အန္တရာယ်ကင်းယတြာအဖွင့်

Astrology
အန္တရာယ်ကင်းယတြာအဖွင့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အန္တရာယ်ကင်းယတြာအဖွင့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အန္တရာယ်ကင်းယတြာအဖွင့်

အကုသိုလ်တရားကို ကုသိုလ်တရားဘက်သို့ ပြောင်းလဲခြင်းယတြာ

၁။ တနင်္ဂနွေသား/သမီးများအတွက်

သကြားနှင့်ချိုအောင်ဖျော်သောမန်ကျည်းဖျော်ရည်
(၉) ခွက်
အာလူးကြော်(၆) ပွဲ
စူပါကော်ဖီ(၆) ခွက် (၆) လက်ူ
ထီးဖြူ(၆) လက်
တံခွန်(၆) လက်
အောင်သပြေပန်း
မိမိအသက်ထက် (၁) ခက်ပိုထည့်ပါ။
– ဘယာကြော်(၉) ခု
ဖယောင်းတိုင်မီး(၅) တိုင်ထွန်း
တန်ခိုးကြီးမားသော ဘုရားစေတီ၏ တနင်္ဂနွေထောင့်မှနေ၍ နံနက်(၇)နာရီမှ နံနက်(၉)နာရီ အတွင်း ဘုရားကပ်လှူပါ။ ဤသို့ ကပ်လှူပူဇော်ရသော ကုသိုလ်ကောင်းမှုကြောင့် တပည့်တော် တနင်္ဂနွေ သား (နာမည်ထည့်)သည် အလုံးစုံသော ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးရန်မှန်သမျှ၊ အန္တရာယ် မှန်သမျှ၊ ရန်သူမျိုးငါးပါးမှန်သမျှ လျင်မြန်စွာ ကင်းဝေးပပျောက်ချုပ်ငြိမ်းကြပါစေကုန်သတည်း။ (၅)ခါ ဆို၍ ဆုတောင်းပါ။

ဤယတြာကို မိမိကိုယ်တိုင်လုပ်နိုင်ပါက ပိုပြီးထိရောက်စွာ ကောင်းကျိုးပေး၏။ မိမိကိုယ်တိုင် မလုပ်နိုင်ပါက မိမိ၏ မိခင်သည်လည်းကောင်း၊ မိမိ၏ဖခင်သည်လည်းကောင်း၊ မိမိ၏အစ်ကို၊ အစ်မသည် လည်းကောင်း၊ မိမိ၏ဇနီးမယားသည်လည်းကောင်း၊ မိမိ၏ကိုယ်စား တာဝန်ယူ၍ လုပ်ပေးနိုင်ပါသည်။ သို့ပေမယ့် ဆုတောင်းပုံ၊ ကပ်လှူပူဇော်ပုံတို့ကို ကျွမ်းကျင်လိမ္မာဖို့ အထူးလိုအပ်ပါသည်။
ဗုဒ္ဓဘာသာဝင်တိုင်း ဆုတောင်းတာ၊ ကပ်လှူတာ၊ ပူဇော်တာများကို ကျွမ်းကျင်သည်မဟုတ်။ ဖာသိဖာသာ မကျွမ်းကျင်သော ပုဂ္ဂိုလ်၊ မကပ်လှူတတ်၊ ဆုမတောင်းတတ်သော ပုဂ္ဂိုလ်များ မြောက်မြားစွာရှိနေကြပါသည်။ အသက် အရွယ်ကြီးတိုင်း ဆုမတောင်းတတ်တာ၊ မကပ်လှူ၊ မပူဇော်တတ်သည်များကို အကျွန်ုပ် များစွာ တွေ့လာ ခဲ့ဖူးပါ၏။ အရွယ်ငယ်တိုင်း၊ အသက်ငယ်တိုင်း၊ မကပ်လှူတတ်၊ ဆုမတောင်းတတ်ဟု အထင်မသေးပါနှင့်။ အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ကပ်လှူပူဇော်တတ်၊ ရှိခိုးတတ်၊ ဆုတောင်းတတ်သည်များကိုလည်း မြောက် မြားစွာ တွေ့ ရှိခဲ့ဖူးပါ၏။

