လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း

Astrology
လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း

ခုတလော ငွေဝင်နည်းလေးတွေဝေမျှပါလို့ပြောလို့ ငွေခေါ်နည်းတွေထဲက တစ်ခုဖြစ်တဲ့လေးညှင်းပွင့်ကိုသုံးပြီး ငွေခေါ်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်….
ဒီနည်းလေးဟာ အရမ်းကိုရိုးရှင်းပြီးလုပ်ရတာလည်းလွယ်ကူပါတယ်….

လေးညှင်း ( clove) ကို ရပ်ကွက်ထဲက ကုန်ခြောက်ဆိုင် ၊ ကုန်စုံဆိုင်တွေလည်း အလွယ်တကူဝယ်လို့ရသလို ပရဆေးဆိုင်တွေမှာလည်းဝယ်လို့ရပါတယ်…
Ocean/ City Mart တို့မှာလည်းဝယ်လို့ရတာကြောင့်
ဒီနည်းလေးကိုရေးပေးဖြစ်တာပါ….
နည်းလေးကတော့….

အရောင်းအဝယ်ကောင်းချင်သူများ / စျေးရောင်းနေသူများ
ပစ္စည်းတွေရောင်းမထွက်ပါက လေးညှင်းပွင့်လေးကို ပစ္စည်းတွေကြားမှာထားပေးပါ…..
( အပွင့်အရေအတွက်မသတ်မှတ်ထားပါ)
တပတ် တစ်ခါတော့လုပ်ပေးပါ…
ထင်မထားလောက်အောင်အရောင်းသွက်လာပါမယ်နော်….

online မှအရောင်းအဝယ်လုပ်နေသူများကတော့ လေးညှင်းပွင့်ကို လေးညှင်းပွင့်လေး 5 ပွင့်ကို အိတ်ထဲထည့်ကာ ဆောင်ထားပါ…
မနက်တိုင်း အိတ်ဖြင့် ဖုန်းကိုပုတ်ကာ မိမိလိုရာဆုတောင်းပါ…
အရောင်းအဝယ် ငွေကြေးလာဘ်လာဘတွေပွင့်ပါလိမ့်မယ်….

မိမိအိမ်ခြံမြေဆိုင်ခန်းမှာ လာဘ်ပိတ်နေတယ်လို့ထင်ရင်တော့ လေးညှင်းပွင့် ပြုတ်ရည်ဖြင့်သာ နေရာအနှံပတ်ဖြန်းပါတော့….
ပြုတ်ရည်သာသုံးပါရန်….
တလတစ်ကြိမ်လုပ်လို့ရပါတယ်….

ငွေဝင်ချင်ရင်တော့ ပိုက်ဆံအိတ်ထဲမှာ လေးညှင်းပွင့် 3 ပွင့်ထည့်ကာဆောင်ထားပါ….
စန်းကျနေတယ်ထင်ပါက လေးညှင်းပွင့်ပြုတ်ရည်နှင့်ခေါင်းလျှော်ပေးပါ….အနံစွဲတာမကြိုက်သူများကတော့ ပြီးရင်တော့ရေနဲ့ပြန်လျှော်ပေါ့နော်…..
စန်းကောင်းမှ လာဘ်ကောင်းတာမလို့ စန်းဟာလည်းအရေးကြီးလှပါတယ်….
လုပ်ရလွယ်တဲ့နည်းမလို့ လူတိုင်းလိုက်လုပ်ကြည့်ပါနော်….
ယခုနည်းလေးကို မိမိနှစ်သက်ရာ နေ့ရက် အချိန်မှစပြီးလုပ်လို့ရပါတယ်…

ရေးသားသူ –ဇာဇာဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။