အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် သေချာလိုက်စစ်ဖို့ ဒုကာချုပ်စိုးဝင်း ညွှန်ကြား

Local News

အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် သေချာလိုက်စစ်ဖို့ ဒုကာချုပ်စိုးဝင်း ညွှန်ကြား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် သေချာလိုက်စစ်ဖို့ ဒုကာချုပ်စိုးဝင်း ညွှန်ကြား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မှတ် ပုံတင်နဲ့ အိမ်ထောင်စုစာရင်းရှိ၊ မရှိကို တဦးချင်းစီ အ လိုက် တအိမ်တက်ဆင်းလိုက်လံစစ်ဆေးရမယ်လို့ စစ်အာဏာသိမ်း ဒု-စစ်ခေါင်းဆောင် စိုးဝင်းက ပြောကြား လိုက်ပါတယ်။

ဧပြီလ ၁ ရက်နေ့က ဒု-စစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်ပြုလုပ်တဲ့မဲစာရင်းပြုစုရေးဆိုင်ရာအစည်းအဝေးမှာ ၄င်း တို့လက်အောက်ခံ ပြည်ထဲရေး၊ လဝက၊ ရွေးကောက်ပွဲ ကော်မရှင် အပါအဝင် ဝန်ကြီးဌာနတွေကို အခုလိုပြော ဆိုခဲ့တာပါ။

ဒု-စစ်ခေါင်းဆောင် စိုးဝင်းက ”၂၀၂၃ ခုနှစ်တွင် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲကိုစာရင်း တိကျမှန် ကန်စေရန်အတွက် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင် အားဌာနများနှင့်ပူးပေါင်း၍ တဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရှိမရှိ၊ အိမ်ထောင်စုစာရင်း လဝက ပုံစံ ၆၆/၆ ရှိ၊မရှိ တစ်အိမ် တက်တစ်အိမ်ဆင်းစိစစ်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ဧပြီ ၁ ရက်နေ့ကစပြီး ခရီးသွားလာ၊တည်းခိုရာတွေမှာ အရင်လို ထောက်ခံစာနဲ့မရတော့ဘဲ မှတ်ပုံတင်ရှိမှသာခွင့်ပြုမှာဖြစ်ပြီး ယာဥ်လိုင်းတွေကိုလည်း မှတ်ပုံ တင်ရှိမှ ကားစီးခွင့်ပြုဖို့လိုက်လံ ညွှန်ကြားထားတာပါ။

ဧပြီ ၁ ရက်နေ့ကစလို့ အဲ့ဒီမှတ်ပုံတင်စစ်ဆေးတာတွေကို စစ်ကောင်စီဘက်က စတင်ပြုလုပ်နေတာဖြစ်ပြီးတော့ ဒု-စစ်ခေါင်းဆောင် စိုးဝင်း အခုလို တအိမ်တက်ဆင်းထပ်မံစစ်ဆေးဖို့ မှာကြားခဲ့တာပါ။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။