တန်ခိုးကြီးဘုရားစေတီဆိုရာမှာ မိမိနေထိုင်ရာ မြို့ရွာဒေသတွင် လူအများ ပူဇော်ကန်တော့ နေသော ဘုရားစေတီမျိုး ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီမျိုး၊ ဘုရားပွဲတော်ဖြစ်သော ဘုရား စေတီမျိုး ကို ဆိုလိုပါသည်။ (အကြီးမားဆုံး ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီမျိုးကို သွားသင့်ပါလျက် သွားရမည် မှန်းသိပါလျက် ခရီးဝေးနေ၍ ကားခကုန်မှာစိုး၍ လိုက်ပို့မည့်သူ မရှိ၍ ကြုံရာကျရာ အနီးအနားက ဘုရားမှာပဲ သွားပြီးယတြာလုပ်မည်ဆိုပါလျှင် လုံးဝ မဖြစ်နိုင်ပါ။ ယတြာပြုရာမှာ မထိရောက်နိုင်။ မအောင် မြင်နိုင်ဘူးဟု ဆိုလိုရင်းဖြစ်ပါသည်။ အထူးသတိပြုကြပါကုန်)
ယတြာ မပြုလုပ်ခင် ရှေးဦးစွာ ပြုလုပ်ရမည့်အစီအစဉ်မှာ . . . (က) ကိုယ်လက်သန့်စင်ပြီး ရေမိုးချိုးပါ။ သန့်ရှင်းသော အဝတ်အထည်များကို ဝတ်ပါ။

(ခ) ဗုဒ္ဓဘုရားရှင်ထံတွင် (၅) ပါးသီလခံယူဆောက်တည်ပါ။ (ဂ) တန်ခိုးကြီးဘုရားမှာ မိမိမွေးနံထောင့်မှနေ၍ ယတြာပြု ကပ်လှူ ပူဇော် ဆုတောင်းပါ။ နှလ (ဃ) ထို့နောက် ထိုကပ်လှူ ပူဇော် ဆုတောင်းပြီးခဲ့သည့်နေရာမှာပင် တစ်ထိုင်တည်းနှင့်အပြီး (သမ္ဗုဒ္ဓေ ဂါထာတော်ကြီး)အား (၁၀၈) ခေါက်ရအောင် မှန်မှန်ရွတ်ဖတ်သရဇ္ဈာယ်ပေးပါ။
(၁ဝ၈) ခေါက် ရွတ်ဖတ်သရဇ္ဈာယ်ပြီးတိုင်း အရေးကြီးသော ဆုတစ်ဆုကို တောင်းခဲ့ရပါမည်။ ၎င်းယတြာကို တနင်္ဂနွေသား/သမီးတို့သည် အရေးမကြီးပါက အရေးမကြီးသေးဟု ယူဆပါက တစ်ပတ် တစ်ကြိမ်၊ တနင်္ဂနွေနေ့ကိုသာ လုပ်ရပါမည်။

အရေးကြီးသည်ဟု ယူဆပါက တနင်္ဂနွေနေ့ (၁) ကြိမ်၊ အင်္ဂါနေ့ (၁)ကြိမ်၊ ကြာသပတေးနေ့ (၁)ကြိမ် တစ်ပတ်လျှင် (၃)ကြိမ် လုပ်ရသည့်အတွက် ထိုယတြာကို (သုံးဆင့်) ယတြာဟုဆိုလိုရင်း ဖြစ်ပါသည်။ ပြုလုပ်ရမည့်ထောင့်က မပြောင်းလဲဘူး။ ဤသုံးဆင့် ယတြာ အားလုံးတို့သည် တနင်္ဂနွေထောင့်ကချည်း လုပ်ပေးရမည်ကို အထူးသတိပြုပါလေ။

