ဂါဇာမှာ သောကြာနေ့ ယာယီအပစ်ရပ်စမယ်

International News
ဂါဇာမှာ သောကြာနေ့ ယာယီအပစ်ရပ်စမယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂါဇာမှာ သောကြာနေ့ ယာယီအပစ်ရပ်စမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂါဇာမှာ သောကြာနေ့ ယာယီအပစ်ရပ်စမယ်

ဂါဇာဒေသမှာ ၄ ရက်ကြာ အပစ်အခတ် ဆိုင်းငံ့ထားရေး သဘောတူချက် သောကြာနေ့မှာ စတင် အသက်ဝင်မယ်လို့ ကာတာအစိုးရက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို အမြန်ဆုံး စတင် ပို့ဆောင်သွားမယ်လို့ ဒိုဟာမှာရှိတဲ့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဟားမတ်စ်lat nat ကိုင်တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံ ၁၃ ဦးကို သောကြာနေ့ နှောင်းပိုင်းမှာ လွှတ်ပေးဖို့ ရှိပြီး ပါလက်စတိုင်း အတော်များများကို အစ္စရေးအကျဉ်းစခန်းတွေကနေ လွှတ်ပေးဖို့ရှိတယ်လို့ သူက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဂါဇာမြောက်ပိုင်းမှာ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေရာမှာ အဲဒီမှာရှိတဲ့ အင်ဒိုနီးရှားဆေးရုံက လူနာတွေအတွက် အန္တရာယ်တွေ တိုးလာနေတဲ့အတွက် လူနာတွေကို ကယ်ထုတ်ပေးဖို့ ဆေးရုံအုပ်ကြီးက ပန်ကြားလိုက်ပါတယ်။

အဲဒီဆေးရုံအပြင်ဘက်မှာ တင့်ကားတွေနဲ့ ပစ်ခတ်မှုအပါအဝင် တိုက်ပွဲတွေ ပြင်းထန်နေတာ ရက်နဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။ ဆေးရုံထဲက လူနာ ၂၀၀ လောက်ကို ဘေးကင်းရာ ကယ်ထုတ်နိုင်ဖို့အတွက် ဘတ်စ်ကားတွေ အမြန်ဆုံး လွှတ်ပေးဖို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနကို ဆေးရုံအုပ်ကြီး ဒေါက်တာ မာဝန် ဆူလ်တန်က ပန်ကြားထားပါတယ်။ လူနာအများအပြားဟာ မီးလောင်ဒဏ်ရာ ရထားတဲ့ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။