၂၀၂၄ ဒီဇင်ဘာမှာ ရုံတင်ပြသမယ့် Jackie Chan ရဲ့ Karate Kid ရုပ်ရှင်သစ်

Celebrity International News
၂၀၂၄ ဒီဇင်ဘာမှာ ရုံတင်ပြသမယ့် Jackie Chan ရဲ့ Karate Kid ရုပ်ရှင်သစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၄ ဒီဇင်ဘာမှာ ရုံတင်ပြသမယ့် Jackie Chan ရဲ့ Karate Kid ရုပ်ရှင်သစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၄ ဒီဇင်ဘာမှာ ရုံတင်ပြသမယ့် Jackie Chan ရဲ့ Karate Kid ရုပ်ရှင်သစ်

အစောပိုင်းကာလက ကောလာဟလဖြစ်နေတဲ့ ဟောင်ကောင်ဝါရင့်သရုပ်ဆောင် Jackie Chan ရဲ့ Karate Kid ရုပ်ရှင်သစ်ဟာ အမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
Jackie Chan နဲ့ Will Smith ရဲ့ သားဖြစ်သူ Jayden Smith တို့ ပါဝင်ထားတဲ့ ၂၀၁၀ ထုတ် Karate Kid remake ရုပ်ရှင်ဟာ ပရိသတ်တွေအကြား အောင်မြင်မှုများစွာရရှိခဲ့ပြီးတဲ့နောက်မှာ Sony နဲ့ Columbia Pictures ဘက်က နောက်ထပ် Karate Kid ရုပ်ရှင်တစ်ကားကို ထပ်မံထုတ်လုပ်ဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။

The flip side of that is...": Not Jackie Chan, Ralph Macchio Wants the  Worst Karate Kid Character in Cobra Kai to Protect His 40 Years Legacy -  FandomWire

၁၉၈၄ က စတင်ခဲ့တဲ့ မူလ Karate Kid ရုပ်ရှင်တွေနဲ့ Cobra Kai ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Ralph Macchio လည်း Jackie Chan ရဲ့ Karate Kid ရုပ်ရှင်သစ်မှာ ပါဝင်သွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁၃၊ ၂၀၂၄ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ အဲဒီ Karate Kid ရုပ်ရှင်သစ်ကို The End of the F**king World ဒါရိုက်တာ Jonathan Entwistle က ရိုက်ကူးပေးမှာဖြစ်ပြီး ဇာတ်လမ်းဇာတ်ညွှန်းကိုတော့ Peter Rabbit ဇာတ်ညွှန်းဆရာ Rob Lieber က ရေးသားပေးသွားမှာပါ။

Mr. Han နဲ့ Daniel တို့ ဘယ်လိုတွေ့ဆုံကြလဲ၊ ဘာတွေဖြစ်ကြမှာလဲဆိုတဲ့ ဇာတ်လမ်းကျောရိုးကိုမသိရသေးပေမယ့် စိတ်ဝင်စားစရာ ဟောလိဝုဒ်ရုပ်ရှင်တစ်ကားဖြစ်လာမှာအမှန်ပါပဲ။Jackie Chan ဟာ Rush Hour 4 ကိုလည်း ရိုက်ကူးသွားဖို့ရှိပါသေးတယ်။

ရေးသားသူ –Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။