မှတ်ချက်။ ။ အန္တရာယ်ကင်းယတြာမျိုးကို ဆောင်ရွက်တော့မည် ဆိုတိုင်း ဆိုတိုင်း အထက်ပါ ယတြာပြု ရမည့်အစဉ်ဖြစ်သော (က) မှ (ဃ) အထိ ဤအစီအစဉ်အတိုင်းကို မမေ့ပါနှင့်။ အဆင့်ကျော်၊ အကွက်ကျော် လည်း မလုပ်မိပါစေနှင့်။ သူ့အစီအစဉ်အတိုင်း (က) မှ (ဃ) အထိ ဆောင်ရွက်ရမည်ကို အထူး သတိထား သင့်သည်ဟု ဆိုလိုပါသည်။ ကျန်သော ခုနစ်ရက်သား/သမီးယတြာများတို့ကိုလည်း ဤနည်းအတိုင်းပင် ဆောင်ရွက်ရမည်ဟု သိမှတ်ကြရာ၏။

၂။ တနင်္လာသား/သမီးအတွက် အန္တရာယ်ကင်းယတြာ

သကြားနှင့် ချိုအောင်ဖျော်သော မန်ကျည်းဖျော်ရည် (၁၅)ခွက်၊ လက်ဖက် (၅)ပွဲ၊ လက်ဖက် (၅)ပွဲမှာ (လက်ဖက်အသား၊ ဆီ၊ ဆား၊ ကြက်သွန်ကြော်၊ နှမ်းလှော်) ဤငါးမျိုးသာပါဝင်ရပါမည်။ တခြား အပိုတွေမထည့်ရပါ။ ဘယာကြော် (၁၅) ခု၊ အောင်သပြေပန်း (၁၅) ခက်၊ ဖယောင်းတိုင် (၅) တိုင်ထွန်း။ တန်ခိုးကြီးသောဘုရားစေတီ၏ တနင်္လာထောင့်မှနေ၍ နံနက် (၇)နာရီမှ နံနက် (၉)နာရီအတွင်း ဘုရား ကပ်လှူပါ။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးရန်မှန်သမျှ လျင်မြန်စွာ နိဂုံးချုပ်ငြိမ်းကြပါစေကုန် သတည်းဟု (၅) ခါ ဆုတောင်းပါ။

၎င်းယတြာကို အရေးမကြီးပါလျှင် အရေးမကြီးသေးဟု ယူဆပါလျှင် တစ်ပတ်တစ်ကြိမ် တနင်္လာနေ့တိုင်း လုပ်ပေးရပါမည်။ အရေးကြီးသည်ဟုယူဆပါက တနင်္လာနေ့ (၁) ကြိမ်၊ ဗုဒ္ဓဟူးနေ့ (၁) ကြိမ်၊ စနေနေ့ (၁) ကြိမ် စုစုပေါင်း တစ်ပတ် (၃) ကြိမ် ယတြာလုပ်ပေးရပါမည်။ ယတြာပြုသည့်အခါ ယတြာပြုသည့် အစီအစဉ်အတိုင်း (က) မှ (ဃ) အထိ သူ့အစီအစဉ်အတိုင်း ဆောင်ရွက်ရမည်ကို မမေ့ပါနှင့်။ သတိရှိပါလေ။

၃။ အင်္ဂါသား/သမီးအတွက် အန္တရာယ်ကင်းယတြာ

သကြားနှင့် ချိုအောင်ဖျော်သော မန်ကျည်းဖျော်ရည် (၈)ခွက်၊ ကော်ဖီအအေး (၈)ခွက်၊ လိမ္မော် ရည်စစ်စစ် (၈) ခွက်၊ ထီးဖြူ၊ (၈) လက်၊ တံခွန် (၈) လက်၊ ဘယာကြော် (၈) ခု၊ အောင်သပြေပန်း မိမိ အသက်ထက် (၁) ခက်ပိုထည့်ပါ။ ဖယောင်းတိုင် (၅) တိုင်ထွန်း၊ တန်ခိုးကြီးမားသောဘုရားစေတီ၏အင်္ဂါ ထောင့်မှနေ၍ နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအတွင်း ဘုရားကပ်လှူပါ။ ဆုတောင်းသည့်အခါ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့ သော ဘေးရန်မှန်သမျှ အန္တရာယ်မှန်သမျှ ရန်သူမျိုးငါးပါးမှန်သမျှ လျင်မြန် စွာ ကင်းဝေးပပျောက်ကြပါစေ။

