ငွေလူလိမ်ခံရင်ပြုလုပ်ရမည့်အဘဆရာကြီးယတြာ

Astrology
ငွေလူလိမ်ခံရင်ပြုလုပ်ရမည့်အဘဆရာကြီးယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေလူလိမ်ခံရင်ပြုလုပ်ရမည့်အဘဆရာကြီးယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေလူလိမ်ခံရင်ပြုလုပ်ရမည့်အဘဆရာကြီးယတြာ

 

မကြာခဏဆိုသလို ကျွန်တော့်ဆီကို ဖုန်းနဲ့တစ်မျိုး ၊ လူကိုယ်တိုင်တစ်မျိုး အမျိုးစုံအောင် ဆက်သွယ်မေးမြန်းလာကြတဲ့ မိတ်ဆွေတွေအတွက် အဘဆရာကြီး ဒေါက်တာမင်းသိင်္ခရဲ့ အခု ယတြာကို ဖော်ပြပေးလိုက်ပါတယ်ဗျာ ။

အခုယတြာက ကိုယ့်ဆီကနေ ငွေချေးယူသွားပြီး နှစ်ရှည်ကြာစွာ (ပေးနိုင်ရဲ့သားနဲ့ တမင် ညစ်မပေးတဲ့) ပြန်မဆပ်ပဲ ပေတေနေသူတွေဆီကနေ ပြန်ရရှိစေအောင် ပြုလုပ်ရတဲ့ယတြာ ဖြစ်ပါတယ် ။ ပေးစရာ လုံးဝမရှိတဲ့သူဆိုရင်တော့ မရနိုင်ပါဘူး ။ အခုယတြာကို တစ်ကြိမ်လုပ်ရုံနဲ့ လုံး၀ မစွမ်းပါ ။ မရမချင်း အကြိမ်ကြိမ် ပြုလုပ်ပေးရမယ့် ယတြာသာ ဖြစ်ပါတယ် ။ တချို့တလေပဲ တစ်ကြိမ်နှစ်ကြိမ်လုပ်ရုံနဲ့ အဆင်ပြေသွားကြတာတော့ ရှိတာပေါ့လေ ။ တစ်ယောက်ရဲ့ကံ နဲ့ တခြား တစ်ယောက်ရဲ့ ကံမှ မတူကြတာကိုး ။

ငွေကြေး အလိမ်ခံနေရတယ်ဆိုရင် အကြွေးပြန်မရဘူးဆိုရင် ကောက်ညှင်းကျည်ထောက် (၃) ချောင်းကို ဖိုခနောက်ဆိုင် မလဲအောင် သန့်ပြန့်တဲ့ မြေကြီးတစ်နေရာမှာ ထောင်လိုက်ပါ ။ ပြီးရင် အဲဒီကောက်ညှင်းကျည်တောက်ပေါ်ကို ဖယောင်းတိုင် မီးတစ်တိုင် မကြာခဏဆိုသလို ထွန်းပေးပြီး လေးလေးနက်နက် အသေးစိပ် အသံထွက် ဆုတောင်းပါ ။ ငွေယူသွားသူကို မေတ္တာသုတ်ရွတ်ဆိုပြီး မေတ္တာပို့သပေးပါ ။ ထူးခြားလာပါလိမ့်မယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။