ဂါဇာက နောက်ထပ်ဆေးရုံတစ်ခု တိုက်ခိုက်ခံရ

International News
ဂါဇာက နောက်ထပ်ဆေးရုံတစ်ခု တိုက်ခိုက်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂါဇာက နောက်ထပ်ဆေးရုံတစ်ခု တိုက်ခိုက်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂါဇာက နောက်ထပ်ဆေးရုံတစ်ခု တိုက်ခိုက်ခံရ

ဂါဇာ၊ အစ္စရေး၊ အင်ဒိုနီးရှားဆေးရုံ

ဂါဇာမြို့မှာရှိတဲ့ အင်ဒိုနီးရှား ဆေးရုံကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၂ ဦး thayဆုံးခဲ့တယ်လို့ ဂါဇာဒေသက ဟားမတ်စ်အုပ်ချုပ်တဲ့ ကျန်းမာရေးဌာနက ပြောပါတယ်။

အဲဒီဆေးရုံအနားမှာ တင့်ကားတွေ လှုပ်ရှားနေပြီး အနီးတဝိုက်မှာ thayနတ်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆေးရုံ ညွှန်ကြားရေးမှူးက ပြောပါတယ်။

အစ္စရေး စစ်တပ်ရဲ့ ကြေညာချက်ထဲမှာတော့ ဒီဆေးရုံ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။ ဒါပေမဲ့ အစ္စရေးစစ်တပ်အနေနဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ အခြေခံ အဆောက်အအုံတွေကို ဆက်ပစ်မှတ်ထား တိုက်ခိုက်နေဆဲ ဖြစ်ကြောင်းနဲ့ ဟားမတ်စ် တပ်ဖွဲ့ တပ်မှူး ၃ ယောက် thayဆုံးခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာက အင်ဒိုနီးရှား ဆေးရုံကို တိုက်ခိုက်တာဟာ လူသားချင်းစာနာတဲ့ ဥပဒေကို အထင်အရှား ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ က ဝေဖန်ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်နေမှုတွေ ရပ်တန့်သွားအောင် ကမ္ဘာ့နိုင်ငံတွေ အားလုံးက သူတို့ရဲ့ အရှိန်သြဇာတွေကို သုံးကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ တနင်္ဂနွေနေ့တုန်းက ဂါဇာမြို့ အယ်လ် ရှီဖာဆေးရုံကနေ ကယ်ထုတ်ခဲ့တဲ့ လမစေ့ မွေးကင်းစကလေးငယ် ၂၈ ယောက်ကို အခုအခါ ရာဖာ နယ်စပ်ဂိတ်ကို ဖြတ်ပြီး အီဂျစ်နိုင်ငံထဲ ပို့ဆောင်ပေးဖို့ လုပ်နေပါတယ်။

မွေးကင်းစ ကလေးငယ် ၃၁ ယောက်ကို ဆေးဝန်ထမ်းအဖွဲ့တစ်ဖွဲ့နဲ့အတူ လူနာတင်ကားတွေနဲ့ တောင်ပိုင်းကနေ ခေါ်ဆောင်လာခဲ့ကြောင်းနဲ့ နဂိုခေါ်လာတဲ့ ကလေးငယ် ၃၉ ယောက်ထဲက ၈ ယောက်thayဆုံးသွားခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

လောင်စာဆီ ပြတ်ပြီး လျှပ်စစ်မီးမရတဲ့ အယ်လ် ရှီဖာဆေးရုံကနေ အဲဒီကလေးငယ်တွေကို ခေါ်ထုတ်လာတာ ဖြစ်ပါတယ်။ အယ်လ် ရှီဖာဆေးရုံမှာ ဟားမတ်စ် lat nat ကိုင်အဖွဲ့ရဲ့ မြေအောက် ကွပ်ကဲရေးစခန်းတစ်ခု ရှိနေတယ်လို့ အစ္စရေးစစ်တပ်က ယူဆနေပြီး အဲဒီဆေးရုံကို အဓိကပစ်မှတ်ထား စီးနင်းရှာဖွေနေတာ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။