လျင်မြန်စွာ နိဂုံးချုပ်ငြိမ်းကြပါစေကုန်သတည်းဟု (၅) ခါဆို ဆုတောင်းပါ။ ၎င်းယတြာကို အရေးမကြီးပါလျှင် တစ်ပတ်တစ်ကြိမ် အင်္ဂါနေ့ကို လုပ်ပေးရပါမည်။ အရေးကြီး ပါက အရေးကြီးသည်ဟု ထင်မြင်ယူဆပါက အင်္ဂါနေ့ (၁) ကြိမ်၊ ကြာသပတေးနေ့ (၁) ကြိမ်၊ စနေနေ့ (၁) ကြိမ် တစ်ပတ် (၃) ကြိမ် သုံးဆင့်ယတြာကို ပြုရပါမည်။ ပြုပုံပြုနည်း အစဉ်ကား ယခင်အထက်က ပြသခဲ့သည့် အတိုင်း (က) မှ (ဃ) အထိ ဤအစီအစဉ်အတိုင်းသာ ဆောင်ရွက်ရမည်ကို သတိပြုပါလေ။

၄။ ဗုဒ္ဓဟူးသား/သမီးအတွက် အန္တရာယ်ကင်းယတြာ

လိမ္မော်ရည် (၁၇) ခွက်၊ သကြားနှင့်ချိုအောင်ဖျော်သော မန်ကျည်းဖျော်ရည် (၄) ခွက်၊ ဘယာ ကြော် (၁၇) ခု၊ အောင်သပြေပန်း အသက်ထက် (၁) ခက်ပိုထည့်ပါ။ ထီးဖြူ (၄)လက်၊ တံခွန် (၄)လက်၊ ဖယောင်းတိုင် (၅)တိုင်ထွန်း။ တန်ခိုးကြီးသောဘုရားစေတီ၏ ဗုဒ္ဓဟူးထောင့်မှနေ၍ နံနက် (၇) နာရီမှ နံနက် (၉) နာရီအတွင်း ဘုရားကပ်လှူပါ။ ဘေးရန်မှန်သမျှ အန္တရာယ်မှန်သမျှ ရန်သူမျိုးငါးပါးမှန်သမျှ လျင်မြန်စွာ ကင်းဝေး ပပျောက်ကြပါစေ။ လျင်မြန်စွာ နိဂုံးချုပ်ငြိမ်းကြပါစေကုန်သတည်းဟု (၅) ခါဆို ဆုတောင်းရပါမည်။

၎င်းယတြာကို အရေးမကြီးပါလျှင် အရေးမကြီးဟု ယူဆပါလျှင် တစ်ပတ်တစ်ကြိမ် ဗုဒ္ဓဟူးနေ့ ကိုသာ လုပ်ပေးရပါမည်။ အရေးကြီးပါက အရေးကြီးသည်ဟုယူဆပါက တနင်္လာနေ့ (၁) ကြိမ်၊ ဗုဒ္ဓဟူးနေ့ (၁) ကြိမ်၊ စနေနေ့ (၁) ကြိမ် တစ်ပတ်လျှင် (၃) ကြိမ် လုပ်ပေးရပါမည်။ ဤယတြာပြုပုံ အစီအစဉ်သည် လည်း ယခင်ပြဆိုထားသည့်အတိုင်း (က) မှ (ဃ)အထိ ဤအစီအစဉ်အတိုင်းသာ ဆောင်ရွက်ရမည်ကို သတိပြုပါ။ သို့မှသာ ယတြာသည် ထိရောက်စွာ အစွမ်းထက်စွာ အကျိုးပေးနိုင်ပေလိမ့်မည်။

