပေါ်လာပါက အစစ အရာရာ အထူးဂရုစိုက်ပါ။ ဆုံးဖြတ်ချက်များကို အလျင်စလို မချမှတ်ပါနှင့်။

ဆွေမျိုးများ၏ နေရာဒေသသို့ အလည်အပတ်သွားခြင်းဖြင့် မိမိ၏စိတ်ကို အနားပေးနိုင်ပါမယ်။ မိသားစုဘဝအတွက် အချိန်အလုံအလောက်ပေးပါ။ သို့သော် မိသားစုဝင်များ၏ ရှေ့တွင် မည်သည့်အရာကိုမျှ မညည်းညူပါစေနှင့်။

မကာရရာသီခွင် – Capricorn ( December 4 to December 10 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ရောဂါ ဝေဒနာများ ခံစားနေရပါက သက်သာပျောက်ကင်း လာပါမယ်။ ကျန်းမာရေး တိုးတက်မှုများ ရှိနေမည့် အချိန်ကာလ ဖြစ်ပါတယ်။

ဤကာလအတွင်း ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လိုပါက အကြောင်းအရာများကို အသေချာ စုံစမ်းပါ။

မိသားစုဝင်များ အကြား ဆက်ဆံရေးသည် စိမ်းကားနေနိုင်ပါမယ်။ မိမိ၏ စိတ်ဆန္ဒအပြင် မိသားစုဝင်များ၏ သဘောထားကိုပါ အလေးထားပါ။

ကုမ်ရာသီခွင် – Aquarius ( December 4 to December 10 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ရောဂါ ကြီးကြီးမားမား ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ အနည်းငယ်ရှိပေမယ့်လို့ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။

ငွေကြေးကိစ္စနှင့် ပက်သက်၍ စိတ်လှုပ်ရှားစရာကောင်းသော အခိုက်အတန့်ကို ကြုံတွေ့ရတတ်ပါတယ်။ အကျိုးခံစားခွင့်များ ရရှိစေရုံ သာမက ဘဏ္ဍာရေး အခြေအနေသည် ယခင်ထက် ပိုမိုအားကောင်းလာပါမယ်။

ဤကာလအတွင်း မိသားစု၏ အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ပါမယ်။ အကြောင်းအရာ တစ်ခုခုကို ပြုလုပ်လိုပါက မိမိ၏ သဘောထားနှင့် အခြားသူများ နားလည်သဘောပေါက်အောင် ကြိုးစားပေးပါ။

မိန်ရာသီခွင် – Pisces (2023 December လ အတွက် ဟောစာတမ်း)
=======================================================


ယခုလတွင် Pisces ရာသီခွင်တို့သည် အသက်မွေးဝမ်းကြောင်း ၊ ငွေကြေး နှင့် ကျန်းမာရေး စသည်တို့နှင့် စပ်လျဉ်း၍ အလယ်အလတ် ရလဒ်များ ကြုံတွေ့ရနိုင်ပါတယ်။ အလုပ်အကိုင် အပြောင်းအလဲတို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း ဖိအားတို့ကြောင့် စိတ်ဖိစီးရတတ်ပါတယ်။ သို့သော် အခွင့်အလမ်းကောင်းများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။ လွဲချော်မှု အချို့ ဖြစ်ပေါ်နိုင်သောကြောင့် သတိထားပေးပါ။ တွဲဖက် စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် မပြေလည်မှုများ ကြုံတွေ့ရတတ်ပါတယ်။ မိသားစုဝင်များအကြား ငြင်းခုံမှုတို့ကြောင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာရေးအားဖြင့် အသေးအမွှား ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေး
ယခုလတွင် Pisces ရာသီခွင်တို့၏ အချစ်ရေး၊ အိမ်ထောင်ရေးသည် ပုံမှန်အနေအထားတွင် ရှိနေပါမယ်။ သို့သော် တခြားသူများနှင့် ပြောဆိုဆက်ဆံရာတွင် သတိထားပေးပါ။ နားလည်မှု လွဲမှားခြင်းကြောင့် ချစ်သူနှစ်ဦးကြား ငြင်းခုံမှုအချို့ ရှိလာနိုင်ပါတယ်။ အိမ်ထောင်သည်ဘဝတွင် ချစ်ခြင်းမေတ္တာ အားနည်းနေတတ်ပါတယ်။ အိမ်ထောင်ပြုလိုကြသူများ အနေနှင့် အနည်းငယ် စောင့်ဆိုင်းပေးပါ။

ရေးသားသူ -Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။