မျက်လုံးအားနည်းသူများအတွက် ဆေးစွမ်းတလက်

Health Knowledge
မျက်လုံးအားနည်းသူများအတွက် ဆေးစွမ်းတလက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မျက်လုံးအားနည်းသူများအတွက် ဆေးစွမ်းတလက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မျက်လုံးအားနည်းသူများအတွက် ဆေးစွမ်းတလက်

ကုသိုလ်ရပါတယ် များများမျှဝေပေးကြပါ မျက်မှန်တပ်ထားရသူများ လက်တွေ့သာ စမ်းသပ်သုံးစွဲကြည့်ကြပါ

အသက်(၃၀)ကျော်မှပဲ မျက်စိမကြည်။ မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့ အနီးကြည့် ပါဝါ (+၁၅၀)ဒီဂရီ မျက်မှန်တပ်ခဲ့ရသည်။အခုအသက်(၄၀)ကျော်မှ မျက်မှန်လွတ်လေတော့ ထူးဆန်းနေသလို အများက ထင်ကြတော့သည်။ဆေးနည်း အချိုးအစားအတိုင်း လွယ်ကူစွာ ဖေါ်စပ်ရန် ဖြစ်လေသည်။

ဆေးနည်း

(၁) ဆီးဖြူးသီးကို ထုထောင်းပြီး အစေ့ဖယ်၊ နေလှန်း၊ အမှုန့်ပြုလုပ်ရန်။

(၂) ကြိတ်မှန်ရွက်ကိုခူး အရိပ်မှာ အလိုအလျောက် သဘာဝအတိုင်းအခြောက်ခံ အမှုန့်ပြုရန်။

(၃) ကွမ်းရွက်ကို အခြောက်လှန်း အမှုန့်ပြုရန်။

(၄) ပျားရည်စစ်စစ်

ထို(၄)မျိုးသာ လိုပါသည်။

ယခုခေတ်ကာလ မျက်မှန်ကောင်းတစ်လက်လုပ်ပါမူ ကာလတန်ဖိုး လေးသောင်းငါးသောင်းမကကန်သည်သာ။

နေရာတကာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလိုဖြစ်ပြန်သည်။ မျက်မှန်မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုန်းပွတ်ဖို့ အကုန်ခက်ချေသည်။

မျက်မှန်ပါဝါက အကျမရှိ အတက်သာ။ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက်ကြောတက်စိတ်ပျက်ဖြစ်ရပြန်သည်။

“သုံးဆောင်ရန်”

ညအိပ်ပြီဆိုပါလျှင်

ဆီးဖြူသီးမှုန့်လက်ဖက် စားဇွန်း(၁)ဇွန်း

ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း

ကွမ်းရွက်ခြောက်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း

ထိုဆေးသုံးပါးအား ပျားရည်လက်ဖက်စားဇွန်း(၃)ဇွန်းနှင့်ရောမွေ၍ စားပေးရန်သာ ဖြစ်သည်။

သုံးလသာ ပုံမှန်မပျက် ယုံကြည်ချက်ဖြင့် စားပေးပါ။

မျက်စိကြည်လင်လာပြီး မျက်မှန်လွတ်မှာသေချာနေပါလိမ့်မည်။

ထိုမျှမက အကျိုးရလဒ်ကအညောင်းအညာပါ ပြေလာပါလိမ့်မည်။

မြန်မာတိုင်းရင်းဆေး အစွမ်းအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဂုဏ်ကိုမြင့်တင်ကြပါစို့။

မူရင်းရေးသားသူကိုလေးစားစွာဖြင့်creditပေးပါသည်

ရေးသားသူ –shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။