၅။ ကြာသပတေးသား/သမီးအတွက် အန္တရာယ်ကင်းယတြာ

လိမ္မော်ရည် (၁၉) ခွက်၊ စူပါကော်ဖီမစ်အအေး (၅) ခွက်၊ အောင်သပြေပန်း အသက်ထက် (၁) ခက်ပိုထည့်ပါ။ ဘယာကြော် (၁၉) ခု၊ လက်ဖက်ပွဲ (၅) ပွဲ၊ ဖယောင်းတိုင်မီး (၅) တိုင်ထွန်း၊ ထီးဖြူ (၅) လက်၊ တံခွန် (၅) လက်တို့ကို တန်ခိုးကြီးမားသော ဘုရားစေတီ၏ ကြာသပတေး ထောင့်မှနေ၍ နံနက် (၆) နာရီမှ နံနက် (၇) နာရီအတွင်း ဘုရားကပ်လှူပါ။ ဆုတောင်းရန်မှာ ကြာသပတေးသား (နာမည်ထည့်) သည် ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးရန်မှန်သမျှ အန္တရာယ်မှန်သမျှ ရန်သူမျိုးငါးပါးမှန်သမျှ လျင်မြန်စွာ ကင်းဝေးပပျောက်ကြပါစေ။

လျင်မြန်စွာ နိဂုံးချုပ်ငြိမ်းကြပါစေကုန်သတည်းဟု (၅) ခါဆို၍ ဆုတောင်းရပါမည်။
၎င်းယတြာကို အရေးမကြီးလျှင် တစ်ပတ် (၁) ကြိမ်၊ ကြာသပတေးနေ့တိုင်း လုပ်ပေးရပါမည်။ အရေးကြီးနေပါက အန္တရာယ်အတိုက်အခိုက်များပြားနေပါက အင်္ဂါနေ့ (၁) ကြိမ်၊ ကြာသပတေးနေ့ (၁) ကြိမ်၊ စနေနေ့ (၁) ကြိမ် တစ်ပတ် (၃) ကြိမ် (၃) ဆင့်ယတြာကို ဆောင်ရွက်ရပါမည်။ ဤအန္တရာယ် ကင်းယတြာသည်လည်း ယခင့် ယခင် ယတြာအစီအမံအတိုင်း (က) မှ (ဃ) အထိ အစဉ်အတိုင်း ဆောင်ရွက်ရမည်ကို အထူးသတိပြုပါလေ။

၆။ သောကြာသား/သမီးအတွက် အန္တရာယ်ကင်းယတြာ

လိမ္မော်ရည် (၆) ခွက်၊ သံပရာဖျော်ရည် (၂၁) ခွက်၊ ဘယာကြော် (၂၁) ခု၊ အောင်သပြေ ပန်း မိမိအသက်ထက် (၁) ခက်ပိုထည့်ပါ။ ထီးဖြူ (၆) လက်၊ တံခွန် (၆) လက်၊ ဖယောင်းတိုင် (၆) တိုင်ထွန်းပါ။ ဘူးသီးကြော် (၆) ခု၊ တန်ခိုးကြီးဘုရားစေတီ၏ သောကြာထောင့်မှနေ၍ နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအတွင်း ဘုရားကပ်လှူပါ။ ဆုတောင်းသည့်အခါ သောကြာသား (နာမည်ထည့် သည် ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးရန်မှန်သမျှ၊ အန္တရာယ်မှန်သမျှ၊ ရန်သူမျိုးငါးပါးမှန်သမျှ လျင်မြန်စွာ ကင်းဝေးပပျောက်ကြပါစေ။ လျင်မြန်စွာ နိဂုံးချုပ်ငြိမ်းကြပါစေကုန်သတည်းဟု (၅) ခါဆို၍ ဆုတောင်းပါ။

