အနည်းဆုံး နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ ကလေးမံမီရုပ်အလောင်း ၄ လောင်း တူးဖော်တွေ့ရှိ

International News
အနည်းဆုံး နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ ကလေးမံမီရုပ်အလောင်း ၄ လောင်း တူးဖော်တွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အနည်းဆုံး နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ ကလေးမံမီရုပ်အလောင်း ၄ လောင်း တူးဖော်တွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အနည်းဆုံး နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ ကလေးမံမီရုပ်အလောင်း ၄ လောင်း တူးဖော်တွေ့ရှိ

ပီရူးနိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ အနည်းဆုံး နှစ် ၁၀၀၀ သက်တမ်းရှိမယ်လို့ ယုံကြည်ထားတဲ့ ကလေးငယ် မံမီရုပ်အလောင်း ၄ လောင်းကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ယခင်က ဘာသာရေးအခမ်းအနားတွေ ကျင်းပရာနေရာဖြစ်ပြီး မျက်မှောက်ခေတ်မှာ ပီရူးနိုင်ငံမြို့တော် လီမာရဲ့ ရှေးအကျဆုံးဒေသကနေ တူးဖော်တွေ့ရှိခဲ့တာပါ။

နိုဝင်ဘာလ ၂၀ ရက်မှာ ကလေးမံမီရုပ်အလောင်းတွေနဲ့အတူ အရွယ်ရောက်ပြီးသူတွေရဲ့ မံမီရုပ်အလောင်းတွေလည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။ အဲဒီမံမီရုပ်အလောင်းတွေဟာ အင်ဒီးယန်းဒေသ အနှံ့အပြားမှာ အင်ကာအင်ပါယာ မကြီးထွားလာခင် ပီရူးနိုင်ငံ အလယ်ပိုင်း ကမ်းရိုးတန်းမှာ ထွန်းကားခဲ့တဲ့ ယက်ချမာခေတ်က ဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

တချိန်က ဘုရားကျောင်းတစ်ခု စံပယ်ကိန်းအောင်းရာ တောင်ကုန်းငယ်ရဲ့ လှေကားထစ်အောက်ကနေ မံမီရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာပါ။ အဲဒီဘုရားကျောင်းကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ က တည်ဆောက်ခဲ့တာဖြစ်မယ်လို့ ရှေးဟောင်းပညာရှင် လူးဝစ်တာကူဒါက ဆိုပါတယ်။

လူဦးရေး ၁၀ သန်းနီးပါး နေထိုင်တဲ့ လီမာမြို့မှာ ရှေးဟောင်းယဉ်ကျေးမှု တူးဖော်ရှာဖွေရော နေရာ ၄၀၀ နီးပါးအထိ ရှိပါတယ်။ ပီရူးနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှု တူးဖော်ရာ နေရာတွေထဲမှာ အကြီးဆုံးနေရာကနေ လီမာမြို့အပြင်ဘက်မှာ တည်ရှိပြီး ၁၆ ရာစုအတွင်း စပိန်လက်အောက် ကျရောက်ခဲ့တဲ့ အင်ကာအင်ပါယာရဲ့ မြို့တော် တည်နေရာပဲ ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။