၎င်းယတြာကို အရေးမကြီးလျှင် အရေးမကြီးသည်ဟုယူဆလျှင် တစ်ပတ် (၁) ကြိမ် သောကြာ နေ့တိုင်း ပြုလုပ်ပေးရပါမည်။ အရေးကြီးနေပါက အရေးကြီးလောက်အောင် ဘေးရန်အန္တရာယ် များပြားနေပါက သောကြာနေ့ (၁)ကြိမ်၊ အင်္ဂါနေ့ (၁)ကြိမ်၊ တနင်္ဂနွေနေ့ (၁)ကြိမ်၊ တစ်ပတ် (၃)ကြိမ်၊ (၃)ဆင့် ယတြာကို ပြုလုပ်ရပါမည်။ ဤအန္တရာယ်ကင်း ယတြာသည်လည်း ယခင့် ယခင်ပြဆိုထားသည့် အစီအမံအတိုင်း (က) မှ (ဃ) အထိ ပြုလုပ်ရမည်ကို သတိပြုပါလေ။

၇။ စနေသား/သမီးအတွက် အန္တရာယ်ကင်းယတြာ

လိမ္မော်ရည် (၁၀) ခွက်၊ သံပရာဖျော်ရည် (၁၀) ခွက်၊ သကြားနှင့်ချိုအောင်ဖျော်သော မန်ကျည်းဖျော်ရည် (၁ဝ) ခွက်၊ ထီးဖြူ (၁၀) လက်၊ တံခွန် (၁ဝ) လက်၊ အောင်သပြေပန်း မိမိ အသက်ထက် (၁) ခက်ပိုထည့်ပါ။ ဘယာကြော် (၁၀) ခု၊ ဖယောင်းတိုင် (၇) တိုင်ထွန်းပါ။ တန်ခိုးကြီးဘုရားစေတီ၏ စနေထောင့်မှနေ၍ နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအတွင်း ဘုရားကိုကပ်လှူပါ။ ဆုတောင်းရန်မှာ တပည့်တော်စနေသား(နာမည်ထည့်) သည် ကျရောက် ဆဲ၊ ကျရောက်လတ္တံ့သော ဘေးရန်မှန်သမျှ၊ အန္တရာယ်မှန်သမျှ၊ ရန်သူမျိုးငါးပါးမှန်သမျှ လျင်မြန်စွာ ကင်းဝေးပပျောက်ကြပါစေ။

လျင်မြန်စွာ နိဂုံးချုပ်ငြိမ်းကြပါစေကုန်သတည်းဟု (၅) ခါဆို၍ ဆုတောင်းပါ။
၎င်းယတြာကို အရေးမကြီးလျှင် အရေးမကြီးသည်ဟု ယူဆလျှင် တစ်ပတ် (၁) ကြိမ် စနေနေ့တိုင်း ပြုလုပ်ပေးရပါမည်။ အရေးကြီးသည်ဟု ထင်ပါက (သို့မဟုတ်) အရေးကြီး လောက်အောင် ဘေးရန် အန္တရာယ်များပြားနေပါက စနေနေ့ (၁) ကြိမ်၊ ကြာသပတေးနေ့ (၁) ကြိမ်၊ အင်္ဂါနေ့ (၁) ကြိမ်၊ တစ်ပတ် (၃) ကြိမ်၊ (၃) ဆင့်ယတြာကို ပြုလုပ်ရပါမည်။ ဤအန္တရာယ်ကင်း ယတြာသည်လည်း ယခင့် ယခင် ပြဆိုထားသည့် အစီအမံအတိုင်း (က) မှ (ဃ) အထိ ပြုလုပ်ရမည်ကို သတိပြုပါလေ။
မှတ်ချက်။

အန္တရာယ်ကင်းယတြာနှင့်ပတ်သက်​ေနသော(သမ္ဗုဒ္ဓေ)ဂါထာတော်

(က)
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စသတ သဟဿာနိ နမာမိ သိရသာမဟံ

(ခ) အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗူတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ။

(ဂ)
နမက္ကာရာ နဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော။

မှတ်ချက်

တန်ခိုးကြီးဘုရားဟု ဆိုရာ၌ လူအများ ကြည်ညို လေးစားကိုးကွယ်သော ဘုရားစေတီနှင့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီမျိုးကို ဆိုလိုသည်။ မိမိနယ်မြေဒေသအလိုက် ဘုရားပွဲတော်ဖြစ်သော ဘုရားစေတီသည်လည်း တန်ခိုးကြီးဘုရားထဲတွင် ပါဝင်ပြီးဖြစ်၏။ ယတြာပြုရာတွင် (တန်ခိုးကြီးဘုရား) တွင် ဆောင်ရွက်ရမည်ဟု ပြထားလျှင် တန်ခိုးကြီးဘုရားတွင်သာ ယတြာပြုရမည်ကို အထူးသတိပြုပါ။ (ဥပမာ)ပြဆိုပါဦးအံ့ . . .
ရန်ကုန်မြို့၊ ဧရိယာအတွင်းမှာနေထိုင်သော ပုဂ္ဂိုလ်များသည် ရွှေတိဂုံစေတီတော်ကြီး အထင်က ရရှိနေပါလျက် မိုးကောင်းဘုရားသည် မိမိအိမ်နှင့် နီးနေသောကြောင့် မိုးကောင်းဘုရားစေတီမှာ ယတြာပြုခြင်းသည် မသင့်တော်၊ မသင့်လျော်ကန်ပါ။ ထို့အတူ ရွှေတိဂုံစေတီတော်ကြီးသည် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာပေါ်မှာပင် တန်ခိုးကြီးသော ဘုရားစေတီမှန်ကန်နေပါလျက် မိမိနှင့်နီးရာ၊ မိမိအိမ်နှင့် နီးရာဖြစ်သော ကျိုက္ကဆံဘုရားစေတီမှာ ယတြာပြုတာမျိုးသည် မသင့်တော်၊ မလျော်ကန်လှပါ။
ထိုနည်းတူစွာ မော်တော်ကားခ အကုန်သက်သာစေရန်အတွက်လည်းကောင်း၊ ရွှေတိဂုံဘုရားက ဝေးလွန်းနေတယ်။ သွားရ၊ လာရတာ မလွယ်ကူဘူးဟူ၍လည်းကောင်း၊ အိမ်မှုကိစ္စကတစ်ဖက်၊ ကလေး ကျောင်းပို့ရတာတစ်ဖက်၊ ကျန်းမာရေးမကောင်းတာကတစ်ဖက် စသည်ဖြင့် အကြောင်းအမျိုးမျိုး၊ ဆင်ခြေ ဆင်လက်အမျိုးမျိုးပြောဆိုပြီး ရွှေတိဂုံဘုရားစေတီကြီးရှိနေပါလျက် ဆူးလေဘုရားမှာ လုပ်မိတာမျိုး၊ ဗိုလ်တထောင်ဘုရားမှာ လုပ်မိတာမျိုး မဖြစ်ပါစေနှင့်။

မန္တလေးလေးမြို့မှာဆိုလျှင် မဟာမြတ်မုနိဘုရား၊ မကွေးမြို့ မှာဆိုလျှင် မြသလွန်စေတီ၊ ပြည်မြို့ မှာဆိုလျှင် ရွှေဆံတော်စေတီ၊ မော်လမြိုင်မြို့မှာဆိုလျှင် ကျိုက်သလံစေတီ စသည် စသည်ဖြင့် သူ့မြို့နှင့်သူ၊ သူ့ဒေသနှင့်သူ တန်ခိုးကြီးဘုရားသည်ရှိစမြဲ သီတင်းသုံးနေစမြဲ ဖြစ်ပါသည်။ တန်ခိုးကြီး ဘုရားစေတီတွင် ယတြာ ပြုလုပ်ရမည်ဟု ညွှန်ပြပါလျှင် မိမိအရပ်၊ မိမိမြို့ဒေသတွင် တန်ခိုးအကြီးဆုံး၊ အထင်ရှားဆုံး ရှေးဟောင်းသမိုင်းဝင် အကျဆုံး၊ အထိကရ အဖြစ်ဆုံးသော စေတီမျိုး၊ ဘုရားမျိုးတို့ကို ရွေးချယ်သတ်မှတ် ၍ ဆောင်ရွက်သင့်သည်ဟု မှတ်ကြပါလေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။